Social Icons

Pages

Thursday, April 11, 2019

ဖာပွန်မြို့ရှိ ဝေဠုဝန် ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ဖာပွန်မြို့ရှိ ဝေဠုဝန် ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ကျောင်းတိုက်များမှသံဃာတော်များ၊ သာသနာ့အနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား ဧပြီ ၉ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ ဝေဠုဝန်ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်၂၇ ပါး၊ သာသနာ့အနွယ်ဝင်သီလရှင် ၃၉ ပါးနှင့် ဒေသခံပြည်သူ ၆၂ ဦးတို့ကို သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှု များဆောင်ရွက်ပေးသည်။ 
-
ယင်းသို့ဆောင်ရွက် ပေးမှုများကိုတိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင် နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအား ပေးပြီး  စားသောက်ဖွယ်ရာများပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။             
-
(၁ဝဝ)  
-
#မြ၀တီနေ့စဉ်သတင်းစာ

တာမိုးညဲမြို့နယ်၊ ကျန်ကြာကျိုင်းကျေးရွာ၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

တာမိုးညဲမြို့နယ်၊ ကျန်ကြာကျိုင်းကျေးရွာ၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တာမိုးညဲမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၉ ရက်  မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကျန်ကြာကျိုင်းကျေးရွာရှိ လူနေအိမ်နှစ်လုံးအား သတင်းအရဝင်ရောက်စစ်ဆေးရာ  ဦးလီလောက်ကိုင်(ဘ) ဦးလီခင်းဖူးနှင့်   ၄င်း၏ညီဖြစ်သူ  ဦးလီလောက်ဝမ်း၊  ဇနီးဖြစ်သူ ဒေါ်ချီကင်ထန်းတို့သုံးဦးကို ၈၈။၁ စာတန်းပါစိတ်ကြွဆေးပြား ၁ဝဝဝ ပြား၊ ဘိန်းစိမ်း  ၄ ဒသမ ၈၈ ကီလိုဂရမ်ခန့်(စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်၅၉ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေး လောက်ကိုင် မူးယစ်တပ်ဖွဲ့စုသို့   စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။                   
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

မရမ်းကုန်းမြို့နယ်ရှိ ဓမ္မစကြာကျောင်းတိုက်၌ စုပေါင်းလုပ်အားဒါနပြုလုပ်

မရမ်းကုန်းမြို့နယ်ရှိ ဓမ္မစကြာကျောင်းတိုက်၌ စုပေါင်းလုပ်အားဒါနပြုလုပ်
-
နေပြည်တော်​ ဧပြီ ၁ဝ 
-
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ ဓမ္မစကြာကျောင်း တိုက်ပတ်ဝန်းကျင်သန့်ရှင်း သာယာ မှုရှိစေ ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တပ်နယ်မှ တပ်မတော်သားများက ကျောင်းတိုက်ဝင်း အတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ရေမြောင်းများပြန်လည် တူးဖော် ပေးခြင်းနှင့်သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို လုပ်အားဒါနအဖြစ်စုပေါင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာတပ်နယ်၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာပြုလုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာတပ်နယ်၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာပြုလုပ်
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊မုံရွာတပ်နယ်၏ဧကာဒသမအကြိမ်မြောက်စုပေါင်းရဟန်းခံ၊ရှင်ပြုအလှူတော် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ဇိနမာန်အောင် တပ်ဦးကျောင်း၌ပြုလုပ်ရာမုံရွာမြို့၊ ဝိဇ္ဇာသိပ္ပံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယအမှူးပြု သော သံဃာတော်များကြွရောက်တော်မူ ကြပြီး တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက သံဃာတော်များအား  သိမ်ဆင်းလောင်းလှူကြသည်။ 
-
ထို့နောက် ဝိဇ္ဇာ သိပ္ပံ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး  သံဃာတော်များ အား  လှူဖွယ်ပစ္စည်းများနှင့်  နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
-
အဆိုပါစုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာ ပထမနေ့ဖြစ်သော ဧပြီ ၉ ရက်နံနက်ပိုင်းတွင်လည်း ရဟန်းလောင်း ၁၁၇ ပါးနှင့် ရှင်သာမဏေလောင်း ၁၃ ပါးတို့သည် ဇိနမာန်အောင်တပ်ဦးကျောင်းတိုက်၌ငါးပါး သီလခံယူ ဆောက်တည်ခြင်း၊ ပရိတ်တရား တော်များနာယူခြင်း၊ ဆံချခြင်း၊ ပဗ္ဗဇ္ဇအမွေရဟန်းနှင့် ရှင်သာမဏေအဖြစ်သွတ်သွင်း ချီးမြှင့်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။                           

