Social Icons

Pages

Showing posts with label ပွဲတော်များ. Show all posts
Showing posts with label ပွဲတော်များ. Show all posts

Thursday, February 7, 2019

လားဟူ တိုင်းရင်းသားများ စုပေါင်း နှစ်သစ်ကူးပွဲ ကျင်းပ

လားဟူ တိုင်းရင်းသားများ စုပေါင်း နှစ်သစ်ကူးပွဲ ကျင်းပ
-
လားရှိုး  ဖေဖော်ဝါရီ  ၆ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် နမ္မဗောဒကျေးရွာ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက လားရှိုးမြို့နယ်၊ မိုင်းရယ်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ရှိ လားဟူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊လားဟူတိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူး ပွဲတော် ကျင်းပကြောင်း သိရသည်။ 
-
ရှေးဦးစွာ လားရှိုးမြို့နယ် လားဟူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် လားဟူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးယောသပ်က ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားကာ လားဟူတိုင်းရင်းသား ရိုးရာနှစ်သစ်ကူး ဖြစ်ပေါ်လာပုံနှင့် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို ပြောကြားသည်။ 
-
ထို့နောက် လားဟူတိုင်းရင်းသား၊ တိုင်းရင်းသူများက လားဟူတိုင်းရင်းသား ရိုးရာများဖြစ်သည့် ပန်းပေါက်ခြင်း၊ ဂျင်ပေါက်ခြင်း၊ဒိုးပစ်ခြင်း၊ ခေါပုတ်ထောင်းခြင်း၊ မြေဝိုင်းအကနှင့်ရိုးရာအကများဖြင့် ပြသကြရာတက်ရောက်လာကြ သူများက စိတ်ဝင်တစား အားပေးကြည့်ရှုကြပြီး တက်ရောက်လာသော လားဟူဘိုးဘွားများအား ရေဆေးကန်တော့ခြင်းများဆောင်ရွက်ကြကာ နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးအတွက်ပါဝင်ကူညီပေးကြသူများအား တာဝန်ရှိသူ များက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။ 
-
ယင်းနောက်  လားရှိုးမြို့နယ်  လားဟူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဒေါ်လီဘိုက ကျေးဇူးတင်စကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့် စုပေါင်း၍ ပျော်ရွှင်စွာရိုးရာ အကများဖြင့် ကပြကြသည်။ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးယောသပ်၊ လားရှိုးခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့ထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လားဟူတိုင်းရင်းသားများ၊တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဒေသခံလားဟူတိုင်းရင်းသားများ တက်ရောက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 6, 2019

ကျိုင်းတုံမြို့နယ်၏ (၃၈)ကြိမ်မြောက် လားဟူရိုးရာ စုပေါင်းနှစ်သစ်ကူး ပွဲတော်ပြုလုပ်

ကျိုင်းတုံမြို့နယ်၏ (၃၈)ကြိမ်မြောက် လားဟူရိုးရာ စုပေါင်းနှစ်သစ်ကူး ပွဲတော်ပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ   ၅
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၏ (၃၈)ကြိမ်မြောက် လားဟူရိုးရာစုပေါင်းနှစ်သစ်ကူး ပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ မြို့မ အားကစားကွင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လားဟူတိုင်းရင်းသား ခေါင်းဆောင်များ၊ဖိတ်ကြားထားသူ များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
-
-
ဦးစွာ တိုင်းမှူးက နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားပြီး လားဟူတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူးပွဲတော် ကျင်းပရေးအတွက် အလှူငွေများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ထို့နောက်တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားရိုးရာ အကအဖွဲ့ များ၏ ရိုးရာအကများဖြင့် ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးပြီး လားဟူစာပေနှင့် ရိုးရာ ယဉ်ကျေးမှု ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, February 5, 2019

မိုင်းဖြတ်မြို့၊ (၂၇) ကြိမ်မြောက် လားဟူရိုးရာ ယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူး ပွဲတော်ပြုလုပ်

မိုင်းဖြတ်မြို့၊ (၂၇) ကြိမ်မြောက် လားဟူရိုးရာ ယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူး ပွဲတော်ပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၄ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့၊ (၂၇)ကြိမ်မြောက် လားဟူရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက် ပိုင်းတွင် မိုင်းဖြတ်မြို့နယ်၊ အားကစားကွင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လားဟူတိုင်းရင်းသားခေါင်း ဆောင်များ၊ ဖိတ်ကြား ထားသူများနှင့် လားဟူ တိုင်းရင်းသားများ တက်ရောက်ကြသည်။ 
-
ဦးစွာ လားဟူရိုးရာ ယဉ်ကျေးမှုစုပေါင်း နှစ်သစ်ကူးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပြီးနောက် လားဟူရိုးရာ လက်ဆေး မင်္ဂလာ ယူခြင်းများဆောင်ရွက်ကြပြီး တိုင်းမှူးက နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက လားဟူတိုင်းရင်း သားစုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပရေး အတွက် အလှူငွေများ ပေးအပ်ရာ တာဝန်ရှိ သူတစ်ဦးမှ လက်ခံရယူခဲ့သည်။ 
-
ယင်းနောက် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် ပညာသင်နှစ်၊ ၂ဝ၁၇- ၂ဝ၁၈ ခုနှစ် ပညာသင်နှစ်များတွင် တက္ကသိုလ် ဝင်တန်းအောင်မြင်ခဲ့သော  လားဟူတိုင်း ရင်းသားကျောင်းသား၊ ကျောင်းသူများအား  တိုင်းမှူးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ် တမ်းလွှာများ အသီးသီး ပေးအပ်ကြပြီး လားဟူ တိုင်းရင်းသားများ ကိုယ်စား ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီမှ တက်ရောက်လာကြ သူများအား ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး စုပေါင်းနှစ်သစ်ကူးမိတ်ဆုံစားပွဲဖြင့်  တည်ခင်းဧည့်ခံခဲ့ကြကြောင်း  သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, December 18, 2018

