Social Icons

Pages

Showing posts with label အလင်းဝင်သတင်း. Show all posts
Showing posts with label အလင်းဝင်သတင်း. Show all posts

Friday, March 31, 2017

KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ အဖွဲ့ဝင်သုံးဦး ဥပဒေဘောင်အတွင်း ၀င်ရောက်


ဥပဒေဘောင်အတွင်း ၀င်ရောက်လာသည့် KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ 
အဖွဲ့ဝင် သုံးဦးကို တွေ့ရစဉ်

နေပြည်တော် ၊ ၃၁-၃-၂၀၁၇

KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ မှ အဖွဲ့ဝင်သုံးဦးဖြစ်သော ဒုတိယတပ်ကြပ် အဆင့်ရှိ တိန့်ယိန်း၊ တပ်သားအဆင့်ရှိ ဂဒိုးဆင်ဝါး နှင့် အင်ဂျန်းနော်ဂျာ တို့ သုံးဦးသည် မတ် ၂၃ ရက် ည ၈ နာရီ မိနစ် ၂ဝ ခန့်တွင် ကချင်ပြည်နယ်၊ ပန်ဝါမြို့နယ်၊ လုပီကျေးရွာ အနီး နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်လျက် ရှိသည့် တပ်မတော် စစ်ကြောင်းသို့ လာရောက်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည်။

တိန့်ယိန်း၏ ပြောကြားချက်အရ ၄င်းကိုင်ဆောင်သည့် သေနတ်အား လုပီကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခွဲခန့်အကွာ၌ ဝှက်ထားကြောင်း သိရှိရသဖြင့် တပ်မတော်စစ်ကြောင်း မှ သွားရောက်ရှာဖွေရာ အမ်-၂၂ သေနတ် တစ်လက်၊ ၄င်းကျည်အိမ်တစ်ခု၊ ၄င်းကျည် ရှစ်တောင့်နှင့် လွယ်ကြိုးတစ်ချောင်း တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သူသုံးဦး တို့သည် KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ အကြမ်းဖက်လုပ်ရပ် များကို ရွံမုန်းလာခြင်း၊ ၄င်းတို့၏ အကြမ်းဖက်လုပ်ရပ် များသည် ဒေသခံတိုင်းရင်းသား ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးများ ကျရောက်နေသည့် အဖြစ်မှန်ကို သိရှိလာခြင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ သဘောထားအမှန်ကို သိရှိ နားလည်လာခြင်း၊ နိုင်ငံတော်၏ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြင်းပြ လာခြင်းတို့ကြောင့် လုပီကျေးရွာ၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာရှိ KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ လက်အောက်ခံ စခန်းမှ ထွက်ပြေးလာခဲ့ပြီး တပ်မတော် စစ်ကြောင်းမှ တစ်ဆင့် ဥပဒေဘောင် အတွင်းသို့ ဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Monday, January 2, 2017

KKO ခွဲထွက် စောဆန်းအောင် အဖွဲ့မှ တပ်ဖွဲ့ဝင် ၇ ဦး ဥပဒေဘောင်အတွင်း ၀င်ရောက်


ဥပဒေဘောင်အတွင်း ၀င်ရောက်လာသော KKO ခွဲထွက် စောဆန်းအောင် အဖွဲ့မှ 
တပ်ဖွဲ့ဝင်များကို လက်နက် ၊ ခဲယမ်း ဆက်စပ်ပစ္စည်းများ နှင့်အတူတွေ့ရစဉ်

နေပြည်တော် ၊ ၂-၁-၂၀၁၇

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ တပ်မတော် စစ်ကြောင်း အခြေပြုနေရာသို့ ယမန်နေ့မွန်းလွဲ ၁ နာရီခန့်တွင် KKO ခွဲထွက် စောဆန်းအောင် အဖွဲ့မှ ဝင်းဇော် ခေါင်းဆောင်သည့် တပ်ဖွဲ့ဝင် ခုနစ်ဦးတို့သည် လက်နက်မျိုးစုံ ခုနစ်လက်၊ ကျည်မျိုးစုံ ၆၁၂ တောင့်၊ ကျည်အိမ်မျိုးစုံ ရှစ်ခုတို့နှင့်အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက် လာခဲ့သည်။

