Social Icons

Pages

Wednesday, May 15, 2013

နယ်စပ်မှ တစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ပုစွန်ဖြူများ တင်သွင်းလာ



ရန်ကုန် ၊ ၁၅-၅-၂၀၁၃


ပြည်တွင်း ဈေးကွက် ဖြစ်သော ဗဟို စံပြ ငါးဈေးကြီးတွင် ထိုင်းနိုင်ငံ မှ ရေငန် ပုစွန်ဖြူများ တရားမ၀င် တင်သွင်းကာ ဈေးပေါပေါ နှင့် ရောင်းချလျက် ရှိသောကြောင့် ပြည်တွင်း ပုစွန် မွေးမြူရေး လုပ်ငန်းရှင် များ အနေဖြင့် များစွာ ဆုံးရှုံးလျက် ရှိပြီး မြ၀တီ နယ်စပ်မှ တရားမ၀င် တင်သွင်း လာသော ရေငန် ပုစွန်ဖြူ များကို ပြည်တွင်း ဈေးကွက်တွင် ရောင်းချ နေခြင်းအား အရေးယူ ပေးပါရန် မွေးမြူရေး နှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီးထံသို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် မှ တင်ပြခဲ့ကြောင်း သိရသည်။

လက်ရှိ အခြေအနေတွင် ထိုင်းနိုင်ငံမှ ပုစွန်ဖြူ များကို မြ၀တီမြို့မှ တစ်ဆင့် ပြည်တွင်း ဈေးကွက်သို့ တရားမ၀င် ဆက်လက် တင်သွင်း ရောင်းချ နေသည်ကို တွေ့ရှိ ရကြောင်း ၊ မိမိတို့ နိုင်ငံမှ ပုစွန်ကျားများ ထိုင်းနိုင်ငံသို့ တရားဝင် ရောင်းချ ခဲ့စဉ်က မဲဆောက် မြို့တွင် ၃ ရက်တိတိ ယာယီ ထိန်းသိမ်း ထားပြီး ရောဂါ ပါဝင်မှု ရှိ - မရှိ ကန့်သတ် ဆေးဝါးများ ပါဝင်ခြင်း ရှိ - မရှိ စစ်ဆေးပြီးမှ ထိုင်းနိုင်ငံ အတွင်းသို့ ရောင်းချခွင့် ပြုခဲ့ကြောင်း ၊ ပြည်တွင်း ဈေးကွက်သို့ တရားမ၀င် တင်သွင်း လာသော ပုစွန်ဖြူ များတွင် မွေးမြူရေး ကို ထိခိုက် စေနိုင်သည့် ရောဂါပိုး များ ပါဝင်နိုင် သည့်အပြင် ကန့်သတ် ဆေးဝါး များလည်း ပါဝင် နိုင်ကြောင်း ၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန မှ ခွင့်ပြု စာရင်းတွင်လည်း ပါဝင်ခြင်း မရှိကြောင်း ၊ ရောဂါပိုးများ ပါရှိသော ပုစွန် များကြောင့် ပြည်တွင်း သဘာဝ နှင့် သိပ္ပံ နည်းကျ မွေးမြူရေး လုပ်ငန်းများကို ဆိုးရွားစွာ ပျက်စီး စေနိုင်ပြီး ဥပါဒ် ဖြစ်စေသော ဓာတုဆေးဝါး များ ပါဝင်ပါက စားသုံးသူ ပြည်သူများ၏ ကျန်းမာရေး ကို ရေတို ရေရှည် ထိခိုက်စေနိုင် ကြောင်း ၊ နယ်စပ် ကုန်သွယ်ရေး မူဝါဒအရ တင်သွင်းခွင့် မရှိသော ပုစွန်ဖြူ တင်သွင်း ခြင်းကို တားဆီး ပိတ်ပင် ရေးအတွက် ကူညီ ဆောင်ရွက် ပေးရန် မြန်မာနိုင်ငံ ပုစွန် လုပ်ငန်းရှင်များ အသင်းမှ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်သို့ တင်ပြ ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...