Social Icons

Pages

Thursday, August 1, 2013

အခြေခံငါးမွေးမြူရေး လုပ်ငန်းများ ထုတ်လုပ်မှု လျော့နည်းလာသည့် အတွက် ငါးဈေးနှုန်းမြင့်တက်နေ


ရန်ကုန် ၊ ၁-၈-၂၀၁၃

ပြည်တွင်း ငါးဈေးကွက် အတွင်း ငါးဈေးနှုန်းများ မြင့်တက် လာရခြင်းမှာ အခြေခံ ငါးမွေးမြူရေး လုပ်ငန်းများ သည် ငါးများ ဆက်လက် မွေးမြူရန် အခက်အခဲများ ဖြစ်နေပြီး ထုတ်လုပ်မှု လျော့နည်း လာသောကြောင့် ငါးဈေးနှုန်းများ မြင့်တက် လာရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် မှ သိရသည်။

" လက်ရှိ ငါးနဲ့ ပုစွန်ဈေးနှုန်း တွေက အတော်လေးကို မြင့်မားတဲ့ အခြေအနေ မှာ ရှိနေပါတယ် ၊ အခြေခံ ငါးမွေးမြူရေး လုပ်ငန်းတွေက ထုတ်လုပ်မှု အပိုင်းမှာ သိသိသာသာ ကျဆင်း လာတဲ့ အတွက်ကြောင့် ပါ ၊ ပြီးတော့ ပင်လယ်ငါး တွေကို ပို့ကုန် အနေနဲ့ အဓိက တင်ပို့တယ် ၊ ဒီလို သဘာဝ အလျှောက် လျော့ကျတာကို မွေးမြူရေးငါး က ထိန်းခဲ့ရာကနေ ၂၀၁၃ ခုနှစ်က စပြီး ငါးဈေး မြင့်တက် လာတာပါ .... " ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောကြားခဲ့သည်။

ယခုနှစ် အစောပိုင်းမှ စ၍ ငါးဈေးနှုန်းများ မြင့်တက်လျက် ရှိပြီး ဈေးကွက် အတွင်းသို့ အဓိက ရောက်ရှိသည့် သဘာဝ ငါးဖမ်းခြင်း နှင့် မွေးမြူရေး လုပ်ငန်းများ တွင် သဘာဝငါး ဖမ်းခြင်း လုပ်ငန်းသည် ၂၀၀၈ ခုနှစ် နောက်ပိုင်းမှ စ၍ ကျဆင်း လာလျက်ရှိရာ မွေးမြူရေး လုပ်ငန်းကိုသာ အဓိက အားထားခဲ့ ရကြောင်း သိရသည်။

အဆိုပါ မွေးမြူရေးငါး လုပ်ငန်းများမှာ လည်း ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် သဘာဝ ဘေးအန္တရာယ် များနှင့် အရင်းအနှီး လိုအပ်ချက် များကြောင့် လုပ်ငန်း အရှုံးပေါ်မှု များနှင့် ကြုံတွေ့ လာရပြီး အခြေခံ မွေးမြူသူများ ထဲမှ လုပ်ငန်းရှင် တချို့သာ ပြန်လည် မွေးမြူ နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...