၎င်းတို့အနေဖြင့် KKO ခွဲထွက် စောဆန်းအောင် အဖွဲ့၏ လုပ်ရပ်များအပေါ် လက်ခံမှု မရှိခြင်းနှင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်၍ ငြိမ်းချမ်းစွာ နေထိုင်လိုခြင်း တို့ကြောင့် ၂ဝ၁၇ ခုနှစ်၊ နှစ်သစ်တွင် ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

#Themyawadydaily


Thursday, September 29, 2016

TNLA လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်လေးဦး ဥပဒေဘောင်အတွင်း ၀င်ရောက်


လှသာ(ခ)အိုက်ကြက်
ညီမင်းထွန်း(ခ)ညီချား
လှအောင်
ကျော်ကျော်(ခ)အယိုင်


နေပြည်တော် ၊ ၂၉-၉-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာ အတွင်း လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသော တပ်မတော် စစ်ကြောင်း နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ ထံသို့ စက်တင်ဘာ ၂၆ ရက် ည ၈ နာရီတွင် TNLA လက်နက်ကိုင်အဖွဲ့ တပ်ရင်း(၆၆၆)မှ တပ်သားအဆင့် ရှိ လှသာ(ခ) အိုက်ကြက် ၄၆ နှစ်နှင့် ညီမင်းထွန်း (ခ) ညီချား ၁၇ နှစ် တို့သည် လည်းကောင်း၊ စက်တင်ဘာ ၂၇ ရက် နံနက် ၇ နာရီတွင် တပ်သားအဆင့် ရှိ လှအောင် ၃၆ နှစ်နှင့် ကျော်ကျော်(ခ) အယိုင် ၃၇ နှစ်တို့ သည် လည်းကောင်း လက်နက်မဲ့ ဥပဒေဘောင် အတွင်း ဝင်ရောက် ခဲ့သည်။

ဥပဒေဘောင် အတွင်း ဝင်ရောက်ခဲ့သော TNLA လက်နက်ကိုင် အဖွဲ့မှ အဖွဲ့ဝင် လေးဦးသည် ယခုနှစ် ဇူလိုင် ၂၅ ရက် ညပိုင်းတွင် TNLA လက်နက်ကိုင် အဖွဲ့မှ ပိန်းပြစ်ရွာ အတွင်း ဝင်ရောက်လာပြီး တပ်သားသစ်များ အဖြစ် ၄င်းတို့ အပါအဝင် ရွာသား ၂၅ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကာ စစ်ရေးပြနှင့် လက်နက်ငယ်သင်တန်း၊ ပလောင်စာပေ တို့အား သင်ကြားခဲ့ ရပြီး တပ်ရင်း (၆၆၆) တွင် တာဝန်ထမ်းဆောင် ခဲ့ရကြောင်း၊ ယင်းစခန်းမှ တပ်မတော် စစ်ကြောင်းများ ထံသို့ လာရောက်၍ ဥပဒေဘောင် အတွင်းသို့ အသီးသီး ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

Sunday, June 26, 2016

နိုင်လွေး (ခ) နိုင်လှသောင်း ဦးစီးသော လက်နက်ကိုင်အဖွဲ့ လက်နက်ခဲယမ်းများနှင့် အတူ ဥပဒေဘောင်အတွင်း ၀င်ရောက်


အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဝင်း ဥပဒေဘောင်အတွင်း ၀င်ရောက်လာသော နိုင်လွေး (ခ) နိုင်လှသောင်း ဦးစီးသော လက်နက်ကိုင် အဖွဲ့ဝင်များအား နွေးထွေးစွာ ကြိုဆိုစဉ်

ဥပဒေဘောင်အတွင်း ၀င်ရောက်လာသော နိုင်လွေး (ခ) နိုင်လှသောင်း အဖွဲ့မှ လက်နက်ခဲယမ်း များနှင့် ဆက်စပ်ပစ္စည်း များကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၆-၆-၂၀၁၆