-
(၁ဝဝ)  
-
#မြ၀တီနေ့စဉ်သတင်းစာ

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သော နွေရာသီ သင်တန်းများ ဆင်းပွဲပြုလုပ်

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သော နွေရာသီ သင်တန်းများ ဆင်းပွဲပြုလုပ်
-
နေပြည်တော်​ ဧပြီ ၁ဝ 
-
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းရှိ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက်ဖွင့်လှစ်သည့်ယဉ်ကျေးလိမ္မာ၊အင်္ဂလိပ်စာအခြေခံနှင့်ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲများကိုယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ်၊ အမ်းတောင်ခန်းမ၌ ပြုလုပ်ရာတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။ 
-
ဦးစွာ တာဝန်ရှိသူတစ်ဦးက သင်တန်း ဆင်းအမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသည့် ကျောင်း သား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာ နှင့်ဂုဏ်ပြုဆုများပေးအပ်သည်။ 
-
အဆိုပါသင်တန်းများတွင် ယဉ်ကျေးလိမ္မာသင်တန်းကိုသင်တန်းသား၊ သင်တန်းသူ ၁၅ဝ ဦး၊ အင်္ဂလိပ်စာ အခြေခံသင်တန်းကိုသင်တန်းသား၊ သင်တန်းသူ ၁၂ဝ ဦး၊ ကွန်ပျူတာအခြေခံသင်တန်းကို သင်တန်း သား၊ သင်တန်းသူ ၉၁ ဦးတို့ဖြင့် မတ် ၂၅ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ဖာပွန်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူသူများအား ကြည့်ရှုအားပေး

ဖာပွန်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူသူများအား ကြည့်ရှုအားပေး
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော  အရာရှိ၊ စစ်သည်၊ မိသားစုများအား ဧပြီ ၈ ရက်နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင် နှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေ အနေများကိုရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ ထိုင်းနိုင်ငံနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံ သံအမတ်ကြီးတို့က သီးခြား စီ ခန့်အပ်လွှာပေးအပ်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ ထိုင်းနိုင်ငံနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံ သံအမတ်ကြီးတို့က သီးခြား စီ ခန့်အပ်လွှာပေးအပ်
-
နေပြည်တော်​ ဧပြီ ၁ဝ 
-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သောမစ္စစ်ဆူဖတ်သရာ ဆီမိုင်းသရီဖိတပ်သည် ယနေ့နံနက် ၁ဝ  နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၄င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။ 
-
အလားတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘော တူညီပြီး ဖြစ်သော မစ္စတာ ဟွန်းဆန် ကမ်ဒါလာဗွန်သည် ယနေ့နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သံတမန် ဆောင်ဧည့်ခန်းမ၌ ၄င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။ အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားများသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်း တို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု သတ္တမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု သတ္တမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ
-
နေပြည်တော်၊ ဧပြီ - ၁၀ 
-
မြန်မာနှစ်သစ်ကူးအချိန်အခါတွင် မြန်မာတို့၏ဗုဒ္ဓဘာသာယဉ်ကျေးမှုထုံးတမ်း စဉ်လာများအရ ကောင်းမှုကုသိုလ်အမျိုးမျိုးကို ဆောင်ရွက်ကြရာတွင် ရဟန်းခံ ရှင်ပြုအလှူမင်္ဂလာအခမ်းအနားမှာထူးခြားထင်ရှားသည့် ကုသိုလ်တော်တစ်ခုဖြစ်သည်။ အဆိုပါ ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုအနေဖြင့်နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာသတ္တမအကြိမ်စုပေါင်းရဟန်းခံရှင်ပြု အလှူတော်အောင်ပွဲမင်္ဂလာကုသိုလ်တော်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ကျင်းပပြုလုပ်သည်။
-
-
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး အမှူးပြုသောဧည့်ပရိသတ်အပေါင်းတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အနော်ရထာခန်းမ ရှေ့ဥပစာ၌ အဘိဓဇမဟာရဋ္ဌဂုရု မဟာဝိဇိတာရုံ ဆရာတော်ကြီးအမှူးပြုသော ပင့်သံဃာ ၁၈ ပါးနှင့် ဒုလ္လဘရဟန်း ၂၉၀ ပါး၊ ရှင်သာမဏေ ၅၄ ပါး တို့အား လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
-
-
ယင်းနောက် ကြွရောက်တော်မူလာကြသည့် သံဃာတော် အရှင်သူမြတ်များ၊ ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှုအပြီးတွင်ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအားကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများက လှူဖွယ်ပစ္စည်းများ လောင်းလှူကြ သည်။
-

