ရန်ကုန် ၊ ၂၇-၈-၂၀၁၃
MBS ( Myanmar Blogger Society
) မှ သြဂုတ်လ ၃၁ ရက်တွင် ကျရောက်မည့်
World Bloggers Day နေ့တွင် နှစ်စဉ် ကျင်းပ ပြုလုပ်သည့် အစဉ်အလာ အတိုင်း MBS ၇ နှစ်မြောက်
အထိမ်းအမှတ်အဖြစ် “Myanmar Bloggers Forum” အား ယင်းနေ့တွင် အခန်း 205, MICT Park တွင်
မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖိုရမ်တွင် မြန်မာ့ နိုင်ငံရေး
နှင့် နည်းပညာ ဖြစ်စဉ်အတွင်း မြန်မာ ဘလောက်ဂါများ၏ လှုပ်ရှားမှုများ ၊ လူမှုရေး ၊ ပညာရေး
နှင့် နည်းပညာ ကဏ္ဍ ၊ စာပေ နှင့် အနုပညာကဏ္ဍ များအတွက် ကြိုးပမ်း ဆောင်ရွက်မှု များအား ဖတ်ကြား
ကြမည်ဖြစ်ပြီး အနာဂတ် လူ့အဖွဲ့အစည်း အတွက် သတင်း အချက်အလက် နည်းပညာ ၊ မီဒီယာ ၊ ပညာရေးဆိုင်ရာ
ဖြစ်ပေါ် တိုးတက် ပြောင်းလဲမှု များအား စဉ်ဆက်မပျက် တိုးတက် လာစေရေး ၊ နည်းပညာအား
tool အဖြစ် အကျိုးရှိရှိ အသုံးပြုနိုင်ရေး ၊ network ပိုမို ကျယ်ပြန့်စွာဖြင့် မိမိတို့၏
လူမှုရေး စီးပွားရေး ကဏ္ဍများ အတွက် အခွင့်အလမ်းများ ပိုမိုရရှိစေရေး စသည့် ကောင်းမြတ်သည့်
ရည်ရွယ်ချက် များဖြင့် ဆွေးနွေး ဖလှယ်ကြမည် ဖြစ်သည်။
ဘလော့ဂ် ရေးသားသူတိုင်း သည်
Blogger များအဖြစ် သတ်မှတ်နိုင် ကြပါသည်။ ယနေ့မြန်မာ့နိုင်ငံရေး ၊ နည်းပညာ ၊ စာပေ နှင့်
အနုပညာ ကဏ္ဍများအား internet ဖြင့် ထိထိရောက်ရောက် ချိတ်ဆက်နိုင်ရန် အတွက် Blog
platform များသည် ကောင်းမွန်စွာ ထောက်ပံ့ နိုင်ခဲ့ပါသည်။ မြန်မာ ဘလောက်ဂါ များသည် တိုင်းရင်းသား
လူထု အကျိုးပြု စေသည့် ပညာရေးကဏ္ဍ ၊ လူမှုရေး ကဏ္ဍများ အတွက် အားသွန်ခွန်စိုက် ကြိုးပမ်း
ဆောင်ရွက်ခဲ့ ကြသည်မှာ ယနေ့ နည်းပညာ အပြောင်းအလဲ များတွင်လည်း ဆက်လက် လှုပ်ရှား ဆောင်ရွက်
နေခြင်းများက သက်သေခံလျက် ရှိပါသည်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို နိုင်ခြင်း၏ အနှစ်သာရ
၊ ကမ္ဘာ့ အဖိနှိပ်ခံ လူထု၏ ပုံရိပ်များအား ဖွင့်ဆိုလျက် အမေ့လျော့ခံ ဘလောက်ဂါ များအတွက်
World blogday ကိုနှစ်စဉ် ကျင်းပ ပြုလုပ်ခြင်းလည်း ဖြစ်သည်။
ဘလော့ဂ် ရေးသားသူများ၊ ဘလော့ဂ် အကြောင်း
စိတ်ဝင်စားသူများ ၊ ဘလော့ဂ် ရေးရန် စတင်စဉ်းစား သူများ ၊ နည်းပညာကို စိတ်ဝင်စားသူများ
မည်သူမဆို အခမဲ့ တက်ရောက် နိုင်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက် များ သိရှိလိုပါက
ကိုဇော်ဇော်မျိုးလွင် ၊ ဖုန်း-0943042646 သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။
The Myawady Daily
https://www.facebook.com/myanmarbloggerssociety


No comments:
Post a Comment