Social Icons

Pages

Thursday, May 16, 2013

ဆေးဝါးသုံးစွဲသူများ သတိပြုရမည့် အချက်များ




ကျွန်ုပ်တို့ ကျန်းမာရေး မကောင်းလို့ ဆေးရုံ ၊ ဆေးခန်း သွားရောက် ပြသပြိး တဲ့နောက် ဆရာဝန် ညွှန်ကြားချက် နဲ့ သောက်ရမယ့် ဆေးတွေ ညွှန်ကြားပြီး ပေးလိုက်တာ ရှိပါတယ်။ အဲဒီလို ပေးလိုက် ပြီးသည့်နောက် ကိုယ့်အိမ်မှာပဲ ကိုယ် ၃ ရက် ၅ ရက် သတ်မှတ်ချိန် အလိုက် ဆေးသောက် ရတာ များပါတယ်။ ဒီလို ဆေးဝါးတွေ သောက်သုံးရာမှာ သတိပြု ရမယ့် အချက်များ အနေနဲ့ ဆရာဝန် ညွှန်ကြား ထားတဲ့ ဆေးကို သတ်မှတ်ချိန် အတိုင်း သောက်ရင်တောင် တချို့ သူတွေ များသော အားဖြင့် အမျိုးသား များနှင့် သက်ကြီး ရွယ်အိုတွေက ဆေးကို ရေနဲ့ မသောက်ဘဲ တံတွေးနဲ့ မျိုချ တတ်ပါတယ်။ အဲဒီလို သောက်တဲ့အတွက် လည်ချောင်း ထဲမှာ ရှိသင့်တဲ့ အချိန်ထက် ပိုရှိနေတဲ့ ဆေးကြောင့် ဆေးမှာ ပါဝင်တဲ့ အက်ဆစ်တွေကြောင့် လည်ချောင်းကို ထိခိုက် စေတာမျိုး ဖြစ်နိုင် ပါတယ်။ တချို့ မိဘ အုပ်ထိန်းသူ များမှလည်း သားသမီးများ နေမကောင်းရင် စေတနာနဲ့ ဆေးကို နွားနို့ ၊ ကော်ဖီ ၊ လိမ္မော်ရည် တစ်မျိုးမျိုး နဲ့ တိုက်ကျွေး တတ်ကြ ပါတယ်။ စေတနာ နဲ့ တိုက်ကြ ပေမယ့် မှားယွင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောနိုင် ပါတယ်။ ဘာလို့လဲ ဆိုတော့ နွားနို့သည် အချို့သော ဆေးဝါး များနှင့် ဓာတ်ပြု နိုင်သည့် အတွက် ဆေးကို ခန္ဓာကိုယ်က ထိရောက်စွာ စုပ်ယူနိုင်မှု အားနည်း သွားတတ် ပါတယ်။ လိမ္မော်ရည် လို အရည်မျိုး ကလည်း ဆေးမှာ ပါတဲ့ အင်ဇိုင်းဓာတ် တွေကို အနှောင့်အယှက် ဖြစ်စေ နိုင်တဲ့ အပြင် ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ် ဟာ သွေးလည်ပတ် မှုကို လှုံ့ဆောင် နိုင်သော သတ္တိ ရှိတဲ့ အတွက် ဆေးနဲ့ ကော်ဖီ တွဲသောက်ပါက သွေးအတွင်း ဆေးပါဝင်မှု ပမာဏ မြင့်မားသွား စေနိုင် ပါတယ်။ ဒါ့အပြင် ဆေးကို ရေနွေး ၊ ရေအေး တစ်မျိုးမျိုး မှ လွဲပြီး ဘာအရည်နှင့်မှ တွဲပြီး မတိုက်ကျွေးတာ အကောင်းဆုံး ဖြစ်ပါတယ်။

