ရန်ကုန် ၊ ၂၄-၇-၂၀၁၃
မြန်မာနိုင်ငံ တွင် စီးပွားရေး အရ အချက်အချာ
ကျသော အဓိက မြို့တော်အဖြစ် ရပ်တည်နေသော ရန်ကုန်မြို့ သို့ တောင်ပေါ် မြေပြန့် အနယ်နယ်
အရပ်ရပ် မှ စီးပွားရေး လုပ်ငန်းရှင်များ ပြောင်းရွှေ့ နေရာချ လုပ်ကိုင် လာကြသဖြင့် အိမ်ခြံမြေ
တိုက်တာ ဈေးနှုန်းများ ခိုင်မာနေဆဲ ဖြစ်ကာ အရောင်းအ၀ယ်များ ဖြစ်နေသော်လည်း ဈေးအမြင့်ပိုင်း
တွင် ရှိနေသော ကွန်ဒိုမီနီယံ တိုက်မြင့်များသည် အရောင်းအ၀ယ် များ ဆက်လက် ဆေးနေဆဲ ဖြစ်သည်ကို
တွေ့ရသည်။
အဆိုပါ ကွန်ဒိုမီနီယံ များသည် ၂၀၁၃
ခုနှစ် နောက်ပိုင်းတွင် အရောင်းအ၀ယ် များ ဆက်လက် နည်းပါး နေနိုင်သေးကြောင်း ရန်ကုန်မြို့
ရှိ " ရွှေမြင်းမိုရ် " အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြား ခဲ့သည်။
" ရန်ကုန်မှာက ပြီးခဲ့တဲ့ ၂ နှစ်
၃ နှစ်တုန်း ကလောက် အိမ်ခြံမြေ ဈေးနှုန်းတွေ ထိုးတက်ပြီး အရောင်းအ၀ယ် မကောင်းတော့ ပေမယ့်
ပုံမှန် ရောင်းဝယ် နေကြတာတွေ ကတော့ ရှိနေသေးတာပဲ ၊ နယ်ဘက်က လုပ်ငန်းရှင် တွေက ရန်ကုန်
တက်လာပြီး ပြောင်းရွှေ့ စီးပွား ရှာလာကြတော့ ဆင်ခြေဖုံး ပိုင်းတွေမှာရော မြို့လယ်ပိုင်း
တွေမှာပါ အိမ် အရောင်းအ၀ယ် တွေနဲ့ တိုက်ခန်း အရောင်းအ၀ယ် တွေကတော့ ခိုင်နေ သေးတာပဲ
၊ အရောင်းအေး တာက ဈေးအမြင့်ပိုင်း ကွန်ဒိုမီနီယံ ကြီးတွေပဲ ၊ ဟိုတုန်း ကလည်း အရောင်းအ၀ယ်
အေးတယ် ၊ အခုလည်း အရောင်းအ၀ယ် နည်း နေသေးတယ် ၊ ဆောက်ပြီးတော့ ဟောင်းလောင်းကြီး ဖြစ်နေတာတွေ့
တစ်ပုံကြီးပဲ ၊ နောက်ပိုင်းလည်း သိပ်စွံမှာ မဟုတ်သေး ဘူး .... " ဟု ၄င်းက ပြောကြား
ခဲ့သည်။
ယင်းကဲ့သို့ ဈေးအမြင့်ပိုင်း ရှိ ကွန်ဒိုမီနီယံ
တိုက်မြင့်ကြီးများ အရောင်းအ၀ယ် အေးရခြင်း အကြောင်းရင်း နှင့် ပတ်သက်၍ ၄င်းက ဆက်လက်
ပြောကြား ရာတွင် " လမ်းတွေ ကောင်းလာတာ ၊ ဘေလီတံတား လိုမျိုး နောက်ထပ် တံတားအသစ်
ထပ်ထိုးပြီး မြို့လယ်ပိုင်း နဲ့ ဆင်ဖြေဖုံးပိုင်း ကူးသန်း သွားလာရ လွယ်ကူလာတာ တွေကြောင့်လည်း
ပိုက်ဆံရှိတဲ့ လူတွေက မြောက်ဒဂုံလို နေရာမျိုး တွေမှာ ဖြစ်ဖြစ် ကိုယ်ပိုင်ခြံလေး ၊
ကိုယ်ပိုင် အိမ်လေးနဲ့ Privacy အပြည့် ရှိတယ်ဆိုပြီး နေဖို့ စဉ်းစား လာကြတော့တယ် ၊
ကွန်ဒိုကြီး တွေမှာ ဈေးကြီး ပေးပြီး နေဖို့ မစဉ်းစား ကြတော့ဘူး ၊ နောက်ပိုင်း ရန်ကုန်မြို့
မှ ခုံးကျော်တံတား တွေဆောက်ပြီး လို့ ယာဉ်သွား ယာဉ်လာတွေ ပိုပြီး မြန်မြန်ဆန်ဆန် သွားလာနိုင်ရန်
အဲဒီလို အတွေးအခေါ် မျိုးတွေက ပိုခိုင်လာကြမှာ ၊ နိုင်ငံခြား တွေမှာလည်း ဒီလိုပါပဲ ၊
ပိုက်ဆံ ချမ်းသာတဲ့ သူတွေက မြို့ပြင်တွေမှာ ကိုယ်ပိုင်ခြံ တွေနဲ့ အေးအေးလူလူ နေတတ်
ကြတယ် .... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။


No comments:
Post a Comment