နိုင်ငံတော် လျှောက်လှမ်း နေသည့် ပါတီစုံ ဒီမိုကရေစီစနစ် တွင် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် များကို အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ ပူးပေါင်း၍ တက်ညီလက်ညီ အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက် လျက်ရှိရာ မွန်ပြည်နယ်၊ ရေးမြို့နယ် တောင်ပိုင်းတွင် လှုပ်ရှားနေသော နိုင်လွေး (ခ) နိုင်လှသောင်း ခေါင်းဆောင်သော လက်နက်ကိုင် အဖွဲ့သည် နိုင်ငံတော် အစိုးရနှင့် တပ်မတော်၏ သဘောထား အမှန်ကို သိရှိနားလည် လာပြီး နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန် အတွက် ဥပဒေဘောင် အတွင်း ဝင်ရောက်လိုကြောင်း နယ်မြေခံ တပ်မတော် စစ်ကြောင်းထံ ဆက်သွယ် လာသဖြင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဝင်း၊ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး နှင့် တာဝန်ရှိသူ များက ယမန်နေ့ နေ့လယ်ပိုင်းတွင် ရေးမြို့နယ် နယ်မြေခံ တပ်နယ်ခန်းမ ၌ ၄င်းအဖွဲ့အား အခမ်းအနား ဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ ကြသည်။

ဦးစွာ တိုင်းမှူးမှ နှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ပြီး ဥပဒေဘောင် အတွင်း ဝင်ရောက် လာသော အဖွဲ့ခေါင်းဆောင် နိုင်လွေး (ခ) နိုင်လှသောင်းမှ တိုင်းမှူးနှင့် တာဝန်ရှိသူများ ထံသို့ လက်နက်များ လွှဲပြောင်း
အပ်နှံခဲ့သည်။ ထို့နောက် တိုင်းမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့ တာဝန်ရှိသူ များမှ ဆန်၊ ဆီ နှင့် စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ ပစ္စည်းများကို အသီးသီး ပေးအပ်ခဲ့ ကြပြီးနောက် ရပ်မိရပ်ဖ တစ်ဦးမှ ကျေးဇူးတင် စကား ပြန်လည် ပြောကြား ခဲ့သည်။ ထို့နောက် နိုင်လွေး (ခ) နိုင်လှသောင်း ခေါင်းဆောင်သော အဖွဲ့သည် သံဃာတော် အရှင်သူမြတ်များ နှင့် ပြည်သူများအား ဝန်ချတောင်းပန် ခဲ့သည်။

အဆိုပါ နိုင်လွေး (ခ) နိုင်လှသောင်း ခေါင်းဆောင် သော လက်နက်ကိုင် အဖွဲ့သည် အဖွဲ့ဝင် ၂ဝ ဦးနှင့်အတူ လက်နက်ငယ် ၁၂ လက်၊ ဗုံးသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၁ဝ လုံး၊ လက်လုပ်မိုင်း ခြောက်လုံး၊ ကျည်မျိုးစုံ ၁ဝ၉၉ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၂ ခု၊ လမ်းလျှောက် စကားပြောစက် နှစ်လုံး၊ လွယ်ကြိုး တစ်ချောင်း တို့ပါဝင်ကြောင်း သိရှိရပြီး ယင်း အဖွဲ့ဝင်များ လူမှုဘဝ လုံခြုံစွာ ရပ်တည်နိုင်ရေး၊ ဥပဒေဘောင် အတွင်း အခြေချ နေထိုင် လုပ်ကိုင် စားသောက်နိုင်ရေး တို့အား ပြည်နယ် အစိုးရ အဖွဲ့နှင့် တိုင်းစစ်ဌာနချုပ် တို့ ပေါင်းစပ် ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက် ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Tuesday, November 25, 2014

KIA (ကချင်) အဖွဲ့မှ လက်နက်မဲ့ အလင်းဝင်ရောက်



နေပြည်တော် ၊ ၂၅-၁၁-၂၀၁၄

KIA (ကချင်)အဖွဲ့ တပ်ရင်း(၄)မှ တပ်သား အဆင့်ရှိ ခင်မောင်ဝင်း ၂၆ နှစ်သည် နိုဝင်ဘာ ၂၂ ရက် ညနေ ၃ နာရီ ၄ဝ မိနစ် အချိန်တွင် တပ်မတော် စစ်ကြောင်းသို့ လက်နက်မဲ့ ဝင်ရောက် ခဲ့သည်။

