Social Icons

Pages

Showing posts with label စုပေါင်းလုပ်အားပေး. Show all posts
Showing posts with label စုပေါင်းလုပ်အားပေး. Show all posts

Thursday, April 11, 2019

မရမ်းကုန်းမြို့နယ်ရှိ ဓမ္မစကြာကျောင်းတိုက်၌ စုပေါင်းလုပ်အားဒါနပြုလုပ်

မရမ်းကုန်းမြို့နယ်ရှိ ဓမ္မစကြာကျောင်းတိုက်၌ စုပေါင်းလုပ်အားဒါနပြုလုပ်
-
နေပြည်တော်​ ဧပြီ ၁ဝ 
-
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ ဓမ္မစကြာကျောင်း တိုက်ပတ်ဝန်းကျင်သန့်ရှင်း သာယာ မှုရှိစေ ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တပ်နယ်မှ တပ်မတော်သားများက ကျောင်းတိုက်ဝင်း အတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ရေမြောင်းများပြန်လည် တူးဖော် ပေးခြင်းနှင့်သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို လုပ်အားဒါနအဖြစ်စုပေါင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, April 9, 2019

တိုက်ကြီးမြို့နယ်ရှိ အောင်ဇေယျုံ ကျောင်းတိုက်၌ စုပေါင်းလုပ်အား ဒါနပြုလုပ်

တိုက်ကြီးမြို့နယ်ရှိ အောင်ဇေယျုံ ကျောင်းတိုက်၌ စုပေါင်းလုပ်အား ဒါနပြုလုပ်
-
နေပြည်တော်  ဧပြီ  ၈ 
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်ရှိ အောင်ဇေယျုံကျောင်းတိုက် ပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊တိုက်ကြီးတပ်နယ်မှ တပ်မတော်သားများက ကျောင်းတိုက်အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊  အမှိုက်များရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများလုပ်အားဒါနအဖြစ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, April 4, 2019

မှော်ဘီမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေမော်တင်စေတီတော်မြတ်ကြီး၌ စုပေါင်း လုပ်အားဒါနပြုလုပ်

မှော်ဘီမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေမော်တင်စေတီတော်မြတ်ကြီး၌ စုပေါင်း လုပ်အားဒါနပြုလုပ်
-
နေပြည်တော်   ဧပြီ  ၃
-
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေမော်တင် စေတီတော်မြတ်ကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်မှ တပ်မတော်သားများက စေတီတော်ပရိဝုဏ်အတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။   
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, April 3, 2019

လှည်းကူးမြို့နယ်၊ နိုဖာတောကျေးရွာရှိ ဇေတဝန်တပ်ဦးကျောင်းတိုက်၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

လှည်းကူးမြို့နယ်၊ နိုဖာတောကျေးရွာရှိ ဇေတဝန်တပ်ဦးကျောင်းတိုက်၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်
-
နေပြည်တော် ဧပြီ   ၂ 
-
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊နိုဖာတောကျေးရွာရှိ ဇေတဝန်တပ်ဦး ကျောင်းတိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အင်းတိုင်တပ်နယ်မှ တပ်မတော်သား များက ကျောင်းတိုက်ဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။        
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, April 2, 2019

တိုက်ကြီးမြို့နယ်၊ အာသောကရုံကျောင်းတိုက်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

တိုက်ကြီးမြို့နယ်၊ အာသောကရုံကျောင်းတိုက်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
-
နေပြည်တော်  ဧပြီ  ၁ 
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်ရှိ အာသောကရုံကျောင်းတိုက် ပတ်ဝန်းကျင် သန့်ရှင်းသာယာမှု ရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊တိုက်ကြီးတပ်နယ်မှ တပ်မတော်သား များက အဆိုပါကျောင်းတိုက်ဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, March 5, 2019

တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်ရှိ ဇေယျဝတီ ကျောင်းတိုက် ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်

တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်ရှိ ဇေယျဝတီ ကျောင်းတိုက် ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်
-
နေပြည်တော်   မတ်  ၎
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်ရှိ ဇေယျဝတီ ကျောင်းတိုက်၏ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်မှတပ်မတော်သားများက ကျောင်းတိုက်အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းတို့အား စုပေါင်း ဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, February 21, 2019

မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂ဝ 
-
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတ ဇေတဝန် တောရဆေကိန္ဒာရာမ ကျောင်းတိုက်၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အတွက် ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်မှ တပ်မတော်သားများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက ကျောင်းဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းများ ဆောင် ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 20, 2019

လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အမိုးလန် ပျက်စီးခဲ့သည့် အခြေခံပညာ အထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အမိုးလန် ပျက်စီးခဲ့သည့် အခြေခံပညာ အထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၉
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၇ ရက် ည ၉ နာရီခန့်တွင် လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် ဟိုယကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိစကားဝါကျောင်းဆောင်တွင် သွပ်အမိုး၊ ဒိုင်း၊ မြားတန်း၊ မျက်နှာကြက်များနှင့် ကျောင်းဝင်းအတွင်းရှိ သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
-
အဆိုပါလေပြင်း တိုက်ခတ်ခဲ့သည့်နေရာသို့ ဖေဖော်ဝါရီ ၁၈ ရက်နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အမိုးလန် ပျက်စီးခဲ့သည့် အဆောက်အအုံများ၌ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် သစ်ပင်၊သစ်ကိုင်းများအား ရှင်းလင်းဖယ်ရှား ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်း ရရှိသည်။             
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, February 19, 2019

