Social Icons

Pages

Wednesday, May 15, 2013

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ခရိုင် ၅ ခုတွင် အရေးပေါ် အခြေအနေ ထုတ်ပြန် ထားမှုကို ရုပ်သိမ်းသွားရန် စီစဉ်လျက် ရှိခြင်း


၁၅-၅-၂၀၁၃

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ခရိုင် ၅ ခုတွင် ထုတ်ပြန် ထားသော အရေးပေါ် အခြေအနေ အား လာမည့် ဇွန်လအတွင်း ရုပ်သိမ်း သွားမည် ဖြစ်ကြောင်း တောင်ပိုင်း နယ်စပ်ဒေသ ပြည်နယ်များ အုပ်ချုပ်ရေး ဗဟိုဌာန က မေလ ၁၃ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းအရ သိရသည်။ အရေးပေါ် အခြေအနေ ရုပ်သိမ်းရန် စီစဉ် ထားသည့် ခရိုင်  ၅ ခုမှာ ပတ္တနီ ပြည်နယ် မှ Kapho ခရိုင် ၊ ယာလာပြည်နယ် မှ Betong ခရိုင် နှင့် Kabang ခရိုင် ၊ နာရာသီဝပ် ပြည်နယ် မှ Waeng ခရိုင် နှင့် Sukhirin ခရိုင်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရိုင် ၅ ခုတွင် ထုတ်ပြန် ထားသော အရေးပေါ် အခြေအနေ သည် ဇွန်လ ၁၉ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး ထပ်မံ သက်တမ်း တိုးမြှင့် သွားရန် မရှိကြောင်း နှင့် ထပ်မံ သက်တမ်း တိုးမြှင့်ရေး အတွက် အစိုးရအဖွဲ့၏ အတည်ပြုချက် ရယူရမည် ဖြစ်ကြောင်း သိရသည်။ တောင်ပိုင်း ခရိုင် ၅ ခု တွင် ထုတ်ပြန် ထားသော အရေးပေါ် အခြေအနေ အား ရုပ်သိမ်းပေးရေး အဆိုပြုချက် ကို အစိုးရ အဖွဲ့၏ အတည်ပြုချက် ရရှိရေး အတွက် ဇွန်လ ၁၁ ရက်နေ့တွင် အစည်းအဝေး ပြုလုပ် ဆွေးနွေး သွားမည် ဖြစ်ကြောင်း ၄င်း အုပ်ချုပ်ရေး ဗဟိုဌာန က ထပ်လောင်း ပြောကြား ခဲ့သည်။ အရေးပေါ် အခြေအနေ ထုတ်ပြန် ထားမှုကို ဖယ်ရှား ပြီးပါက ၄င်းနေရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၂၁ အရ ပြဌာန်း ထားသည့် ပြည်တွင်း လုံခြုံရေး အက်ဥပဒေ ကို အစားထိုး ပြဌာန်း သွားဖွယ် ရှိကြောင်း ကိုလည်း သိရသည်။ တောင်ပိုင်း ခရိုင် ၅ ခုတွင် အရေးပေါ် အခြေအနေ ရုပ်သိမ်းရေး အစီအစဉ် သည် မလေးရှား နိုင်ငံတွင် ဇွန်လ ၂၉ ရက်နေ့၌ ပြုလုပ်ရန် စီစဉ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်မီ ထွက်ပေါ် လာခြင်း ဖြစ်ကြောင်း နှင့် ၄င်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သည် ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီနှင့် Barisan Revolusi Nasional ခွဲထွက် အဖွဲ့တို့ အကြား ပြုလုပ်မည့် ဆွေးနွေးပွဲ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...