ခင်မောင်ဝင်းသည် ၂ဝ၁၄ ခုနှစ် ဧပြီလတွင် မြစ်ကြီးနားမြို့နယ် မရှီယန်ရွှေမှော် မှ အလုပ်ထွက်ခဲ့ပြီး မြစ်ကြီးနားမြို့သို့ ဂွေထော်လမ်း အတိုင်း ပြန်လာစဉ် KIA (ကချင်)အဖွဲ့မှ အဓမ္မဖမ်းဆီး စုဆောင်းခြင်း ခံရကာ မေလတွင် KIA (ကချင်)အဖွဲ့၊ တပ်ရင်း(၄)သို့ ရောက်ရှိပြီး စစ်သင်တန်း ၂ လခန့် တက်ရောက်ခဲ့ ရကြောင်း၊ သင်တန်းဆင်း ပြီးနောက် ၄င်းတပ်ရင်းတွင် ပြည်သူ့စစ် တာဝန် ထမ်းဆောင် ရကြောင်း၊ KIA (ကချင်)အဖွဲ့တွင် နေလိုစိတ် မရှိသဖြင့် ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး KIA (ကချင်) အဖွဲ့ တပ်ရင်း(၄) လက်အောက်ခံ ၁၇ မိုင်စခန်းသို့ ရောက်ရှိစဉ် ထွက်ပြေး၍ တပ်မတော် စစ်ကြောင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Thursday, June 19, 2014

ကိုးကန့် (တိမ်းရှောင်) သောင်းကျန်းသူအဖွဲ့မှ တပ်ဖွဲ့ဝင်များ ဥပဒေဘောင် အတွင်း ၀င်ရောက်ခြင်း နှင့် ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ပွဲပြုလုပ်


ကိုးကန့် (တိမ်းရှောင်) သောင်းကျန်းသူအဖွဲ့မှ ဥပဒေဘောင်အတွင်း ၀င်ရောက်လာသော တပ်ဖွဲ့ဝင်များအား တာဝန်ရှိ သူများက ကြိုဆို နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၉-၆-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့် (တိမ်းရှောင်) သောင်းကျန်းသူ အဖွဲ့မှ တပ်ဖွဲ့ဝင်များ ဥပဒေ ဘောင်အတွင်း ၀င်ရောက်ခြင်း နှင့် ဂုဏ်ပြု ထောက်ပံ့ငွေ ပေးအပ်ပွဲကို ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် လောက်ကိုင်မြို့ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ကိုးကန့် ဦးစီးအဖွဲ့ ခန်းမဆောင် ၌ ပြုလုပ်ရာ လောက်ကိုင် တပ်နယ်မှ ဗိုလ်မှူးချုပ် ကျော်စိုး ၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးပယ်စောက်ချိန် ၊ တပ်ရင်း တပ်ဖွဲ့မှူးများ ၊ အရာရှိ ၊ စစ်သည် ၊ မိသားစုများ နှင့် ဒေသခံ ပြည်သူများ တက်ရောက် ကြသည်။

ထို့နောက် ကိုးကန့် (တိမ်းရှောင်) သောင်းကျန်းသူ အဖွဲ့မှ ဥပဒေဘောင် အတွင်း ၀င်ရောက် လာသော တပ်ဖွဲ့ဝင် ၁၅ ဦးအား ဒေသခံ ပြည်သူများက နွေးထွေး လှိုက်လှဲစွာ ကြိုဆိုကြကာ ဗိုလ်မှူးချုပ် ကျော်စိုး နှင့် ဦးပယ်စောက်ချိန် တို့က ကြိုဆို ဂုဏ်ပြု အမှာစကား ပြောကြားပြီး အလင်းဝင် လက်မှတ် နှင့် ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

Wednesday, May 14, 2014

မူးယစ်တရားခံပြေး စိုင်းနော်ခမ်း (သေဆုံး) အဖွဲ့မှ လက်ကျန်အဖွဲ့ဝင်များ ၀င်ရောက်



အိုက်ကိန်း နှင့် အိုက်ပင် တို့အား လက်နက်ခဲယမ်း များနှင့် အတူ တွေ့ရစဉ်
နေပြည်တော် ၊ ၁၄-၅-၂၀၁၄