ရှမ်းနှစ်သစ်ကူး ကောက်သစ်စားပွဲတော် ကျင်းပ

ရှမ်းနှစ်သစ်ကူး ကောက်သစ်စားပွဲတော် ကျင်းပ
-
ဖြူး  ဒီဇင်ဘာ ၁၇ 
-
ရိုးရာယဉ်ကျေးမှု   ရှေ့ဆက်လက်ဆင့်ကမ်းနိုင်ရန် ရည်ရွယ်၍   ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ နယ်   ခရမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ (၂၆)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူး ကောက်သစ်စားပွဲတော် အခမ်းအနား ကျင်းပ သည်။ ရှေးဦးစွာ ရှမ်းနှစ် ၂ဝ၁၃ ခုနှစ် (၂၆)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူး ကောက်သစ်စားပွဲ တော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ 
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော သဝဏ်လွှာအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးက ဖတ်ကြားပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နာယကနှင့် ဥက္ကဋ္ဌ တို့က ကျေးဇူး တင်စကား  ပြန်လည်ပြောကြားကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က   ပေးအပ်သော ငွေကျပ် ၂ဝ၅ဝဝဝဝ ကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌထံ ပေးအပ်သည်။ ယင်းနောက် ရှမ်းရိုးရာ နှစ်သစ်ကူးယဉ်ကျေးမှု အဆို၊အကများဖြင့် ကပြသီဆို ဖျော်ဖြေ တင်ဆက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ရန်ကုန်မြို့၌ ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော် ကျင်းပမည်

-
ရန်ကုန် ဒီဇင်ဘာ ၁၇  
-
ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ကျရောက်မည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော် များကို ပွဲတော်ကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်)က ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ကရင်နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်) အတွင်းရေးမှူး ဦးမန်းသန်းဝင်းဦး ထံမှသိရသည်။ 
-
ကရင်နှစ်သစ်ကူး ပွဲတော်တွင် ဒုံးအကပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ ဝါးထောက်၊ ဝါးညှပ်အကများ၊ ကရင်ရိုးရာ တေးသီချင်း ဖျော်ဖြေပွဲများ၊ ရိုးရာအသုံးအဆောင် ပစ္စည်းပြခန်းများ၊ ယဉ်ကျေးမှုပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ရိုးရာအစားအစာ အရောင်းဆိုင်များ ထည့်သွင်း ကျင်းပလေ့ရှိပြီး ယခုနှစ်ထူးခြားမှု အနေဖြင့် မဟာဆေးဝင်္ဂပါ အာလိန်ငါးဆင့်ကျောင်း၌ ကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ ပွဲတော်ပြန်ကြားရေး ပြခန်း၌  အင်္ဂလိပ်-မြန်မာ-စကောကရင်-ပိုးကရင် အဘိဓာန်စာအုပ်နှင့် ပြုစုရေးသားလျက်ရှိသော ကရင်အမျိုးသား သမိုင်းစာအုပ်တို့ကို ပြသသွားမည်ဖြစ်သည်။
-
ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကရင်တိုင်းရင်းသားများ  ပျံ့နှံ့နေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်သာမက ပြည်ပနိုင်ငံများတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည့်  ရှေးကရင်မိဘ ဘိုးဘွားများ ကောက်ပဲသီးနှံ ရိတ်သိမ်းသည့် နွေဦးကာလတွင် မိသားစုလိုက် ကောက်သစ်စားပွဲတော်များ စုပေါင်း၍ ပျော်ရွှင်စွာကျင်းပကြရာမှ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို နှစ်စဉ်ကျင်းပခဲ့သည်။ 
-
''မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ဟာ ကောက်သစ်စားပွဲကနေ ဖြစ်တည်လာတဲ့ နှစ်သစ်ကူးဖြစ်တဲ့အတွက် နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့  တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံး ကျွန်တော်တို့ရဲ့နှစ်သစ်ကူးမှာ အတူတကွလာရောက်ပြီးတော့ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါတယ်လို့ ဖိတ်ခေါ်ပါတယ်''ဟု ဦးမန်းသန်းဝင်းဦးကပြောသည်။ 
-
ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊  ကရင်တိုင်းရင်းသားတို့၏ ဘာသာစကား၊  စာပေနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ မပျောက်ပျက်စေရန်နှင့် ပိုမိုထွန်းကား လာစေရေး၊ လူငယ်များအနေဖြင့် ကရင်ရိုးရာ ယဉ်ကျေးမှုများကို မြတ်နိုးထိန်းသိမ်း တတ်လာစေရေးတို့အတွက် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မဟာဆေးဝင်္ဂပါအာလိန်ငါးဆင့်ကျောင်း၊ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရား၊ အလုံမြို့နယ် ကရင်ခြံ၊  သာကေတမြို့နယ် တိုင်းရင်းသား ကျေးရွာနှင့် လှိုင်သာယာမြို့နယ်တို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး အခြားမြို့နယ်/ရပ်ကွက်/ ကျေးရွာများတွင်လည်း ဒေသအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, December 12, 2018

