Social Icons

Pages

Wednesday, August 14, 2013

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် ၆ ခုကို အဆင့်မြှင့်တင်မည်


ရန်ကုန် ၊ ၁၄-၈-၂၀၁၃

အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန ၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် ၅၈ ခုအနက် တက္ကသိုလ် ၆ ခုကို အဆင့်မြှင့်တင် ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ကိုကိုဦး ၏ ပြောကြားချက် အရ သိရသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် ၅၈ ခုလုံးကို အဆင့်မြှင့်တင် နိုင်ရန်အတွက် အခက်အခဲများ ရှိကြောင်း ၊ တို့အတွက် အဆင့်မီ တက္ကသိုလ် ဖြစ်စေရေး အတွက် တက္ကသိုလ် ၆ ခုကို ဌာနတစ်ခုချင်း နိုင်ငံတကာ အကူအညီ နှင့် အဆင့်မြှင့် တင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

အဆိုပါ တက္ကသိုလ် ၆ ခုမှာ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ၊ မန္တလေး ကွန်ပျူတာ တက္ကသိုလ် ၊ ရန်ကုန် နည်းပညာ တက္ကသိုလ် ၊ မန္တလေး နည်းပညာ တက္ကသိုလ် ၊ နည်းပညာ တက္ကသိုလ် ( ရတနာပုံ ဆိုက်ဘာစီးတီး ) ၊ လေကြောင်း တက္ကသိုလ် နှင့် အာကာသ ပညာ တက္ကသိုလ် တို့ဖြစ်ကြောင်း သိရသည်။


လက်ရှိ မြန်မာနိုင်ငံ အဆင့်မြင့် ပညာကဏ္ဍတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ အဆင့်မြင့် ပညာ သင်ကြား ပေးလျက် ရှိသော တက္ကသိုလ် နှင့် ကောလိပ် စုစုပေါင်း ၁၆၈ ခု ဖွင့်လှစ်ထားပြီး ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် အတွက် ကျောင်းဝင်ခွင့် ခေါ်ယူရာ၌ အသက်မွေး ၀မ်းကျောင်း တက္ကသိုလ်များ ၊ ၀ိဇ္ဇာနှင့် သိပ္ပံ ဘာသာရပ်များ သင်ကြားသည့် တက္ကသိုလ်များ ၊ ဒီဂရီ ကောလိပ် နှင့် ကောလိပ်အချို့ တို့တွင် ကျောက်လျှောက် ထားရာ၌ တည်ဆဲ နိုင်ငံသား ပြစ်မှုဥပဒေ နှင့် ကိုက်ညီသော နိုင်ငံသား ဖြစ်သည့် အထောက်အထား ပါရှိရန် လိုအပ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...