မူးယစ် တရားခံပြေး စိုင်းနေခမ်း (သေဆုံး) အဖွဲ့မှ လက်ကျန် အဖွဲ့ဝင်များ ဖြစ်သော အိုက်ကိန်း ၂၇ နှစ် (ဘ) ဦးမိုင်ထန် နှင့် အိုက်ပင် ၃၄ နှစ် (ဘ) ဦးအိုက်ခမ်တာဝေါ် တို့ ၂ ဦးသည် မေလ ၇ ရက်နေ့ ညနေပိုင်းတွင် M-16 သေနတ်တစ်လက် ၊ ၄င်းကျည်အိမ် တစ်ခု ၊ ၄င်းကျည် ၁၇ တောင့် နှင့် ပစ္စတို သေနတ်တစ်လက် ၊ ၄င်းကျည်အိမ် တစ်ခု ၊ ကျည် ၁၀ တောင့် တို့နှင့်အတူ တာချီလိတ်မြို့နယ် ၊ ၀မ်ပုံကျေးရါာ ဆိပ်ကမ်းတွင် လုံခြုံရေး တာဝန် ထမ်းဆောင် နေသည့် တပ်မတော် စစ်ကြောင်းထံသို့ ၀င်ရောက် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

Thursday, November 28, 2013

KIA (ကချင်) အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်မဲ့ဖြင့် ၀င်ရောက်



နေပြည်တော် ၊ ၂၈-၁၁-၂၀၁၃

KIA (ကချင်) အဖွဲ့ တပ်ရင်း(၃၈) တပ်ခွဲ(၁) မှ တပ်သားအဆင့် ရှိသော ဘောက်လန် ၂၅ နှစ် (ဘ) ဦးအောင်မြတ် သည် နိုဝင်ဘာ ၂၆ ရက် ညနေ ၅ နာရီ အချိန်ခန့် က မုံးကိုးမြို့ နယ်မြေခံ တပ်မတော် စစ်ကြောင်း သို့ လက်နက်မဲ့ ၀င်ရောက် ခဲ့ကြောင်း သိရှိရသည်။


Wednesday, November 27, 2013

KIA (ကချင်) အဖွဲ့မှ တပ်ဖွဲ့ဝင်များ လက်နက်မဲ့ဖြင့် ၀င်ရောက်


  
လက်နက်မဲ့ ၀င်ရောက်လာသော KIA (ကချင်)အဖွဲ့ တပ်ရင်း(၇)မှ
မောင်ဥခရုနော်တောင် နှင့် မောင်ဂျာလီ

နေပြည်တော် ၊ ၂၆-၁၁-၂၀၁၃

KIA (ကချင်) အဖွဲ့ ၊ တပ်ရင်း(၇) မျောမော စခန်းမှ တပ်သားအဆင့် ရှိသော မောင်ဥခရု နော်အောင် ၁၈ နှစ် (ဘ) ဦးဥခရု အောင်မြတ် နှင့် မောင်ဂျာလီ ၂၂ နှစ် (ဘ) ဦးလော်ထင် တို့သည် နိုဝင်ဘာ ၁၅ ရက် ညနေပိုင်း တွင် လည်းကောင်း ၊ KIA (ကချင်) အဖွဲ့ တပ်ရင်း (၁၀) လက်အောက်ခံ မျောမော အထက် စခန်းမှ တပ်သား အဆင့်ရှိ သော မောင်မဖူမုန်ရာ ၂၅ နှစ် (ဘ) ဦးမဖူဇော်တောင် သည် နိုဝင်ဘာ ၁၇ ရက် ညနေပိုင်း တွင် လည်းကောင်း ပန်ဝါ ပြည်သူ့စစ် တပ်ဖွဲ့ဝင် များထံသို့ လက်နက်မဲ့ ၀င်ရောက် လာသည်။

လက်နက်မဲ့ ၀င်ရောက်လာသော KIA (ကချင်)အဖွဲ့ တပ်ရင်း(၁၀)မှ
မောင်မဖူမုန်ရာ

ထို့အတူ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် မြစ်ကြီးနား မြို့နယ် ၊ မလိဆူယန် လယ်တဲ၌ စပါးရိတ် နေစဉ် KIA (ကချင်) အဖွဲ့ ၊ တပ်ရင်း (၁၁) က ဖမ်းဆီး ခေါ်ဆောင် သွားပြီး KIA တပ်သား အဆင့်ဖြင့် ထမင်းချက် ၊ စက်ချုပ် တာဝန် စေခိုင်းခြင်း ခံရသည့် မမေဇင်ဦး ၁၉ နှစ် (ဘ) ဦးချစ်ဦး သည် နိုဝင်ဘာ ၂၇ ရက် တွင် မိုးကောင်း မြို့နယ် ၊ ပင်းဘော နယ်မြေခံ တပ်ရင်းသို့ လက်နက်မဲ့ ၀င်ရောက် လာခဲ့ ကြကြောင်း သိရှိရသည်။