(၁၁)ကြိမ်မြောက် အာခါရိုးရာ စုပေါင်းခါးထောင်းဖား ပွဲတော်ပြုလုပ်

(၁၁)ကြိမ်မြောက် အာခါရိုးရာ စုပေါင်းခါးထောင်းဖား ပွဲတော်ပြုလုပ်
-
နေပြည်တော်  ဒီဇင်ဘာ  ၁၁ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ (၁၁)ကြိမ်မြောက်  အာခါရိုးရာစုပေါင်း ခါးထောင်းဖား ပွဲတော်အား ယနေ့နံနက်ပိုင်း တွင် တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်း၌ ပြုလုပ်ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ အာခါတိုင်းရင်းသား ခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် အာခါတိုင်းရင်းသား ဒေသခံပြည်သူများ တက်ရောက်ကြသည်။ ဦးစွာ အာခါရိုးရာစုပေါင်းခါးထောင်းဖား ပွဲတော်အား တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် တာဝန်ရှိသူများမှ  ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး တိုင်းမှူးက နှစ်သစ်နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ ထို့နောက် ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အာခါရိုးရာဓလေ့ ထုံးစံများကို အာခါတိုင်းရင်းသား ဦးလောတာက မြန်မာဘာသာဖြင့် လည်းကောင်း၊   အာခါရိုးရာ ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးမင်းညိုက အာခါဘာသာဖြင့် လည်းကောင်း ပြောကြားပြီး  ဖွင့်ပွဲကို ကျင်းပ ကြသည်။
-
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အာခါရိုးရာ စုပေါင်းခါးထောင်းဖား ပွဲတော် ကျင်းပရေးအတွက် အလှူငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ  တာဝန်ရှိသူများမှ လက်ခံရယူကြပြီး အာခါတိုင်းရင်းသား လူငယ်၊ မောင်မယ်များမှ  စုပေါင်းနှစ်သစ်ကူးပွဲတော် နှုတ်ခွန်းဆက် တေးသံသာ၊ အကပဒေသာများဖြင့် ကပြဖျော်ဖြေကြရာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများမှကြည့်ရှုအားပေးကြသည်။ 
-
ဆက်လက်၍  တိုင်းမှူးနှင့် တက်ရောက်လာကြသူများက (၁၁)ကြိမ်မြောက်  အာခါ ရိုးရာစုပေါင်းခါးထောင်းဖား ပွဲတော် နှစ်သစ်ကူး အထိမ်းအမှတ်ပြခန်းအား လှည့်လည် ကြည့်ရှုကြပြီး စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီမှ တက်ရောက်လာကြ သော ဧည့်သည်တော်များနှင့် ဧည့်ပရိသတ်များအား စုပေါင်းနှစ်သစ်ကူး မိတ်ဆုံစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။           
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်း

Friday, October 26, 2018

သီတင်းကျွတ် လပြည့်နေ့တွင် ညောင်တုန်းမြို့ အတုလမာရဇိန် သွန်းဘုရားကြီးနှင့် စေတီပုထိုးများ၊ လမ်းအသီးသီး၌ ဘုရားဖူးသူများဖြင့် အထူးစည်ကား

သီတင်းကျွတ် လပြည့်နေ့တွင် ညောင်တုန်းမြို့ အတုလမာရဇိန် သွန်းဘုရားကြီးနှင့် စေတီပုထိုးများ၊ လမ်းအသီးသီး၌ ဘုရားဖူးသူများဖြင့် အထူးစည်ကား
ညောင်တုန်း  အောက်တိုဘာ  ၂၅
-
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့အမှတ်(၂)ရပ်ကွက် လမ်းမတော်လမ်းရှိ အတုလမာရဇိန်သွန်းဘုရား ရုပ်ပွားတော်မြတ်ကြီးတွင် နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)နှင့် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တို့၌ အမှတ်(၂)အမျိုးသား လူငယ်အသင်းနှင့် ဘုရားဂေါပကအဖွဲ့တို့က ကြီးမှူး၍ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သီတင်းကျွတ် မီးထွန်းပွဲတော် ဆီမီး၊ ပန်း ပူဇော်ကန်တော့ပွဲကို  အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပကြကြောင်း သိရသည်။ 
-
ထို့ပြင်  ရပ်ကွက်တိုင်း၊ လမ်းတိုင်းတွင်လည်း တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီလာသည့် မြတ်စွာဘုရားအား ဆီမီးရောင်စုံများ ထွန်းညှိလျက် ကြိုဆိုပူဇော်ကြသည်။ 
-
ထို့ပြင် ညောင်တုန်းမြို့၏ မြို့ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် မြို့ဦးမိုးဟုတ် စေတီတော်မြတ်ကြီး၊ နိုင်ငံအေးဘုရားကြီးနှင့် ဥသျှစ်လျှစေတီတို့တွင်လည်း သီတင်းကျွတ် လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) နံနက် အရုဏ်တက်တွင် ဆီမီး ၁ဝဝဝ ၊ ကြာပန်း ၁ဝဝဝ၊ ဆွမ်း ၁ဝဝဝ၊ တံခွန် ၁ဝဝဝ လှူဒါန်း ပူဇော်ပွဲ၊ ဆီမီးထွန်းညှိပူဇော်သည့် ဘုရားဖူး ဧည့်သည်များဖြင့် အထူးစည်ကားလျက် ရှိသည်။ 
-
အလားတူအမှတ်(၈)ရပ်ကွက်သီတာလမ်း၊ မိုးဟုတ်ဘုရားကြီးလမ်း တစ်လျှောက်၊ တောရ ကျောင်းလမ်း၊ တိုက်သစ်လမ်းတစ်လျှောက်၊ အောင်ရတနာလမ်း၊  ဉာဏဗလလမ်း၊ မြို့မလမ်းမတော်လမ်း တစ်လျှောက်နှင့် အမှတ်(၁) ရပ်ကွက်၊ အမှတ် (၉)ရပ်ကွက်၊ အမှတ်(၁ဝ)ရပ်ကွက်ရှိ လမ်းအသီးသီးတို့တွင် တာဝတိံသာ ဘုရားပွဲလှည့်လည် ပူဇော်ခြင်း၊ မြတ်စွာဘုရားရှင်အား လျှပ်စစ်ဆီမီးရောင်စုံများ ထွန်းညှိပူဇော်ခြင်း၊ ဆီမီးအလင်းတိုင်များ ထွန်းညှိပူဇော်ခြင်းများ၊ စတုဒိတာကျွေးမွေးခြင်း၊ ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်များ လှူဒါန်းပေးကမ်းခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ဧည့်သည်များ၊ ဒေသခံများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ဖလမ်းမြို့၌ ဟွာလ်ငိုးမျိုးနွယ်စုများ၏ ချင်းရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပ

မိုင်းယောင်းမြို့နယ်၌ ရိုးရာသီတင်းကျွတ် ပွဲတော် ကျင်းပ

မိုင်းယောင်း အောက်တိုဘာ ၂၅
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်  မိုင်းယောင်းမြို့နယ်တွင် ရိုးရာသီတင်းကျွတ် ပွဲတော်ကို အမှတ်(၂)ရပ်ကွက်ရှိ ကျော့မ်ကျိုက်ဘုန်းတော်ကြီး ကျောင်း၌  ယမန်နေ့က ရိုးရာဓလေ့နှင့်အညီ ဆင်ဆွဲပွဲအလှများဖြင့် မိုင်းယောင်း သားများ  တစ်နှစ်တစ်ကြိမ် ပျော်ရွှင်စွာ စုပေါင်းဆင်နွှဲကြကြောင်း သိရသည်။
-
မိုင်းယောင်းမြို့နယ်၌    နှစ်စဉ် သီတင်းကျွတ်ပွဲတော်ကို စောင်၊ ရွှေ၊ ငွေနှင့်အထည် စသောတန်ဖိုးရှိ အသုံးအဆောင် ပစ္စည်းများဖြင့်   ဆင်ရုပ်၊ မြင်းရုပ်ကြီးများကို လှပအောင် ဆင်ယင်ပြုလုပ်ပြီး    သံဃပဝါရဏာပြုပွဲနှင့် ရဟန်း သာမဏေ တို့အား စာရေးတံမဲချ လှူဒါန်းရန်အတွက်   မိမိတို့၏ တိုင်းရင်းသားရိုးရာ အဝတ်အစားများ ဆင်တူဝတ်ဆင်ကာ  ဘိုးဘွားအမွေ ရှမ်းအိုးစည်ဗုံမောင်းများ  တီးခတ်ကခုန်လျက် ဆင်ရုပ်၊ မြင်းရုပ်ကြီးများကို ဝါးနှီးများအသုံးပြု၍ ကျစ်ထားသော မင်္ဂလာကြိုးကြီးများဖြင့် ပြိုင်တူဆွဲကြပြီး အလှည့်ကျသည့် ကျေးရွာဘုန်းကြီးကျောင်းသို့ စုပေါင်းပို့ဆောင်ကြသည်။
-
ထို့အတူ ကျေးရွာအုပ်စုများ၌လည်း ပျော်ပွဲရွှင်ပွဲများနှင့်အတူ သီတင်းကျွတ်ပွဲတော်ကို လမ်ဝုန်းအကများဖြင့် ပျော်ရွှင်စွာ  စုပေါင်းဆင်နွှဲကြပြီး မြို့၏အထင်ကရ နေရာများဖြစ်ကြသည့်  ထပ်လုံစွမ်ယောင်း စေတီတော်၊    ဗောဓိရွှေညောင်ပင်၊ ဈာန်ရကိုရင်ကြီးတောရကျောင်း၊ အသောကသိမ်တော်၊ မြို့ဦးစေတီ၊ ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်၊ဗုဗ္ဗဝိဇယ ဆုတောင်းပြည့်စေတီ၊ မဟာမြတ်မုနိ ဘုရားကြီး၊ မိုင်းဟန်ကျောင်းတိုက်၊ ထပ်ပူခမ်းစေတီနှင့် ဝမ်ကျိုင်းကိုရင်လေး တောရကျောင်းတို့၌လည်း အလှူဒါနပြုသူများ၊ ကုသိုလ်ပြုသူများနှင့် တရားဘာဝနာ အားထုတ်သူများဖြင့် အထူးစည်ကားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မဟာစေတီလှ ဘုရားပွဲတော်ကြီး၌ ကပြသည့် မြန်မာ့ရိုးရာ နဂါးအကကို ကြည့်ရှုအားပေးသူ များပြား

