Social Icons

Pages

Thursday, May 16, 2013

နော်ဝေအစိုးရ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော Telenor ကုမ္ပဏီက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် တောင်းဆို



ရန်ကုန် ၊ ၁၆-၅-၂၀၁၃

နော်ဝေ အစိုးရက ရှယ်ယာ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော Telenor ကုမ္ပဏီ က မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတွင် ရင်းနှီး မြှုပ်နှံ လိုကြောင်း အဆိုပါ ကုမ္ပဏီ မှ ဒါရိုက်တာ က ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ် တွင် မေလ ၁၅ ရက်က စာနယ်ဇင်း ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ကဏ္ဍ တိုးတက်ပြီး အင်တာနက် လိုင်းများ ကောင်းလာ ပါက မြန်မာ့ စီးပွားရေး တိုးတက် လာပြီး အလုပ်အကိုင် အခွင့်အလမ်း များ ရရှိကာ ပြည်သူများ နွမ်းပါးမှု လျော့နည်း လာနိုင်ကြောင်း အဆိုပါ စာနယ်ဇင်း ရှင်းလင်းပွဲ တွင် ထည့်သွင်း ပြောကြား ခဲ့သည်။ ဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံခွင့် ပြုမည် ဆိုပါက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်း လုပ်ကိုင် လိုကြောင်း သိရသည်။ အဆိုပါ Telenor ဆက်သွယ်ရေး ကုမ္ပဏီသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ၁၉၉၇ - ၁၉၉၈ ခုနှစ်မှ စတင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ် ခဲ့ကြောင်း သိရသည်။ ဈေးကွက် လိုအပ်ချက် အပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံမှု လိုကြောင်း ၊ အဆိုပါ ကုမ္ပဏီ သည် ရာစုနှစ် တစ်ခုကျော် လုပ်ကိုင် ခဲ့သော ကုမ္ပဏီဖြစ်ပြီး ရင်းနှီး မတည်ငွေ လုံလောက်၍ ယခုဇွန်လ ၃ ရက်တွင် ကြိုးစား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ တယ်လီဖုန်း ဈေးကွက်တွင် နှစ်ပေါင်းများစွာ အခြေခံ အဆောက်အအုံ နှင့် စက်ပစ္စည်းများ လိုအပ်နေ သောကြောင့် ဖုန်းအလုံးရေ ကို အကန့်အသတ် နှင့် ထုတ်ပေး နေရပြီး ပထမဆုံး ဆယ်လူလာ ၊ ဂျီအက်စ်အမ် ၊ စီဒီအမ်အေ ၊ ဒဗလျူစီဒီအမ်အေ စသော ဖုန်းလိုင်းများကို ချထား ပေးခဲ့သည်။ မိုဘိုင်းလ် ဈေးကွက်တွင် ပထမဆုံး ထုတ်ပေးသော ဆယ်လူလာ ဖုန်းမှာ ပြင်ပပေါက်ဈေး ၄၅ သိန်း ကျော်ရှိခဲ့ပြီး ဂျီအက်စ်အမ် မှာ ၅ အက္ခရာဖြင့် စသော မိုဘိုင်းလ်ဖုန်း များမှာ ကျပ် ၂၅ သိန်း ၀န်းကျင် ပေါက်ဈေး ရှိခဲ့သည်။ ထိုနောက်ပိုင်းတွင် အစိုးရသစ် ၏ ပြုပြင် ပြောင်းလဲမှုများ ကြောင့် မိုဘိုင်းလ်ဖုန်း တစ်လုံးကို ကျပ် ၅ သိန်း မှ ကျပ် ၂ သိန်း အထိ ကျဆင်း ခဲ့ပြီး ယခုအချိန်တွင် မိုဘိုင်းလ် ဆင်းကတ် တစ်ခုကို ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချ ပေးလျက် ရှိနေကြောင်း သတင်း အချက်အလက် များအရ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...