Social Icons

Pages

Wednesday, May 1, 2013

ပြန်လည်ပေါင်းစည်းရေး ဥပဒေမူကြမ်းသည် ၀န်ကြီးချုပ်ဟောင်း သက်ဆက် ကို နိုင်ငံသို့ ပြန်ခေါ်ရန် ရည်ရွယ်


ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် Chalerm Yubamrung
၁-၅-၂၀၁၃

ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် Chalerm Yubamrung က ၄င်း၏ ပြန်လည် ပေါင်းစည်းရေး ဥပဒေ မူကြမ်းသည် ၀န်ကြီးချုပ်ဟောင်း သက်ဆင် အား နိုင်ငံသို့ ပြန်လည် ခေါ်ယူရေး ရည်ရွယ်ကြောင်း ဧပြီလ ၂၈ ရက်နေ့တွင် အတည်ပြု ပြောကြား ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။ အဆိုပါ ဥပဒေ မူကြမ်း တွင် အခန်း ၆ ခန်း ပါဝင်ပြီး သက်ဆင် အား မိခင်နိုင်ငံ သို့ ပြန်လည် ခေါ်ယူ သွားမည် ဖြစ်ကြောင်း ဒုတိယ ၀န်ကြီးချုပ်က နိုင်ငံ အရှေ့မြောက်ပိုင်း ဥဒုံထနီ ပြည်နယ်ရှိ မဲဆန္ဒနယ် များတွင် ကတိပြု ပြောကြား ခဲ့သည်။ သို့ရာတွင် အဆိုပါ ဥပဒေ မူကြမ်းသည် သက်ဆင် အား အကူအညီ ပေးရုံ သာမက လွန်ခဲ့သော နှစ်များအတွင်း နိုင်ငံရေး ဆူပူ အုံကြွမှုကြောင့် ဘေးဒုက္ခ ကြုံတွေ့ ခဲ့ရသော ပြည်သူများ ကိုလည်း အကျိုး ကျေးဇူး ရရှိစေမည် ဖြစ်ကြောင်း ဒုတိယ ၀န်ကြီးချုပ် က ပြောကြား ခဲ့သည်။

၎င်း အနေဖြင့် အဆိုပါ ဥပဒေ မူကြမ်းအား အပြီးသတ် ရေးဆွဲလျက် ရှိနေခြင်း ကြောင့် ဖြူထိုင်းပါတီ မှ ၄င်း ဥပဒေ မူကြမ်းကို အတည်ပြုရေး ယခု အချိန်အထိ တင်ပြ ဆောင်ရွက် ရခြင်း မရှိသေး ကြောင်း ၊ သို့ရာတွင် ၄င်း ဥပဒေ မူကြမ်းအား ဖြူထိုင်းပါတီ သို့ မတက်ပြမီ ဒေသခံ များနှင့် ပထမဦးဆုံး ဆွေးနွေး သွားမည် ဖြစ်ကြောင်း ၄င်းက ပြောကြား ခဲ့သည်။ ၄င်းသည် အဆိုပါ ဥပဒေ မူကြမ်း နှင့် ပတ်သက်၍ ပြည်သူလူထု ၏ သဘောထား များကို ရရှိရန် ပြည်နယ် အများအပြား သို့ သွားရောက် ဆန္ဒ ခံယူ သွားမည် ဖြစ်ကြောင်း ဒုတိယ ၀န်ကြီးချုပ် Chalerm Yubamrung က ထပ်လောင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...