အိမ်သုံး ဆေးဝါး တွေကို ဆေးရုံ ၊ ဆေးခန်း တွေက နားလည် တတ်ကျွမ်းတဲ့ ဆရာဝန် နဲ့ မပြသဘဲ ခေါင်းကိုင် ၊ ဇက်ကြောတက် တာလောက်ကို အလွယ်တကူ ၀ယ်သောက်လို့ ရတဲ့ အကိုက်အခဲ ပျောက်ဆေး ၊ ပါရာစီ တမောလို ဆေးမျိုး တွေကို နေ့စဉ် ၂ ပြား ၊ ၃ ပြား လောက်ကိုပဲ နေ့တိုင်း ရက်သတ္တပတ် နဲ့ ချီသောက်မိရင် တောင် အသည်း ပျက်စီး နိုင်ကြောင်း ဆေးပညာ ဆောင်းပါး တွေမှာ ဖော်ပြထားတာ တွေ့နိုင် ပါတယ်။ အိမ်သုံး ပဋိဇီဝဆေး တွေဟာ ဗက်တီးရီးယား တွေကိုသာ နှိမ်နင်းရန် အသုံးပြုတာ ဖြစ်ပြီး အအေးမိခြင်း ၊ တုပ်ကွေး ဖြစ်ခြင်း ကဲ့သို့ ဗိုင်းရပ်စ် ပိုးမွှားကြောင့် ဖြစ်သော ရောဂါတွေကို မနှိမ်နင်း နိုင်ကြောင်း ကို သေချာစွာ သိရှိခြင်း မရှိတဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ ဆေးရောင်းဝယ် တဲ့ ဆိုင်က တစ်ခွက်စာ စပ်ပေးတဲ့ ဆေးကို သောက်တတ်တဲ့ အကျင့် ဟာလည်း အနာနဲ့ ဆေးတစ်လွဲ ဖြစ်တတ် တာကြောင့် ရောဂါ မပျောက် တဲ့အပြင် လွဲသောက် မိတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက် ဆိုးကျိုး အဖြစ် ၀မ်းပျက်တာ ၊ အဖုအပိန့် တွေထွက်လာ တာမျိုး ကြုံတွေ့ ရနိုင်ပါတယ်။

ကျေးလက်နေ ပြည်သူတွေ အနေနဲ့ ခေါင်းကိုက် ၊ အကြောတက် ၊ ကိုယ်လက် နာရင် အလွယ်တကူ အကိုက်အခဲ ပျောက် လိမ်းဆွေး တွေကို ဇက် ၊ လည်ပင်း ၊ နားထင် နဲ့ ကိုယ်လက် တွေမှာ လိမ်းကျံ နှိပ်နယ် တတ်ပတယ်။ အဲလို လိမ်းရာမှာ လိမ်းဆေးကို ဆေးဝါး အဖြစ် သဘော မပေါက်တဲ့ အတွက် တချို့ အကိုက်အခဲ ပျောက်ဆေးတွေ သုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင် ပြသပြီးမှ လိမ်းသင့် ပါတယ်။ လိမ်းရမယ့် ပမာဏထက် များစွာ ပိုပြီး လိမ်းမိရင် အရေပြား လောင်ရာကနေ အသက် အန္တရာယ် ပေးနိုင်တဲ့ အထိ အန္တရာယ် ရှိတယ် ဆိုတာ ပြည်သူ လူထုတွေ သိအောင် ကျန်းမာရေး အသိ မြှင့်တင် ပေးမှုတွေ ဆောင်ရွက် ရပါတယ်။ ဒါ့အပြင် ကျေးလက်နေ ပြည်သူတွေရဲ့ ကျန်းမာရေး အသိထဲမှာ အဓိက လိုအပ် နေတာ တစ်ခုကတော့ ဆေးဝါးများတွင် ရက်လွန် သတ်မှတ်ချက် ရှိပြီး ရက်လွန်ဆေး တွေကို မသုံးစွဲ သင့်ဘူး ဆိုတာကို သတိ မထားမိကြ တာပဲ ဖြစ်ပါတယ်။ မျက်စဉ်းဆေး လိုဟာမျိုးကို ဖွင့်ဖောက်ခတ်ပြီး ရင် နောက်တစ်လကျော် နှစ်လ နေမှ မသုံးသင့် တော့ပါဘူး။ တစ်လကျော် မသုံးဘဲ ဖွင့်ထားတဲ့ မျက်စဉ်းဆေး ဟာ အာနိသင် ပြယ်နေနိုင် သလို အခြား ဗက်တီးရီးယား တွေလည်း ၀င်နေနိုင် ပါတယ်။

အင်ဆူလင် လို ဆေးဝါးမျိုး ဟာလည်း ဆေးရဲ့ သက်တမ်း ကုန်သွားရင် ဆေးရဲ့ အာနိသင် လျော့နည်း သွားတဲ့အပြင် အန္တရာယ် ရှိနိုင်တဲ့ အတွက် ယခင် ၀ယ်ပြီး သုံးလို့ မကုန်တဲ့ ဆေးတွေကို စနစ်တကျ ဘူးထဲ ထည့်ပြီး နေရောင် တိုက်ရိုက် မထိတွေ့တဲ့ နေရာမှာ သိမ်းဆည်း ထားတာတောင် ရောဂါ ပြန်ထ ရင်တောင် အသုံးစွဲ သင့်ပါကြောင်း သတိပေး ရေးသားလိုက် ပါတယ်။

ရဲထွဋ် ( စိတ်ပညာ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...