မဟာစေတီလှ ဘုရားပွဲတော်ကြီး၌ ကပြသည့်  မြန်မာ့ရိုးရာ နဂါးအကကို ကြည့်ရှုအားပေးသူ များပြား
မုံရွာ အောက်တိုဘာ ၂၅
-
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် ၁ဝ မိုင်ခန့်အကွာ သာစည်ကျေးရွာရှိ မဟာစေတီလှ စေတီတော်ကြီး၌ နှစ်စဉ်သီတင်းကျွတ် လပြည့်နေ့တွင်ဘုရားပွဲ ကျင်းပရာ သာစည်နယ်ပိုင်  ကျေးရွာ ၆၄ ရွာမှ   ကျေးရွာသူ၊ ကျေးရွာသားများက မိမိတို့ဒေသ ထွက်သော သီးနှံများ နှစ်စဉ်ပေါကြွယ်ဝစေရေး အတွက် စေတီတော်ကြီးတွင် ကြဲပက်၍ လှူဒါန်းကြပြီး အချို့ကျေးရွာများမှ မြန်မာ့ရိုးရာနဂါးအကဖြင့် စေတီတော်ကြီးအား  လာရောက်ပူဇော်ကြကြောင်း သိရသည်။
-
''နဂါးအကဟာ စုပေါင်းပြီး ညီညွတ်မှုနဲ့ ကရတဲ့အကပါ၊ လူငယ်တွေ ကျန်းမာသန်စွမ်းမယ်၊ စည်းလုံးမှုရှိမယ်၊ ရပ်ရေးရွာရေးတွေကို စည်းလုံးမှုနဲ့ ဝိုင်းဝန်း လုပ်ဆောင်နိုင်ကြမယ်ဆိုတဲ့ အချက်တွေလည်း ပါတယ်။ အဲဒီရည်ရွယ်ချက်တွေကို  အစဉ်အဆက် လက်ဆင့်ကမ်းပြီး ကျွန်တော်တို့က အကောင်အထည် ဖော်တာပါ။ နဂါးအက တစ်ခါကရင် ရှစ်ဦးကရတယ်။ ဒီနဂါးအကဟာလည်း နှစ်စဉ်မပြတ် ဘုရားပွဲရောက်တိုင်း ကပြပြီးပူဇော်ကြ တာ။ ဝါတွင်းကာလမှာ နဂါးအကကို လေ့ကျင့်တဲ့အနေနဲ့ လူငယ်တွေက ကျေးရွာအတွင်းမှာ လှည့်ပြီးကရင်းနဲ့ အလှူခံကြတယ်။ အဲဒီကရတဲ့ အလှူငွေတွေ စုပေါင်းပြီး သီတင်းကျွတ်လပြည့်နေ့ မဟာစေတီလှ ဘုရားပွဲတော်မှာ ပွဲတက်သွားပြီး နဂါးအက ကရင်းနဲ့ ရွှေဖိုးငွေတွေ လှူကြတယ်။ ဘုရားပွဲတော်နေ့မှာ နဂါးအကနဲ့ စေတီတော်ကို တစ်ပတ်လှည့်လည်ပြီးကကြတယ်။ ပြီးတာနဲ့ နဂါးရဲ့ကိုယ်ထည်ကို ဘုရားမှာလှူခဲ့တယ်။ ဒါက  နှစ်စဉ်လုပ်နေကျ အတိုင်းပါပဲ''  ဟု သစ်ကျင်းကြီး နဂါးအကအဖွဲ့   ကြီးကြပ်သူ ဦးဇော်မျိုးလွင် ကပြောသည်။
-
မြန်မာ့ရိုးရာနဂါးအကကို ယခင်က သာစည်နယ်ပိုင် ၆၄ ရွာရှိသည့်အထဲမှ ကျေးရွာ ၂ဝ ခန့် ပါဝင်ကပြခဲ့ကြသော်လည်း ယခုအခါတွင် ညောင်ထူးကြီးကျေးရွာနှင့် သစ်ကျင်းကြီးကျေးရွာ နှစ်ရွာသာ ကပြကြရာ ဘုရားပွဲသို့ လာရောက်ကြသည့်  ပရိသတ်များက စိတ်ဝင်တစားကြည့်ရှု အားပေးကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