လက်နက်မဲ့ ၀င်ရောက်လာသော KIA (ကချင်)အဖွဲ့ တပ်ရင်း(၁၁)မှ
မမေဇင်ဦး


Friday, November 8, 2013

SSA (၀မ်ဟိုင်း) အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး အလင်းဝင်ရောက်



နေပြည်တော် ၊ ၈-၁၁-၂၀၁၃

SSA (၀မ်ဟိုင်း) အဖွဲ့မှ တပ်စိတ်မှူး တပ်ကြပ် အဆင့်ရှိ စိုင်းဆမ်လုံ ၃၃ နှစ် (ဘ) ဦးအိုက်လျှို သည် နိုဝင်ဘာ ၆ ရက် မွန်းတည့် ၁၂ နာရီ ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင် မြို့နယ် ၊ နမ့်ဖက်ကာ ရှိ နယ်မြေခံ တပ်သို့ အေကေ-၄၇ တစ်လက် ၊ ၄င်းကျည်အိမ် ၄ ခု ၊ ကျည် ၁၁၄ တောင့် တို့နှင့်အတူ အလင်း ၀င်ရောက် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

Friday, September 20, 2013

SSA ( ရွက်ဆစ် ) အဖွဲ့ မှ တပ်ဖွဲ့ဝင်တစ်ဦး အလင်းဝင်ရောက်


နေပြည်တော် ၊ ၂၀-၉-၂၀၁၃

SSA ( ရွက်ဆစ် ) အဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်သူ တပ်သား အဆင့်ရှိ အိုက်ဝင်း ၄၀ နှစ် (ဘ) ဦးနွဲ့ဖုန်း သည် စက်တင်ဘာလ ၁၈ ရက် ညနေပိုင်း က မိုင်းယောင်း မြို့နယ် နယ်မြေခံ တပ်မတော် စစ်ကြောင်း သို့ လက်နက်မဲ့ အလင်းဝင် ရောက်လာခဲ့ရာ တပ်မတော်မှ လိုအပ်သည်များ ကူညီ ဖြည့်ဆည်း ပေးခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

Monday, September 16, 2013

NDAA (မိုင်းလား) အဖွဲ့မှ အလင်းဝင်ရောက်


နေပြည်တော် ၊ ၁၆-၉-၂၀၁၃

NDAA (မိုင်းလား) အဖွဲ့ တပ်မဟာ ၉၁၁ လူသစ် စုဆောင်း လေ့ကျင့်ရေး စခန်း (ကျင်းရဲ) မှ တပ်သား အဆင့်ရှိသော အိုက်ခမ်းလီး ၂၅ နှစ် (ဘ) ဦးအိုက်ရှဲန်လာ သည် စက်တင်ဘာလ ၁၄ ရက် ညနေပိုင်းတွင် မိုင်းယောင်းမြို့ ရှိ တပ်မတော် စစ်ကြောင်း ထံသို့ လက်နက်မဲ့ အလင်း ၀င်ရောက် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

Sunday, September 15, 2013

NDAA (မိုင်းလား) အဖွဲ့ မှ အလင်းဝင်ရောက်


နေပြည်တော် ၊ ၁၅-၉-၂၀၁၃

NDAA (မိုင်းလား) အဖွဲ့မှ တပ်ဖွဲ့ဝင် များ ဖြစ်ကြသည့် တပ်သား အဆင့်ရှိ အိုက်ထောင်း ၃၅ နှစ် (ဘ) ဦးအိုက်ကျောက် ၊ အိုက်ခမ်းခန် ၂၀ နှစ် (ဘ) ဦးနန်ကျောက် ၊ အိုက်အွန်ရှဲန် ၂၅ နှစ် (ဘ) ဦးနွဲ့ခမ်းအင် နှင့် အိုက်ဆော် (ခ) ဌေးမင်းအောင် ၁၉ နှစ် (ဘ) ဦးအောင်မြင့် တို့ ၄ ဦးသည် စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက မိုင်းယောင်းမြို့ ရှိ တပ်မတော် စစ်ကြောင်း သို့ လက်နက်မဲ့ အလင်း ၀င်ရောက် ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)


Thursday, September 12, 2013

NDAA ( မိုင်းလား ) အဖွဲ့မှ အလင်းဝင်ရောက်


နေပြည်တော် ၊ ၁၂-၉-၂၀၁၃

NDAA ( မိုင်းလား ) အဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ တပ်သား အဆင့်ရှိ နန်းကောင်းရှဲန် နှင့် လူသစ် အဖြစ် စုဆောင်းခြင်း ခံရသည့် မိုင်းယောင်း မြို့နယ် ၀မ်ရှဲန်ရွာ မှ အိုက်လန်း ၊ ၀မ်ယန်းရွာ မှ အိုက်ဘွန်းမား နှင့် ၀မ်တုံရွာ မှ အိုက်တဲန်း တို့ ၄ ဦးသည် စက်တင်ဘာလ ၁၀ ရက်က မိုင်းယောင်း မြို့နယ်ရှိ တပ်မတော် စစ်ကြောင်းသို့ လက်နက်မဲ့ အလင်းဝင် ရောက် ခဲ့ကြောင်း သိရှိရသည်။(၁၀၀)

Wednesday, September 11, 2013

SSA ( ရွက်ဆစ် ) ခွဲထွက် အဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦး အလင်းဝင်ရောက်


နေပြည်တော် ၊ ၁၁-၉-၂၀၁၃

SSA ( ရွက်ဆစ် ) ခွဲထွက် အဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ အိုက်ကျောင်း (ခ) ပေါ့ထောက်ယောင်း သည် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်း တွင် မိုင်းယောင်း မြို့နယ်ရှိ တပ်မတော် စစ်ကြောင်း သို့ လက်နက်မဲ့ အလင်းဝင် ရောက်ခဲ့သည်။


အဆိုပါ SSA ( ရွက်ဆစ် ) ခွဲထွက် အဖွဲ့မှ တပ်ဖွဲ့ဝင် များသည် သြဂုတ်လ မှ စတင်၍ အလင်းဝင် ရောက်လျက် ရှိရာ ယနေ့အထိ အင်အား ၂၈ ဦး လက်နက်မဲ့ အလင်းဝင် ရောက်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။(၁၀၀)

Monday, September 9, 2013

NDAA (မိုင်းလား) အဖွဲ့မှ အလင်းဝင်ရောက်


နေပြည်တော် ၊ ၉-၉-၂၀၁၃

NDAA (မိုင်းလား) အဖွဲ့မှ တပ်သား အဆင့်ရှိ နွဲ့အန် ၂၈ နှစ် (ဘ) ဦးနွဲ့တီး နှင့် အိုက်ရှဲန်းရွတ် ၃၃ နှစ် တို့ ၂ ဦးသည် စက်တင်ဘာလ ၇ ရက်က မိုင်းယောင်းမြို့ ရှိ တပ်မတော် စစ်ကြောင်း သို့ လက်နက်မဲ့ အလင်းဝင်ရောက် ခဲ့ကြောင်း သိရှိရသည်။(၁၀၀)


KIA (ကချင်) အဖွဲ့မှ အလင်းဝင်ရောက်


နေပြည်တော် ၊ ၉-၉-၂၀၁၃

KIA (ကချင်) အဖွဲ့ ရင်း(၃) မှ တပ်သား အဆင့်ရှိသော ဗျာဝူး ၁၈ နှစ် (ဘ) ဦးဗျာလူး သည် စက်တင်ဘာလ ၅ ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် နန်ဇော်ယန် အနီးရှိ တပ်မတော် စစ်ကြောင်း ထံသို့ လက်နက်မဲ့ အလင်းဝင် ရောက်ခဲ့ကြောင်း သိရှိရသည်။(၁၀၀)

Sunday, September 8, 2013

NDAA (မိုင်းလား) အဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး အလင်းဝင်ရောက်


နေပြည်တော် ၊ ၈-၉-၂၀၁၃


NDAA (မိုင်းလား) အဖွဲ့ တပ်မဟာ (၉၁၁) လူသစ် စုဆောင်းရေး နှင့် လေ့ကျင့်ရေး စခန်း (ကျင်းရဲ)မှ တပ်သား အဆင့်ရှိသော အိုက်ဖက် ၄၂ နှစ် (ဘ) ဦးနန်လင်း ၊ အိုက်ဥ ၃၄ နှစ် (ဘ) ဦးအိုက်ကွမ်း နှင့် အိုက်ကျန် ၂၉ နှစ် (ဘ) ဦးအိုက်သန် တို့သည် စက်တင်ဘာလ ၆ ရက် ညနေပိုင်းက မိုင်းယောင်းမြို့ ရှိ တပ်မတော် စစ်ကြောင်း ထံသို့ လက်နက်မဲ့ အလင်းဝင် ရောက် ခဲ့ကြောင်း သိရှိရသည်။(၁၀၀)

