Social Icons

Pages

Wednesday, May 1, 2013

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ပထမဆုံး အမျိုးသမီး လွှတ်တော်ဥက္ကဋ္ဌ ခန့်အပ်ရန် စီစဉ်


ဒေါက်တာ Shirin Sharmin Chowdhury
၁-၅-၂၀၁၃

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အာဏာရ အ၀ါမီလိဂ် ပါတီသည် အမျိုးသမီး နှင့် ကလေးသူငယ် ဆိုင်ရာ ၀န်ကြီး ဒေါက်တာ Shirin Sharmin Chowdhury အား လွှတ်တော် ဥက္ကဋ္ဌ ရာထူး အတွက် ဧပြီလ ၂၉ ရက်နေ့က အမည်စာရင်း တင်သွင်း ခဲ့သောကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပထမဆုံး သော အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်း တစ်ပုဒ်အရ သိရသည်။ ခါလီဒါဇီယာ ခေါင်းဆောင် သော အဓိက အတိုက်အခံ BNP ပါတီသည် လွှတ်တော်အား ဆန့်ကျင်လျက် ရှိပြီး လွှတ်တော် ဥက္ကဋ္ဌ ရာထူး နေရာ အတွက် ယှဉ်ပြိုင်ရန် ယခု အချိန်အထိ ပြောဆိုခြင်း မရှိသောကြောင့် ဒေါက်တာ Shirin Sharmin Chowdhury သည် ဧပြီလ ၃၀ ရက်နေ့ တွင် ပြိုင်ဘက်မရှိ ရွေးချယ်ခံ ရဖွယ် ရှိကြောင်း သိရသည်။

လွှတ်တော် ဥက္ကဋ္ဌ Abdul Hamid အား ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ သမ္မတ အဖြစ် လွန်ခဲ့သော ရက်သတ္တပတ် က ခန့်အပ် ခဲ့သောကြောင့် လွှတ်တော် ဥက္ကဋ္ဌ နေရာတွင် လစ်လပ် နေခြင်း ဖြစ်သည်။ ဒေါက်တာ Shirin Sharmin Chowdhury သည် ၂၀၀၉ ခုနှစ် အစောပိုင်း တွင် အ၀ါမီလိဂ် ပါတီ အာဏာရ လာပြီးနောက် နိုင်ငံရေး လောကသို့ ၀င်ရောက် ခဲ့ပြီး အမျိုးသမီး လွှတ်တော် အမတ် တစ်ဦး ဖြစ်လာ ခဲ့သူ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် လွှတ်တော်၏ အမတ်နေရာ ၃၀၀ တွင် အမျိုးသမီးများ အတွက် လွှတ်တော် အမတ်နေရာ ၅၀ ရှိသည့် အပြင် ရွေးကောက်ပွဲ တွင် အမျိုးသား များနှင့်အတူ ယှဉ်ပြိုင် ရွေးကောက် ခံပိုင်ခွင့် ရှိသည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...