Social Icons

Pages

Monday, April 29, 2013

ရေရှားပါးသည့် ရပ်ကွက်များသို့ သောက်သုံးရေများ ဖြန့်ဝေခြင်း


တောင်ကြီး ၊ ၂၉-၄-၂၀၁၃

တောင်ကြီးမြို့ စိန်ပန်းရပ်ကွက် အတွင်း သောက်သုံးရေ လိုအပ်လျက်ရှိတဲ့ ပြည်သူလူထု များအတွက် မြို့နယ် စည်ပင်က ဂါလံ ၁၂၀၀ ဆံ့ ရေကား(၂)စီးနဲ့ ယမန်နေ့ ညနေကစတင်ပြီး သောက်သုံးရေများ ဖြန့်ဝေ ပေးလျက် ရှိကြောင်း သိရသည်။



သီရိမင်္ဂလာရွှေမန်းကျောင်းအနီး ရေဖြန့်ဝေပေးနေစဉ်

လောကမာန်အောင်ကျောင်းတိုက်အနီး ရေဖြန့်ဝေပေးနေစဉ်

တောင်ကြီးမြို့ပေါ် (၂၂) ရပ်ကွက်မှာ မြို့နယ်စည်ပင် က ရေပေးနိုင်တာ ရပ်ကွက်ပေါင်း (၁၉)ခု ပဲရှိပါတယ် ၊ အိမ်သွယ်ရေတိုင် ၁၈၀၀ကျော်နဲ့ အများသုံး ရေကန် ၂၈ ကန် အတွက် တစ်နေ့ ရေဂါလံ ၁၂သိန်း လောက်ပဲ ပေးနိုင်ပါတယ် ၊ မြို့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း လောက်ပဲ ရေပေး နိုင်တာပါ။ ကျန်တဲ့သူတွေ ကတော့ စက်ရေတွင်းတွေ ရပ်ကွက်ထဲက ရေထွက်လေး တွေကနေ ရယူသုံးစွဲပါတယ် ၊ နွေရာသီ ရောက်လာတော့ ရေတွင်းတွေ ရေထွက်တွေက ရေထွက်နှုန်း နည်းလာတယ် ၊ စိန်ပန်းတို့ ရွှေတောင်တို့ ကံသာတို့လို ချို့တဲ့ တဲ့ ပြည်သူလူထု များတဲ့ ရပ်ကွက်တွေမှာ သောက်သုံးရေ အခက်အခဲ တွေဖြစ်လာ ပါတယ် ၊ ဒါကြောင့် စည်ပင်က ရေကားတွေနဲ့ အခမဲ့ ဖြန့်ဝေပေး တာဖြစ်ပါတယ် ၊ မိုးမရွာမချင်း နေ့စဉ် ဖြန့်ဝေ ပေးသွားမှာပါ .... ” လို့ စည်ပင်အရာရှိ တစ်ဦးက ရှင်းပြ ခဲ့ကြောင်း သိရှိရသည်။

http://patheincity.blogspot.com/2013/04/water-distribution-intaunggyi.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...