Social Icons

Pages

Wednesday, May 15, 2013

သီရိလင်္ကာနိုင်ငံတွင် မဟာစင် ဆိုင်ကလုန်း မုန်တိုင်း ၀င်ရောက် ၇ ဦးသေ ၊ ၁၆၀၀ ကျော် မုန်တိုင်းဒဏ်ခံစားရ



ကိုလံဘို ၊ ၁၄-၅-၂၀၁၃

ဘင်္ဂလား ပင်လယ်အော် တွင် ဖြစ်ပေါ် နေသော မုန်တိုင်းကြောင့် သီရိလင်္ကာ နိုင်ငံတွင် မေလ ၁၄ ရက်က မိုးသည်းထန် စွာ ရွာသန်းမှု ဖြစ်ပွား ခဲ့ရာ ၇ ဦး သေဆုံးပြီး ၊ ပြည်သူ ၁၆၀၀ ကျော် မုန်တိုင်းဒဏ် ခံစား ခဲ့ရကြောင်း အာဏာပိုင် အဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြား ခဲ့သည်။ မဟာစင် အမည်ရှိ အဆိုပါ မုန်တိုင်း ကြောင့် ရေးကြီးမှုများ ဖြစ်ပွား ခဲ့ပြီး သစ်ပင်များ ပြိုလဲခဲ့သည့် အပြင် အရှေ့ဘက် နှင့် တောင်ဘက်ပိုင်း ပင်လယ် ကမ်းခြေတွင် ငါးဖမ်း သမားများ သောင်တင်လျက် ရှိသည်ဟု သိရသည်။

သီရိလင်္ကာ နိုင်ငံအတွင်း မေလ ၁၃ ရက်က မုန်တိုင်းကြောင့် ရေကြီးမှု ဖြစ်ပွားခဲ့ရာ ၇ ဦး သေဆုံးပြီး အခြား ၈ ဦး ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူ ၁၆၁၈ ဦးသည် ရေကြီးမှု ဒဏ်ကို ခံစားရလျက် ရှိကြောင်း သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာန ( DMC ) မှ ထုတ်ပြန်သော မှတ်တမ်းများ အရ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...