Social Icons

Pages

Saturday, May 18, 2013

တရားမ၀င် ဧည့်လမ်းညွှန်များကြောင့် ယဉ်ကျေးမှု နှင့် ဂုဏ်သိက္ခာ ထိခိုက်နိုင်




မြန်မာ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက် လာမှုနှင့် အတူ တရားမ၀င် ဧည့်လမ်းညွှန် များ၏ အဖြေများ ကြောင့် နိုင်ငံ၏ ယဉ်ကျေးမှု နှင့် ဂုဏ်သိက္ခာကို ထိခိုက် နိုင်ကြောင်း ခရီးသွား လုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး ဦးနောင်းနောင်းဟန် က ပြောကြားသည်။ " ရန်ကုန် - ပဲခူး အကွာအဝေး ကို မှားပြောတာက ပြဿနာ မရှိပါဘူး ၊ ဒါပေမဲ့ ယဉ်ကျေးမှု ဆိုင်ရာ နဲ့ ကိုယ့်နိုင်ငံ အကြောင်းတွေ မှားပြော မိရင်တော့ ဂုဏ်သိက္ခာ ထိခိုက် နိုင်ပါတယ် .... " ဟု ၄င်းက ပြောကြား ခဲ့သည်။



ခရီးသွား ဧည့်လမ်းညွှန် များမှာ နိုင်ငံ တစ်ခု၏ နိုင်ငံတကာ နှင့် ဆက်ဆံရသော သံတမန်ငယ် များဖြစ်၍ ကိုယ့်နိုင်ငံ၏ ယဉ်ကျေးမှု ၊ လူမျိုး ၊ နိုင်ငံအကြောင်း များကို သိထားမှသာ နိုင်ငံတကာ ခရီးသွား များ၏ ထူးဆန်း ထွေလာ မေးခွန်းများကို ဖြေဆို နိုင်မည် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်း အတွေ့အကြုံ ရှိသူ တစ်ဦးက ပြောကြား သည်။ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် ကြသော နိုင်ငံတကာ ခရီးသွား များမှာ မုဒြာများကို စိတ်ဝင်တစား မေးမြန်းလေ့ ရှိပြီး ဗုဒ္ဓဘာသာ နိုင်ငံ အနေဖြင့် မှားယွင်း ဖြေဆို မိပါက နိုင်ငံ၏ ယဉ်ကျေးမှု နှင့် ဂုဏ်သိက္ခာကို ထိခိုက် နိုင်ကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင် နေသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ တွင်းသို့ နှစ်စဉ် ခရီးသွား လုပ်ငန်း တိုးတက် လာမည်ဟု ခန့်မှန်း ထားကြပြီး ယမန်နှစ် ၂၀၁၂ ခုနှစ်တွင် ခရီးသွား ၄၀ ရာခိုင်နှုန်း မြင့်တက် ခဲ့ရာ အပြည်ပြည် ဆိုင်ရာ လေဆိပ် များမှ တစ်ဆင့် ခရီးသည် ခြောက်သိန်း ၀င်ရောက်ခဲ့ပြီး နယ်စပ် ၀င်ပေါက်မှ လေးသိန်း ၀င်ရောက် ခဲ့ကြောင်း သိရသည်။ ထိုသို့ နိုင်ငံတကာ ခရီးသွားလာမှု များပြား လာသည့် အတွက် ဧည့်လမ်းညွှန် အရေအတွက် များ လိုအပ်နေပြီး ယခင်က ဧည့်လမ်းညွှန် ရှစ်ထောင် ရှိခဲ့ရာမှ ယခုအချိန်တွင် သုံးထောင်ကျော် သာရှိကြောင်း သိရသည်။ ဧည့်လမ်းညွှန် အရေအတွက် ထပ်မံ တိုးတက် လာရန် ဆောင်ရွက်လျက် ရှိကြောင်း ဧည့်လမ်းညွှန် များထံမှ သိရှိရသည်။

ပြည်တွင်း ခရီးသွား လုပ်ငန်းများတွင် လိုင်စင် မရှိသော ဧည့်လမ်းညွှန် များကို ဖမ်းဆီးနေပြီး ဧည့်လမ်းညွှန် အရေအတွက် လိုအပ်လျက် ရှိကြောင်း သိရသည်။ နိုင်ငံတကာ ခရီးသွား လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် လာမည့် ခရီးသွား ရာသီတွင် ကမ္ဘာလှည့် ခရီးသည် အများအပြား ၀င်ရောက် လာနိုင်ကြောင်း ခန့်မှန်း ပြောဆို ထားကြောင်း သိရှိရသည်။

( စောကျော်ဝင်း )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...