Social Icons

Pages

Friday, May 17, 2013

ရေထွက်ပစ္စည်း တင်ပို့မှု လွယ်ကူချောမွေ့စေရေး လုပ်ငန်းရှင်များအား ဖြေလျော့ပေးလျက်ရှိ


ရန်ကုန် ၊ ၁၇-၅-၂၀၁၃

မွေးမြူရေး နှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ၊ ငါးလုပ်ငန်း ဦးစီးဌာန က ပြည်ပသို့ ရေထွက် ပစ္စည်း တင်ပို့သည့် လုပ်ငန်းရှင်များ ပြည်ပသို့ ရောင်းချ တင်ပို့မှု လွယ်ကူ ချောမွေ့ စေရန် အတွက် ဖြေလျော့မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ငါးလုပ်ငန်း ဦးစီးဌာန သည် ရေထွက် ပစ္စည်းများကို ကွန်တိန်နာ တစ်လုံးချင်း အလိုက် စစ်ဆေးခြင်း များကို ဆောင်ရွက်ခြင်း မပြုတော့ဘဲ ရေထွက် ပစ္စည်း ပြုပြင် ထုတ်လုပ်သည့် စက်ရုံများ တွင်သာ တစ်လ တစ်ကြိမ် စစ်ဆေး ဆောင်ရွက်ခြင်း ပြုလုပ်ပေးမည် ဖြစ်သည်။ နယ်စပ် ကုန်သွယ်ရေး နှင့် ပုံမှန် ကုန်သွယ်ရေး တင်ပို့မှုများ အတွက် နိုင်ငံတော်သို့ ပေးသွင်းရမည့် စစ်ဆေးခ များဖြစ်သည့် Physical နှင့် Micro စစ်ဆေးခ များကို လုပ်ငန်းရှင် များမှ တစ်နေရာတည်း တွင် ပေးသွင်း နိုင်ရန် အတွက် အင်းစိန် မြို့နယ် ၊ ကြို့ကုန်း ရှိ ငါးလုပ်ငန်း ဦးစီးဌာန တွင် ဆောင်ရွက် ပေးလျက် ရှိသည်။

လေကြောင်းဖြင့် ပြည်ပသို့ တင်ပို့သည့် ရေထွက် ပစ္စည်း နှင့် ပတ်သက်၍ (အရှင်) များကိုသာ FIQC ဌာနခွဲ နှင့် မွေးမြူရေး ဌာနခွဲ တို့ ပူးပေါင်း၍ အဖွဲ့တစ်ဖွဲ့ တည်းဖြင့် စစ်ဆေး ပေးလျက် ရှိသည်။

ကွန်တိန်နာ တစ်လုံးချင်း အလိုက် တင်ပို့စဉ် စစ်ဆေးခြင်း မပြုတော့ သဖြင့် လုပ်ငန်းရှင် များအနေဖြင့် မိမိတို့ တင်ပို့မည့် ကွန်တိန်နာ တစ်လုံးခြင်း အလိုက် တင်ပို့မှု စာရင်းများကို အင်းစိန် မြို့နယ် ၊ ကြို့ကုန်းရှိ ငါးလုပ်ငန်း ဦးစီး ဌာန FIQC ဌာနခွဲတွင် တင်ပြစေကာ စာရင်းဇယား ရရှိရန် ဆောင်ရွက်လျက် ရှိသည်။

ကျန်းမာရေး အသိအမှတ်ပြု လက်မှတ် နှင့် ငွေပေးချောမှု အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခြင်း များကို အင်းစိန် မြို့နယ် ၊ ကြို့ကုန်းရှိ ငါးလုပ်ငန်း ဦးစီးဌာန ၌ တစ်နေရာတည်း တွင် ဆောင်ရွက် ပေးလျက် ရှိရာ ထိုလက်မှတ် များကို ညွှန်ကြားရေးမှူး (သို့မဟုတ် ) လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးဦး မှ လက်မှတ် ရေးထိုး ထုတ်ပေးကာ ဖြေလျော့ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...