ရန်ကုန် ၊ ၂၅-၈-၂၀၁၃
မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ
အသင်းမှ ထုတ်ပြန် ထားသော အသိပေးချက် များအား လိုက်နာခြင်း မရှိပါက မြန်မာ့ ကျောက်မျက်
ရတနာဥပဒေ ၊ နည်းဥပဒေများ ဖြင့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ
ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း
သိရသည်။
ကျောက်မျက် ရတနာဆိုင်များ အတွင်း ကျောက်မျက်
ရတနာ အတုများ ၊ ချက်ကျောက်များ ၊ ဓာတ်ရောင်ခြည် ဖြင့် ပြုပြင်ထားသော ကျောက်များ ၊ ဆေးဆိုးပြုပြင်
ထားသော ကျောက်များ ၄င်းကျောက်များဖြင့် ပြုလုပ်ထားသော ရတနာ ပစ္စည်းများ အပြင် ကျောက်စီ
၊ ကျောက်ကပ် ပန်းချီကား တွင်လည်း သဘာဝ တွင်းထွက် ကျောက်များသာ အသုံးပြု ရမည် ဖြစ်ကြောင်း
၊ အထူးသဖြင့် နေပြည်တော်ရှိ မြန်မာ့ ကျောက်မျက် ရတနာပြတိုက် ၊ ရတနာဈေးရှိ ကျောက်မျက်
ရတနာ ဆိုင်များအား တားမြစ်ချက် ထုတ်ထားကြောင်း သိရသည်။
'' နိုင်ငံခြားက လေ့လာသူတွေ ၊ ဝယ်ယူသူတွေ
မြန်မာ့ ကျောက်မျက် ရတနာ တွေကို အထင်အမြင် လွဲမှားစေနိုင်တာ ကြောင့် ဒီလို လုပ်ဆောင်
ရခြင်း ဖြစ်ပါတယ် ၊ ဈေးကွက် စီးပွားရေး စနစ်ပီပြင် လာချိန်မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ
အရောင်းအဝယ် ကိစ္စတွေမှာ အမြင်လွဲမှားမှု မရှိစေရေးက လုပ်ကိုင် နေသူတွေ ပေါ်မှာ မူတည်
နေပါတယ် ... '' ဟု ၄င်းက ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ ကျောက်စီ ၊ ကျောက်ကပ်
ပန်းချီကားများ ရောင်းချနေမှုတွင် အပူပေး ကျောက်များ ပါဝင်မှုရှိ နေကြောင်း ၊ ယင်းပန်းချီကားများ
ရောင်းချမည် ဆိုပါက ဝယ်သူအား အသိပေး ရောင်းချခြင်းမျိုး လုပ်ဆောင် ရမည် ဖြစ်ကြောင်း
၊ မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်မျက် ရတနာ အချောထည်များ ကို နိုင်ငံခြား ဧည့်သည်များ
ယုံကြည်စွာ ဝယ်ယူ နိုင်စေရေး အတွက် ဖြစ်ကြောင်း သိရသည်။
၂၀၁၂ - ၂၀၁၃ ခုနှစ် အတွင်း ကျောက်စိမ်း
အပါအ၀င် သတ္ထုနှင့် ကျောက်မျက် ရတနာ တင်ပို့မှု ပမာဏသည် အမေရိကန် ဒေါ်လာ သန်း ၄၄၉ ကျော်ရှိကြောင်း
သိရသည်။
No comments:
Post a Comment