မင်းတပ်မြို့နယ်ရှိ လေဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် နေရာများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

မင်းတပ်မြို့နယ်ရှိ လေဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် နေရာများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဖေဖော်ဝါရီ ၁၈
-
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် မင်းတပ်မြို့၊ စံပြရပ်ကွက်၊အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ နှစ်ခန်းတွဲဝန်ထမ်းအိမ်ရာရှိနံရံများ ပြိုကျပျက်စီးခြင်း၊ ချင်းအမျိုးသားနေ့ အတွက်တည်ဆောက်ထားသော အဆောက်အအုံများ ပြိုကျပျက်စီးခြင်း၊ ခေါက်ထားကျေးရွာ၊ မရှိယောကျေးရွာ၊ ကြားဒိုကျေးရွာ၊ မသူးကျေးရွာရှိ လူနေအိမ်လေးလုံးနှင့် ဝရဲကျေးရွာ စာသင်ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ တစ်လုံး အမိုးလန်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။
-
အဆိုပါ လေဘေးသင့်နေရာများသို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ဖေဖော်ဝါရီ ၁၇ ရက်နှင့် ယနေ့တို့တွင်အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, February 14, 2019

သန်လျင်မြို့နယ်၊ ဆိပ်ကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဆိပ်ကြီး)၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

သန်လျင်မြို့နယ်၊ ဆိပ်ကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဆိပ်ကြီး)၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်
-
နေပြည်တော် ဖေဖော်ဝါရီ   ၁၃
-
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဆိပ်ကြီးကျေးရွာရှိအခြေခံပညာအထက်တန်းကျောင်းခွဲ(ဆိပ်ကြီး) ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ သန်လျင်တပ်နယ်မှ တပ်မတော်သားများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက ကျောင်းဝင်းအတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ် ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, February 8, 2019

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အောင်ဗောဓိ ဆုတောင်းပြည့် စေတီတော်၌ လုပ်အား ဒါနပြုလုပ်

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အောင်ဗောဓိ ဆုတောင်းပြည့် စေတီတော်၌ လုပ်အား ဒါနပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၇ 
-
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂ဝ)ရပ်ကွက်ရှိ အောင်ဗောဓိဆုတောင်းပြည့် စေတီတော်၏ ပရိဝုဏ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တပ်နယ်မှ တပ်မတော်သားများက စေတီတော်အတွင်း/ အပြင်သန့်ရှင်းရေး ပြုလုပ်ပေးခြင်းနှင့် ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်းများကို လုပ်အားဒါနအဖြစ် စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, February 7, 2019

မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတဇေတဝန် တောရဆေကိန္ဒာရာမ ကျောင်းတိုက်၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတဇေတဝန် တောရဆေကိန္ဒာရာမ ကျောင်းတိုက်၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ   ၆ 
-
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ ဓမ္မဒူတဇေတဝန်တောရဆေကိန္ဒာရာမ ကျောင်းတိုက် အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး အတွက် ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်မှ တပ်မတော်သားများက အဆိုပါကျောင်းတိုက်အတွင်း/အပြင်ရှိ အမှိုက်များ ရှင်းလင်းခြင်း၊ အသစ် ဆောက်လုပ်လျက်ရှိသည့် ဗုဒ္ဓတက္ကသိုလ်နှင့် သံဃာဆောင်များပတ်ဝန်းကျင်ရှိ အုတ်၊ သဲ၊ ကျောက်များ သယ်ဆောင်ပေးခြင်း၊ အလှမြက်များ စိုက်ပျိုးပေးခြင်းနှင့် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း စသည့်စုပေါင်း လုပ်အားပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။          
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 6, 2019

လှည်းကူးမြို့နယ်၊ အလံတပိုကျေးရွာရှိ ကျိုက်ဒေးဝိ စေတီတော်မြတ်ကြီး၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

လှည်းကူးမြို့နယ်၊ အလံတပိုကျေးရွာရှိ ကျိုက်ဒေးဝိ စေတီတော်မြတ်ကြီး၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၅ 
-
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အလံတပိုကျေးရွာရှိ ကျိုက်ဒေးဝိစေတီတော် မြတ်ကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းစစ်ဌာနချုပ်၊အင်းတိုင်တပ်နယ်မှ တပ်မတော်သား များက စုပေါင်း လုပ်အားဒါန ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက စေတီတော် ပတ်ဝန်းကျင်ရှိချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စေတီတော်ရင်ပြင်တော်၌ သန့်ရှင်းရေး ပြုလုပ် ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။                 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, February 5, 2019

တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်ရှိ သာသနာ့ဗိမာန် ဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်ရှိ သာသနာ့ဗိမာန် ဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၄ 
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ဘူတာရပ်ကွက်ရှိ သာသနာ့ဗိမာန်ဘုန်းတော် ကြီးကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်မှ  တပ်မတော်သားများကအဆိုပါ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း/အပြင်ရှိ အမှိုက်များ ရှင်းလင်းခြင်း၊ အုတ်တံတိုင်းများ သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ မြေနိမ့်သော နေရာများအား မြေဖို့ပေးခြင်းနှင့် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း စသည့် စုပေါင်း လုပ်အားပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။         
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, January 31, 2019

မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်၌ သန့်ရှင်းရေး ဆောင်ရွက်

မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်၌ သန့်ရှင်းရေး ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၃ဝ 
-
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်အတွင်း/အပြင် သန့်ရှင်းသာယာမှု ရှိစေရေး အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် မှော်ဘီတပ်နယ်မှ တပ်မတော်သားများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို စုပေါင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ -
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, January 29, 2019

တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက်ရှိ နိဗ္ဗိန္နဘုန်းတော်ကြီးကျောင်း၌ စုပေါင်း လုပ်အားဒါနပြုလုပ်

တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက်ရှိ နိဗ္ဗိန္နဘုန်းတော်ကြီးကျောင်း၌ စုပေါင်း လုပ်အားဒါနပြုလုပ်
-
နေပြည်တော်  ဇန်နဝါရီ  ၂၈ 
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥပံ္ပုစုရပ်ကွက်ရှိ နိဗ္ဗိန္နဘုန်းတော်ကြီးကျောင်း၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ် ဌာနချုပ်၊ တိုက်ကြီးတပ်နယ်မှ တပ်မတော်သားများက စုပေါင်းလုပ်အားဒါန ဆောင်ရွက် ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက ကျောင်းဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် အုတ်၊သဲများ သယ်ဆောင်ပေးခြင်း စသည့် စုပေါင်းလုပ်အား ဒါနပြု လုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, January 24, 2019

ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာနေ ရွာသူရွာသားများ ပြန်လည် အခြေချ နေထိုင်နိုင်ရေးအတွက် သန့်ရှင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာနေ ရွာသူရွာသားများ ပြန်လည် အခြေချ နေထိုင်နိုင်ရေးအတွက် သန့်ရှင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၂၃ 
-
ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာအုပ်စု၊ နန်ဆန်ယန် ကျေးရွာရှိတိုက်ပွဲရှောင် ပြည်သူများ၎င်းတို့၏ နေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက်နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်သား များက ယနေ့တွင် ကျေးရွာအတွင်း၌ လိုအပ်သည်များအား ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာ အတွင်းရှိ နေအိမ်များ၊ စာသင်ကျောင်းများ၊ သာသနာရေးဆိုင်ရာ အဆောက်အအုံများနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား ဒေသခံ ပြည်သူများ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေး ဆောင်ရွက်ပေးခြင်းနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ အား ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီသတင်းစာ

Tuesday, January 15, 2019

တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်ရှိ ပြည်သဒ္ဓမ္မဇောတိကာရုံ ကျောင်းတိုက်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်ရှိ ပြည်သဒ္ဓမ္မဇောတိကာရုံ ကျောင်းတိုက်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၁၄ 
-
ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်ရှိ ပြည်သဒ္ဓမ္မဇောတိကာရုံ ကျောင်းတိုက်၏ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်မှ တပ်မတော်သား များက ကျောင်း တိုက် အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                   
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, January 9, 2019

ဖောင်ကြီး-မင်းကုန်း ကားလမ်း လမ်းဘေးဝဲ/ ယာ သန့်ရှင်း သာယာလှပရေး အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဖောင်ကြီး-မင်းကုန်း ကားလမ်း လမ်းဘေးဝဲ/ ယာ သန့်ရှင်း သာယာလှပရေး အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၈
-
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီး-မင်းကုန်းကားလမ်းလမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အင်းတိုင်တပ်နယ်မှ တပ်မတော်သားများက လမ်းဘေးဝဲ/ယာတစ်လျှောက်ရှိ အမှိုက်များရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။     
-                     
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, January 8, 2019

တိုက်ကြီးမြို့နယ်၊ ဘန့်ဘွေးကွင်း ကျေးရွာရှိ တုမူလသောမ ဘုန်းတော်ကြီးကျောင်း၌ စုပေါင်း လုပ်အားဒါနပြုလုပ်

တိုက်ကြီးမြို့နယ်၊ ဘန့်ဘွေးကွင်း ကျေးရွာရှိ တုမူလသောမ ဘုန်းတော်ကြီးကျောင်း၌ စုပေါင်း လုပ်အားဒါနပြုလုပ်
-
နေပြည်တော်  ဇန်နဝါရီ  ၇ 
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကွင်း ကျေးရွာရှိ  တုမူလသောမ ဘုန်းတော်ကြီး ကျောင်း၌ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်မှတပ်မတော်သားများက  ယနေ့နံနက်ပိုင်းတွင် စုပေါင်းလုပ်အားဒါန ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းဝင်း အတွင်း/အပြင်ရှိ  ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းလုပ်အားဒါန ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...