Social Icons

Pages

Tuesday, August 27, 2013

ပျူမြို့ဟောင်းသုံးခုကို ယူနက်စကိုမှ စက်တင်ဘာလတွင် လာရောက်စစ်ဆေးမည်


ရန်ကုန် ၊ ၂၇-၈-၂၀၁၃

ပျူမြို့ဟောင်း သုံးခုဖြစ်သော ဟန်လင်း ၊ ဗိဿနိုး နှင့် သရေခေတ္တရာ မြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်နိုင်ရန် အတွက် ယူနက်စကို အဖွဲ့မှ စက်တင်ဘာလ တွင် လာရောက် စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရုံးအဖွဲ့မှူးက ပြောကြား ခဲ့ကြောင်း သိရသည်။

ရှေးဟောင်း ပျူလူမျိုးများ အခြေချ နေထိုင်ခဲ့သော အဆိုပါ ဒေသများကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် သတ်မှတ်နိုင်ရန် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ယဉ်ကျေးမှု ၀န်ကြီးဌာန အနေဖြင့် ယင်းမြို့ဟောင်း များနှင့် သက်ဆိုင်သော အထောက်အထား များကို ယူနက်စကို အဖွဲ့သို့ တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။

ထိုဒေသများသို့ ယူနက်စကို အဖွဲ့ လာရောက် စစ်ဆေးမှုများ မပြုလုပ်မီ အဆိုပါ ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်စေရန် အဓိက ဆောင်ရွက် နေသော ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်က ယဉ်ကျေးမှု အမွေအနှစ်များ မပျက်ဆီးစေရန် လာရောက် စစ်ဆေးပါက အသင့် အနေအထား ဖြစ်စေရန် သွားရောက် စစ်ဆေးမှုများ ပြုလုပ် နေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသို့ နှစ်စဉ် ခရီးသွား လာရောက်မှုတွင် ရှေးဟောင်း မြို့တော်များသို့ သွားရောက် လေ့လာသော ခရီးသွားများ ပိုမို လာကြောင်း ပြည်ဒေသရှိ သရေခေတ္တရာ မြို့ဟောင်း အနီးနေထိုင်သူ များနှင့် တောင်တွင်းကြီး ဒေသနေထိုင်သူ များထံမှ သိရသည်။ ပြည်တွင်း ခရီးသွားလာမှု မြင့်တက် လာစေရန် ယဉ်ကျေးမှု ခရီးသွား လုပ်ငန်းကို မြှင့်တင်နေပြီး ထိုဒေသများကို ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် သတ်မှတ်ခြင်း ခံရပါက မြန်မာနိုင်ငံ သည်
ယဉ်ကျေးမှု ခရီးသွား လုပ်ငန်းကို ယခုထက် ပိုမိုမြှင့်တင် နိုင်မည် ဖြစ်ကြောင်း သိရသည်။


ကမ္ဘာ့ခရီးသွား လုပ်ငန်းတွင် မန္တလေး မြို့သည်လည်း ကမ္ဘာ့ ဆက်ဆံရေး အကောင်းဆုံးမြို့ ၂ဝ အတွင်း ပါရှိလာပြီး နိုင်ငံတကာ ခရီးသွားများ ယခုနှစ် ခရီးသွား ရာသီတွင် ၄ဝ ရာခိုင်နှုန်းခန့် တိုးတက် လာမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...