မိုင်းယောင်းမြို့နယ်၌ ရိုးရာသီတင်းကျွတ် ပွဲတော် ကျင်းပ

မိုင်းယောင်းမြို့နယ်၌ ရိုးရာသီတင်းကျွတ် ပွဲတော် ကျင်းပ

မိုင်းယောင်း အောက်တိုဘာ ၂၅
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်  မိုင်းယောင်းမြို့နယ်တွင် ရိုးရာသီတင်းကျွတ် ပွဲတော်ကို အမှတ်(၂)ရပ်ကွက်ရှိ ကျော့မ်ကျိုက်ဘုန်းတော်ကြီး ကျောင်း၌  ယမန်နေ့က ရိုးရာဓလေ့နှင့်အညီ ဆင်ဆွဲပွဲအလှများဖြင့် မိုင်းယောင်း သားများ  တစ်နှစ်တစ်ကြိမ် ပျော်ရွှင်စွာ စုပေါင်းဆင်နွှဲကြကြောင်း သိရသည်။
-
မိုင်းယောင်းမြို့နယ်၌    နှစ်စဉ် သီတင်းကျွတ်ပွဲတော်ကို စောင်၊ ရွှေ၊ ငွေနှင့်အထည် စသောတန်ဖိုးရှိ အသုံးအဆောင် ပစ္စည်းများဖြင့်   ဆင်ရုပ်၊ မြင်းရုပ်ကြီးများကို လှပအောင် ဆင်ယင်ပြုလုပ်ပြီး    သံဃပဝါရဏာပြုပွဲနှင့် ရဟန်း သာမဏေ တို့အား စာရေးတံမဲချ လှူဒါန်းရန်အတွက်   မိမိတို့၏ တိုင်းရင်းသားရိုးရာ အဝတ်အစားများ ဆင်တူဝတ်ဆင်ကာ  ဘိုးဘွားအမွေ ရှမ်းအိုးစည်ဗုံမောင်းများ  တီးခတ်ကခုန်လျက် ဆင်ရုပ်၊ မြင်းရုပ်ကြီးများကို ဝါးနှီးများအသုံးပြု၍ ကျစ်ထားသော မင်္ဂလာကြိုးကြီးများဖြင့် ပြိုင်တူဆွဲကြပြီး အလှည့်ကျသည့် ကျေးရွာဘုန်းကြီးကျောင်းသို့ စုပေါင်းပို့ဆောင်ကြသည်။
-
ထို့အတူ ကျေးရွာအုပ်စုများ၌လည်း ပျော်ပွဲရွှင်ပွဲများနှင့်အတူ သီတင်းကျွတ်ပွဲတော်ကို လမ်ဝုန်းအကများဖြင့် ပျော်ရွှင်စွာ  စုပေါင်းဆင်နွှဲကြပြီး မြို့၏အထင်ကရ နေရာများဖြစ်ကြသည့်  ထပ်လုံစွမ်ယောင်း စေတီတော်၊    ဗောဓိရွှေညောင်ပင်၊ ဈာန်ရကိုရင်ကြီးတောရကျောင်း၊ အသောကသိမ်တော်၊ မြို့ဦးစေတီ၊ ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်၊ဗုဗ္ဗဝိဇယ ဆုတောင်းပြည့်စေတီ၊ မဟာမြတ်မုနိ ဘုရားကြီး၊ မိုင်းဟန်ကျောင်းတိုက်၊ ထပ်ပူခမ်းစေတီနှင့် ဝမ်ကျိုင်းကိုရင်လေး တောရကျောင်းတို့၌လည်း အလှူဒါနပြုသူများ၊ ကုသိုလ်ပြုသူများနှင့် တရားဘာဝနာ အားထုတ်သူများဖြင့် အထူးစည်ကားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, September 7, 2018

ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်တွင် လေယာဉ်မျိုးစုံပြပွဲ၊ ပြိုင်ပွဲကျင်းပနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြမည်



ပြင်ဦးလွင် ၇-၈-၂ဝ၁၈

ယခုနှစ် ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်တွင် လေယာဉ်မျိုးစုံပြပွဲ၊ ပြိုင်ပွဲကျင်းပနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံတင်ပြမည် ဖြစ်ကြောင်း တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက
ပြောပြသည်။

မကြာမီကာလတွင် နှစ်စဉ်ကျင်းပ မြဲဖြစ်သည့် တန်ဆောင်တိုင် ပွဲတော်ကာလသို့ ရောက်ရှိတော့ မည်ဖြစ်သော်လည်း လက်ရှိအချိန်ထိ မီးပုံးပျံပွဲတော်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ကော်မတီများ ဖွဲ့စည်းထားခြင်း မရှိသေးကြောင်း၊ ယခုစက်တင်ဘာလ အတွင်း၌ ဦးစီးကော်မတီများ ဖွဲ့စည်းကာ သက်ဆိုင်ရာဌာနအလိုက် တာဝန်ခွဲဝေပေးမှုများ ပြုလုပ်ပေးသင့်ပြီး ယခုလထက်နောက်ကျပါက မီးပုံးပျံပြိုင်ပွဲအတွက် ရှေ့ဆက်လုပ်ဆောင် ရမည့်အစီအစဉ်များကို တစ်လခန့်ဖြင့်သာ လုပ်ဆောင်ရမည် ဖြစ်သောကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ယခင်နှစ်က ထည့်သွင်း ကျင်းပခဲ့သည့် လေကြောင်းဆိုင်ရာ လူငယ်များကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိသည့် လေယာဉ်ပျံများကို ပြပွဲပြိုင်ပွဲတွင် ထည့်သွင်းကျင်းပ ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

"တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပဖို့က နှစ်လပဲလိုတော့တယ်။ အခုလကတည်းကစမှ ပွဲတော်အတွင်းမှာ ကျင်းပမယ့်ပြိုင်ပွဲတွေကို ကြိုတင်စီစဉ် လို့ရမှာပါ။ အဓိကကတော့ လူငယ်တွေကိုယ်တိုင် ဖန်တီးထားတဲ့ လေယာဉ်ပျံမျိုးစုံ စီးချင်းထိုးပြီး ပြိုင်တာတွေ၊ အလှပြတာတွေ စတဲ့မျိုးဆက်သစ်တွေကို မြေတောင်မြှောက် ပေးနိုင်ဖို့အတွက် ဒီလိုပြိုင်ပွဲကို ထည့်သွင်းကျင်းပပေးဖို့ တော့လိုမယ်။ ပြိုင်ပွဲလုပ်ဖြစ်ရင် လူငယ်တွေ အချိန်ယူပြီး လေယာဉ်မျိုးစုံကို ဖန်တီးလို့ရအောင်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခုနှစ်ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်ကျင်းပ နိုင်ရေးအတွက် ယခုစက်တင်ဘာလ ပထမပတ်ကတည်းက သက်ဆိုင်ရာကော်မတီ အဖွဲ့အစည်းများ ဖွဲ့စည်းမှုမရှိပါက တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် မီးပုံးပျံအလုံးရေ ယခင်နှစ်ထက် လျော့ကျသွားနိုင်သည်။ "အရင်နှစ်ကမှ ပထမဆုံးအကြိမ်အဖြစ် ပြင်ဦးလွင် တန်တောင်တိုင်ပွဲတော်မှာ လေယာဉ်ပျံမျိုး စုံပြပွဲ၊ ပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့တယ်။ ဒီပြပွဲ၊ပြိုင်ပွဲမှာ လေကြောင်းပညာကိုစိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ လေယာဉ်မျိုးစုံကို ကိုယ်တိုင်ဖန်တီးပြီး လာပြိုင်တာတွေ့ရတယ်။ တိုက်လေယာဉ်ပုံစံတွေနဲ့ စီးချင်းထိုး တိုက်တဲ့ပုံစံတွေကအစ ပြသသွားတာတွေက အနာဂတ်မှာဖန်တီး နိုင်စွမ်းရှိတဲ့ လူငယ်တွေ ပေါ်ထွန်းလာမှာပါ။ ဒါကြောင့် ဒီနှစ်မှာလဲ လေယာဉ်မျိုးစုံပြပွဲ၊ ပြိုင်ပွဲကိုတော့ ထည့်သွင်းကျင်းပပေးဖို့ အဆင့်ဆင့်တင်ပြ သွားမှာပါ" ဟု ၎င်းကဆက်လက် ပြောပြသည်။

