
-
နေပြည်တော် ဧပြီ ၁ဝ
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တာမိုးညဲမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကျန်ကြာကျိုင်းကျေးရွာရှိ လူနေအိမ်နှစ်လုံးအား သတင်းအရဝင်ရောက်စစ်ဆေးရာ ဦးလီလောက်ကိုင်(ဘ) ဦးလီခင်းဖူးနှင့် ၄င်း၏ညီဖြစ်သူ ဦးလီလောက်ဝမ်း၊ ဇနီးဖြစ်သူ ဒေါ်ချီကင်ထန်းတို့သုံးဦးကို ၈၈။၁ စာတန်းပါစိတ်ကြွဆေးပြား ၁ဝဝဝ ပြား၊ ဘိန်းစိမ်း ၄ ဒသမ ၈၈ ကီလိုဂရမ်ခန့်(စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်၅၉ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေး လောက်ကိုင် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment