Social Icons

Pages

Wednesday, May 15, 2013

ရုရှားလုံခြုံရေးတပ်ဖွဲ့သည် အမေရိကန် သံတမန် တစ်ဦးအား သူလျှိုလုပ်ဆောင်မှုဖြင့် ဖမ်းဆီးခဲ့


 ရုရှားနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ တတိယ အတွင်းဝန် Ryan Fogle

အထူးနည်း ပညာရပ် များဖြင့် ပြုလုပ် ထားသည့် ပစ္စည်းများ
၁၅-၅-၂၀၁၃

ရုရှား လုံခြုံရေး တပ်ဖွဲ့ ( FSB ) သည် ရုရှားနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ တတိယ အတွင်းဝန် တစ်ဦးဖြစ်သူ Ryan Fogle အား CIA အတွက် သူလျှို လုပ်ဆောင်မှု ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း FSB က မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ပြောကြား ခဲ့သည်။

Ryan Fogle အား ရုရှားအေးဂျင့် တစ်ဦးကို စည်းရုံး သိမ်းသွင်းမှုဖြင့် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး ၄င်းနှင့်အတူ အထူးနည်း ပညာရပ် များဖြင့် ပြုလုပ် ထားသည့် ပစ္စည်းများ ၊ ရုပ်ဖျက်ရာတွင် အသုံးပြုသော ပစ္စည်းများ ၊ လက်ရေးမူ ညွှန်ကြားချက် များနှင့် ငွေပမာဏ အများအပြား ကို သိမ်းဆည်း ရမိခဲ့ကြောင်း နှင့် ၄င်းအား အမေရိကန် သံရုံးမှ တာဝန်ရှိ သူများထံ လွှဲပြောင်း ပေးခဲ့ကြောင်း ရုရှား လုံခြုံရေး တပ်ဖွဲ့ ( FSB ) က ပြောကြား ခဲ့သည်။ Ryan Fogle သည် ဆယ်စုနှစ် တစ်ခုခန့် အတွင်း၌ သူလျှိုမှု ဖြင့် ဖမ်းဆီးခံ ရသည့် ပထမဦးဆုံး အမေရိကန် သံတမန် တစ်ဦးဖြစ်ပြီး ယခုကိစ္စသည် နှစ်နိုင်ငံ အကြား တည်ရှိနေသော ဆက်ဆံရေး မပြောလည် မှုများကို ပိုမို ဆိုးရွား လာစေဖွယ် ရှိသည်။ အဆိုပါ ကိစ္စရပ် နှင့် ပတ်သက်ပြီး ရုရှားနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနတို့က တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရသည်။ ရုရှား နိုင်ငံခြားရေး ၀န်ကြီးဌာန အနေဖြင့်မူ ယခု ဖြစ်ပွားသည့် ကိစ္စရပ် နှင့် ပတ်သက်ပြီး မေးမြန်းမှု ပြုလုပ်ရန် အတွက် ရုရှား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Michael Mc Faul ကို မေလ ၁၅ ရက်နေ့တွင် လာရောက် တွေ့ဆုံရန် ဆင့်ခေါ် ထားကြောင်း သိရသည်။

စစ်အေးကာလ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ရုရှား နှင့် အမေရိကန် နိုင်ငံ တို့သည် အပြန်အလှန် သူလျှိုမှု များကို ဆက်လက် လုပ်ဆောင် နေကြဆဲ ဖြစ်ပြီး ၂၀၁၂ ခုနှစ် အတွင်း၌လည်း အမေရိကန် အတွက် သူလျှို လုပ်မှုဖြင့် ရုရှား နိုင်ငံသား အများအပြား ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီး နှစ်ရှည် လများ ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။ရုရှားလုံခြုံရေးတပ်ဖွဲ့သည် အမေရိကန် သံတမန် တစ်ဦးအား သူလျှိုလုပ်ဆောင်မှုဖြင့် ဖမ်းဆီးခဲ့
၁၅-၅-၂၀၁၃

ရုရှား လုံခြုံရေး တပ်ဖွဲ့ ( FSB ) သည် ရုရှားနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ တတိယ အတွင်းဝန် တစ်ဦးဖြစ်သူ Ryan Fogle အား CIA အတွက် သူလျှို လုပ်ဆောင်မှု ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း FSB က မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ပြောကြား ခဲ့သည်။

Ryan Fogle အား ရုရှားအေးဂျင့် တစ်ဦးကို စည်းရုံး သိမ်းသွင်းမှုဖြင့် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး ၄င်းနှင့်အတူ အထူးနည်း ပညာရပ် များဖြင့် ပြုလုပ် ထားသည့် ပစ္စည်းများ ၊ ရုပ်ဖျက်ရာတွင် အသုံးပြုသော ပစ္စည်းများ ၊ လက်ရေးမူ ညွှန်ကြားချက် များနှင့် ငွေပမာဏ အများအပြား ကို သိမ်းဆည်း ရမိခဲ့ကြောင်း နှင့် ၄င်းအား အမေရိကန် သံရုံးမှ တာဝန်ရှိ သူများထံ လွှဲပြောင်း ပေးခဲ့ကြောင်း ရုရှား လုံခြုံရေး တပ်ဖွဲ့ ( FSB ) က ပြောကြား ခဲ့သည်။ Ryan Fogle သည် ဆယ်စုနှစ် တစ်ခုခန့် အတွင်း၌ သူလျှိုမှု ဖြင့် ဖမ်းဆီးခံ ရသည့် ပထမဦးဆုံး အမေရိကန် သံတမန် တစ်ဦးဖြစ်ပြီး ယခုကိစ္စသည် နှစ်နိုင်ငံ အကြား တည်ရှိနေသော ဆက်ဆံရေး မပြောလည် မှုများကို ပိုမို ဆိုးရွား လာစေဖွယ် ရှိသည်။ အဆိုပါ ကိစ္စရပ် နှင့် ပတ်သက်ပြီး ရုရှားနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနတို့က တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရသည်။ ရုရှား နိုင်ငံခြားရေး ၀န်ကြီးဌာန အနေဖြင့်မူ ယခု ဖြစ်ပွားသည့် ကိစ္စရပ် နှင့် ပတ်သက်ပြီး မေးမြန်းမှု ပြုလုပ်ရန် အတွက် ရုရှား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Michael Mc Faul ကို မေလ ၁၅ ရက်နေ့တွင် လာရောက် တွေ့ဆုံရန် ဆင့်ခေါ် ထားကြောင်း သိရသည်။

စစ်အေးကာလ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ရုရှား နှင့် အမေရိကန် နိုင်ငံ တို့သည် အပြန်အလှန် သူလျှိုမှု များကို ဆက်လက် လုပ်ဆောင် နေကြဆဲ ဖြစ်ပြီး ၂၀၁၂ ခုနှစ် အတွင်း၌လည်း အမေရိကန် အတွက် သူလျှို လုပ်မှုဖြင့် ရုရှား နိုင်ငံသား အများအပြား ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီး နှစ်ရှည် လများ ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...