# မြဝတီနေ့စဉ်သတင်းစာ

Friday, March 16, 2018

ချင်းတွင်းသင်္ကြန်အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိ



မုံရွာ ၁၆-၃-၂ဝ၁၈

ပထမအကြိမ်အဖြစ် ကျင်းပမည့် ချင်းတွင်း သင်္ကြန်ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်ပေါ်တွင် ပြင်ဆင်မှု များပြုလုပ်လျက် ရှိကြောင်းစစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြတ်ကျော်ကျော်က ပြောပြ၍ သိရသည်။

ချင်းတွင်းသင်္ကြန် ပွဲတော်ကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ထိန်းသိမ်းရန်၊ ဒေသထွက်ကုန်များ ဈေးကွက်ကောင်း ရရှိစေရန်၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်ပေါ်တွင် ပထမအကြိမ်အဖြစ် ဧပြီ ၁၁ရက်မှ ၁၇ရက်ထိ ကျင်းပသွားမည်ဖြစ်ရာ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

"ပထမအကြိမ် ကျင်းပမယ့် ချင်းတွင်းသင်္ကြန်ကို ခုနစ်ရက်ကြာ ကျင်းပသွားမှာပါ။ ချင်းတွင်းသင်္ကြန်ကို သဲသောင်ပြင်မှာ မြန်မာ့ရိုးရာ လှည်းယဉ်တွေ၊ မြင်းတွေစီးလို့ရအောင် စီစဉ်ပေးထားမယ်။ Para Motar ၊ သဲပန်းပုပြခန်းတွေပါမယ်။ ဆိုင်ကယ်စတန့် ပြတာတွေပါမယ်။ ကမ်းစပ်မှာနားလို့ ရအောင်တဲလေးတွေ ထိုးထားပေးမယ်။ ရေစိမ်ချင်ရင်လဲ စိမ်နေလို့ရအောင် စီစဉ်ပေးထားမယ်။ ပြခန်းတွေက တော့ဒေသတွင်းက ထွက်တဲ့ စဥ့်ထည်တွေ၊ ခန္တီးဒေသဘက်က ထွက်တဲ့ ပယင်းပစ္စည်းတွေ ပြသထားမယ်။ ရောင်းလဲရောင်းမယ်။ နောက်ပြီး နာဂ၊ ရှမ်းနီ၊ ချင်း၊ ကဒူး၊ ကနန်း စတဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့တွေကိုလဲ ဖိတ်ခေါ်ပြသမှာပါ။ ဒါကတော့ တိုင်းဒေသကြီးအတွင်းမှာ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အထောက်အကူ ဖြစ်စေဖို့အတွက်ပါ။ စားသောက်တန်း တွေပါမယ်၊ ကလေးတွေ ကစားလို့ရမယ့်ကစားကွင်းတွေ စီစဉ်ပေးထားပါမယ်။ လူကြီးတွေအတွက် ကတော့ ရေကစားချင်သူတွေက အစိုခံမဏ္ဍပ်မှာ သွားမယ်။ ရေမစိုချင်ဘူး အေးအေးဆေးဆေး နေချင်တဲ့သူတွေအတွက် အခြောက်ခံမဏ္ဍပ်တွေ စီစဉ်ပေးထားပါမယ်"ဟု စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြတ်ကျော်ကျော်က ပြောပြ၍ သိရသည်။

#Yadanarpondaily

ယခုနှစ် မြစ်ကြီးနားမြို့ သင်္ကြန်ပွဲတော်တွင် လမ်းလျှောက် သင်္ကြန်ပါဝင်မည်



မြစ်ကြီးနား ၁၆-၃-၂ဝ၁၈

မြစ်ကြီးနားမြို့၌ ယခုနှစ်တွင် ပြုလုပ်မည့် သင်္ကြန်ပွဲတော်၌ လမ်းလျှောက်သင်္ကြန် အပါအဝင် သင်္ကြန်မဏ္ဍပ်များကို စတင်ဆောက်လုပ် နေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။

၂ဝ၁၇ ခုနှစ်က မြစ်ကြီးနားမြို့၌ ဗဟိုမဏ္ဍပ်၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးများ မဏ္ဍပ်နှင့် တိုင်းရင်းသားများ မဏ္ဍပ်ဟူ၍ သင်္ကြန်မဏ္ဍပ်သုံးခုသာ ဆောက်လုပ်၍ ရေကစားခဲ့ရာ ယခုနှစ်တွင် လမ်းလျှောက် သင်္ကြန်ရေကစား မဏ္ဍပ်အပါအဝင် မဏ္ဍပ်လေးခု ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"လမ်းလျှောက် သင်္ကြန်မဏ္ဍပ်ကိုတော့ လမ်းဘေးမှာလုပ်တာ မဟုတ်ဘဲနဲ့ မင်းရပ် (ကိုယ်ကာယလေ့ကျင့်ရေး ပြည်သူ့အားကစားကွင်း) နဲ့ ဧရာဦးပန်းခြံကို ဆက်စပ်တဲ့နေရာမှာ အချိန်အကန့်အသတ်နဲ့ ပြုလုပ်သွားမှာ"ဟု မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြား ရေးမှူး ဦးဝင်းနိုင်က ပြောပြသည်။