-

-
ထို့နောက် ရဟန်းခံရှင်ပြုအလှူတော်အောင်ပွဲမင်္ဂလာကုသိုလ်တော်အခမ်းအနားကိုကျင်းပပြုလုပ်ရာနိုင်ငံတော်သြ၀ါဒါစရိယ မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘန္ဒန္တ၀ိစာရိန္ဒာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှတပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။
-

-

-
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများကဇေယျာသီရိမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(ရွှေကျင်)၊ ရေဆင်း ကန်ဦးကျောင်းတိုက်ဆရာတော် မဟာဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ၀ိလာသထံမှကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များထံမှ မေတ္တသုတ်ပရိတ် တရားတော်များကိုနာယူကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှကနိုင်ငံတော်သြ၀ါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘန္ဒန္တ ၀ိစာရိန္ဒာဘိဝံသ မဟာဝိဇိတာရုံ ကျောင်းတိုက် ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ထို့နောက်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်တို့က ဘဒ္ဒန္တ၀ိမလဗုဒ္ဓိပါဠိဆရာတော်ကြီးထံလှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
-

-
ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများအသီးသီးဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်ပဓာနနာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာ သဒ္ဓမဇောတိကဓဇဘဒ္ဒန္တ၀ိမလဗုဒ္ဓိထံမှ  အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။ 
-
အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစု သတ္တမအကြိမ် စုပေါင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး ငွေမိုးများရွာသွန်းဖြိုးပေးကြသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများ စုပေါင်းရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာ အခမ်းအနားအား နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ကျင်းပသည့်အခမ်းအနားသည် သတ္တမအကြိမ်မြောက် အလှူတော်မင်္ဂလာဖြစ်ပြီး လှူဒါန်းမှု စုစုပေါင်းငွေ ကျပ်သိန်း ၈၉၀ ကျော်လှူဒါန်းခဲ့ကြောင်းနှင့် ပထမအကြိမ်မှသတ္တမအကြိမ်အထိ ဒုလ္လဘရဟန်း ၁၆၈၃ ပါးနှင့်ရှင်သာမဏေ ၃၀၆ ပါး၊ စုစုပေါင်း ၁၉၈၉ ပါးအား မြင့်မြတ်သောသာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှောက်ခြင်း ကုသိုလ်အလှူတော်အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မြဝတီနေ့စဉ်သတင်းစာ (၁၁-၄-၂၀၁၉)

မြဝတီနေ့စဉ်သတင်းစာ (၁၁-၄-၂၀၁၉)

-
 Download Links

Related Posts Plugin for WordPress, Blogger...