Social Icons

Pages

Monday, March 26, 2018

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့က ခွဲစိတ်လူနာတစ်ဦးအား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၂၆-၃-၂ဝ၁၈

တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကု ဆေးအဖွဲ့များပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) သည် ယနေ့တွင် ကျွန်းစုမြို့နယ်ရှိ ဒေသခံပြည်သူ ၆၉၈ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၇၉ ဦး၊ ခွဲစိတ်ရောဂါ ၇၃ ဦး၊ သားဖွား၊ မီးယပ်ရောဂါ ၆၉ဦး၊ ကလေးရောဂါ ၇၅ဦး၊ အရိုးရောဂါ ၆၇ဦး၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါ ၄၅ဦး၊မျက်စိရောဂါ ၁၃၇ဦးနှင့် သွားရောဂါ ၅၃ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများဆောင်ရွက်ပေးပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ ကိုးဦးနှင့် အရိုးခွဲစိတ်လူနာ နှစ်ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၃ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၈ဦး၊ ECG နှလုံးစမ်းသပ်လူနာ၂၅ဦးနှင့်ဓာတ်ခွဲ စမ်းသပ်လူနာ ၁၉ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့်ဒေသခံပြည်သူ သုံးဦးကို ဆေးရုံသင်္ဘောပေါ်တွင် ဆေးရုံတင် ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...