ထိုလမ်းလျှောက်သင်္ကြန်ကို ယာဉ်တိုက်မှု အန္တရာယ်များ ကင်းရှင်းစေရန် နေ့ခင်းများတွင် နားနားနေနေ နေနိုင်ကြရန် လမ်းလျှောက်သင်္ကြန်ကို ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ပြုလုပ်မည့်နေရာတွင် ပုသိမ်ထီးများကို ချိတ်ဆွဲထားမည် ဖြစ်ပြီး သင်္ကြန်အကြိုနေ့မှ အတက်နေ့ထိ နံနက် ၉ နာရီမှ ည ၆ နာရီထိပြုလုပ်သွားမည် ဖြစ်သည်။

ယခုနှစ်တွင် ပြုလုပ်မည့် လမ်းလျှောက် သင်္ကြန်မဏ္ဍပ်ကို ဇော်ဂျွမ်းလမ်းပေါ်ရှိ ကိုယ်ကာယ လေ့ကျင့်ရေး ပြည်သူ့အားကစား ကွင်းထဲတွင် ဆောက်လုပ်နေပြီး ဗဟိုမဏ္ဍပ်ကို ဆွမ်ပရာဘွမ်လမ်းမ ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်အနီးတွင်လည်းကောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးများ မဏ္ဍပ်ကို သခင်နက်ဖေလမ်းပေါ်ရှိ ရေးကူးကန်အနီးနှင့် တိုင်းရင်းသားများ မဏ္ဍပ်ကို ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းဘေးတွင် လည်းကောင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Wednesday, March 14, 2018

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း၌ အတာသင်္ကြန် ဈေးရောင်းပွဲတော် ထည့်သွင်း ကျင်းပသွားမည်



ပြင်ဦးလွင် ၁၄-၃-၂ဝ၁၈

ပြင်ဦးလွင်အမျိုးသား ကန်တော်ကြီး ဥယျာဉ်အတွင်း၌ အတာသင်္ကြန် ဈေးရောင်းပွဲတော် ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ အနေဖြင့် ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်းသို့ နှစ်စဉ်လာရောက် လည်ပတ်ကာ အပန်းဖြေအနားယူသူ များပြားကြောင်း သိရသည်။

"အရမ်းကိုကြီးကျယ်တဲ့ ဈေးပွဲတော်ပုံစံမျိုးပြုလုပ်တာ မဟုတ်ပါဘူး။ ဥယျာဉ်ထဲကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေ အဆင်ပြေစွာ နားနေနိုင်ဖို့နဲ့ စိတ်ချမ်းသာစွာ ဝယ်ယူစားသောက်နိုင်ဖို့၊ အလည်လာရင်း ပျော်စရာ သင်္ကြန်ကာလ လေးဖြစ်စေဖို့ ရည်ရွယ်ပြုလုပ်ထားတာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ် ဈေးရောင်းပွဲတော်၌ ပါဝင်ရောင်းချမည့် အစားအသောက်များနှင့် ကုန်ပစ္စည်းများမှာ သင်္ကြန်ရိုးရာ အစားအစာများနှင့် အလွယ်တကူစားသုံးနိုင်သော အစားအသောက်များအပြင် ဒေသထွက် ကုန်ပစ္စည်းများကို အဓိကထားရောင်းချ ပေးသွားမည်ဖြစ်ပြီး စိတ်ပါ ဝင်စားသည့် သူများအနေဖြင့် မည်သူမဆို လာရောက်ရောင်းချနိုင်ကြောင်း သိရသည်။

"ဆိုင်ခန်းတွေကိုတော့ ယာယီဆိုင်ခန်းလေးတွေနဲ့ ထားရှိမှာဖြစ်ပါတယ်။ ဆိုင်ခန်းဈေးနှုန်း တွေကတော့ လာရောက်ရောင်းချတဲ့ အစားအသောက်နဲ့ ကုန်ပစ္စည်းတွေ အပေါ်မူတည်ပြီး သတ်မှတ်မှာပါ။ ဆိုင်ခန်း တစ်ခန်းကို ၁ဝ ပေ လောက်ကျယ်ပါတယ်။ ပြီးတော့ဥယျာဉ်အတွင်းမှာ ရေကစားမဏ္ဍပ်နဲ့ sound system တွေ ကလေးကစားကွင်းတွေကိုလဲ လောလောဆယ် စီစဉ်ထားပါတယ်" ဟု ၎င်းကပြောသည်။

အဆိုပါ ဈေးရောင်းပွဲတော်ကို အတာသင်္ကြန် ကာလဖြစ်သည့် ဧပြီ ၁၂ ရက်မှ ၁၈ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး လာရောက်လည်ပတ်သူများ စိတ်ချမ်းမြေ့စွာ လာရောက်လည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက် ထားကြောင်း ဆိုင်ခန်းငှားရမ်းလို သူများအနေဖြင့် ဖုန်း ဝ၉-၅ဝ၄၈၂ဝ၁ နှင့်ဝ၉-၇၉၄၂၈၄၈၇၂ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...