၁-၅-၂၀၁၃
ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှိနာ ၀ပ်ထရာ
သည် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ မွန်ဂိုလီးယား နိုင်ငံသို့ ၃ ရက်ကြာ အလည်အပတ် ခရီး သွားရောက်
ခဲ့ကြောင်း နှင့် ခရီးစဉ် အတွင်း မွန်ဂိုလီးယား နိုင်ငံ နှင့် နှစ်နိုင်ငံ အကြား ကုန်သွယ်မှု
နှင့် ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေး ဆိုင်ရာ သဘော တူညီချက် ၃ ရပ်ကို လက်မှတ် ရေးထိုး
ခဲ့သည့် အပြင် Cobra Gold စစ်ရေး လေ့ကျင့်ခန်း များတွင် ပူးပေါင်း ပါဝင်ရန် မွန်ဂိုလီးယား
နိုင်ငံကို ဖိတ်ခေါ် ခဲ့သည်ဟု ဧပြီလ ၂၉ ရက်နေ့ ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရှိရသည်။
ထိုင်းဝန်ကြီးချုပ်၏ အဆိုပါ ခရီးစဉ်သည်
ကုန်းတွင်းပိတ် ဖြစ်သည့် မွန်ဂိုလီးယား နိုင်ငံသို့ ထိုင်းနိုင်ငံ အကြီးအကဲ တစ်ဦး
အနေဖြင့် ပထမဆုံး အကြိမ် သွားရောက် လည်ပတ် ခြင်း ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် သည် မွန်ဂိုလီးယား
ဝန်ကြီးချုပ် Norovyn Altankhuyag နှင့် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင်
ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ရည်ရွယ်သည့် ဆွေးနွေးပွဲ တစ်ရပ် ကျင်းပ ပြုလုပ်ရေး
အတွက် နားလည်မှု စာချွန်လွှာ MOU တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့သည့် အပြင် ဇီဝနည်းပညာ
၊ အစားအစာ ၊ ဆေးဝါး ၊ အီလက်ထရောနစ် ပစ္စည်းများ နှင့် ကွန်ပျူတာ များ အပါအ၀င် သိပ္ပံနှင့်
နည်းပညာ ကဏ္ဍရပ် များတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်မည့် သဘောတူ ညီချက် တစ်ရပ်
ကိုလည်း လက်မှတ် ရေးထိုး ခဲ့သည်။ အခြား နားလည်မှု စာချွန်လွှာ တစ်ရပ်မှာ မွန်ဂိုလီးယား
စက်မှု လုပ်ငန်း နှင့် ကုန်သည် ကြီးများ အသင်း နှင့် ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေး ၊ စက်မှု
လုပ်ငန်း နှင့် ဘဏ်လုပ်ငန်း ဆိုင်ရာ အမြဲတမ်း ပူးတွဲကော်မတီ တို့အကြား ပူးပေါင်း ဆောင်ရွက်ရေး
အစီအစဉ် တစ်ရပ် ထူထောင်ရေး တို့ ပါဝင်ကြောင်း သိရှိရသည်။


No comments:
Post a Comment