Friday, September 6, 2013

KIA (ကချင်) အဖွဲ့မှ တပ်ဖွဲ့ဝင်နှစ်ဦး အလင်းဝင်ရောက်


နေပြည်တော် ၊ ၆-၉-၂၀၁၃


KIA (ကချင်) အဖွဲ့မှ တပ်ဖွဲ့ဝင်များ ဖြစ်သည့် ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲ ဖရဲကျေးရွာနေ တပ်သားအဆင့် ရှိ ဖရဲဆောင်ယိန်း အသက်(၁၆) နှစ်နှင့် ချီဖွေမြို့နယ် မန်တုံကျေးရွာ နေ မန်ကျီလွမ်းခေါင် အသက်(၄၄) နှစ်တို့ နှစ်ဦးသည် စက်တင်ဘာလ ၃ ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲ ရှိ ပြည်သူ့စစ်ရုံး သို့ လက်နက်မဲ့ အလင်းဝင် ရောက်ခဲ့ကြောင်း သိရှိရသည်။

Tuesday, August 13, 2013

ဟံသာဝတီ ပြန်လည် ထူထောင်ရေး ( နိုင်ပန်းညွန့် ) အဖွဲ့မှ လက်နက် / ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်



နေပြည်တော် ၊ ၁၃-၈-၂၀၁၃

ထိုင်း - မြန်မာ နယ်စပ် ၊ ထားဝယ်ခရိုင် အတွင်း လှုပ်ရှားလျက် ရှိသော ဟံသာဝတီ ပြန်လည် ထူထောင်ရေး ( နိုင်ပန်းညွန့် ) အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိသော နိုင်အောင်ကျနိုက် ၃၁ နှစ် ဦးစီး အဖွဲ့ဝင် ၈ ဦးတို့သည် သြဂုတ်လ ၁၁ ရက်နေ့ ည ၉ နာရီခွဲက AK-47 သေနတ် ၂ လက် ၊ ပွိုင့် ၃၀ ကာဘိုင် သေနတ် တစ်လက် ၊ ပွိုင် ၂၂ သေနတ် တစ်လက် ၊ ပွိုင့် ၂၂ တစ်ထောင့်ထိုး သေနတ် တစ်လက် ၊ ပွိုင့် ၃၈ ခြောက်လုံးပြူး အရှည် သေနတ် တစ်လက် ၊ ပွိုင့် ၃၈ ခြောက်လုံးပြူး အတို သေနတ် တစ်လက် ၊ လက်ပစ်ဗုံး တစ်လုံး ၊ လမ်းလျှောက် စကားပြောစက် တစ်လုံး ကျည်မျိုးစုံ ၇၁ တောင့် ၊ ကျည်အိမ်မျိုးစုံ ၇ ခု တို့နှင့်အတူ သံဖြူဇရပ် မြိုရှိ တပ်မတော် စစ်ကြောင်းထံ သို့ အလင်းဝင် ရောက် ခဲ့သည်။


အလင်းဝင် ရောက်လာသော ဟံသာဝတီ ပြန်လည် ထူထောင်ရေး ( နိုင်ပန်းညွန့် ) အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိသော နိုင်အောင်ကျနိုက် ၃၁ နှစ် ၊ ဗိုလ်ကြီး အဆင့်ရှိသော နိုင်ကလပ်စွန်း ၃၄ နှစ် နှင့် ထူးထူးစိတ် ၅၅ နှစ် ၊ အရာခံဗိုလ် အဆင့်ရှိသော အထူး ၃၇ ၊ တပ်သား အဆင့်ရှိသော ချန်တရော့ ၂၂ နှစ် ၊ နိုင်အ၀ ၃၃ နှစ် ၊ ပလိုင်စိုး ၂၁ နှစ် ၊ အောင်ကျနိုက် ၂၆ နှစ်တို့အား တပ်မတော် စစ်ကြောင်း မှ လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...