
-
နေပြည်တော် ဖေဖော်ဝါရီ ၂၁
-
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အောင်ဘာကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ဖေဖော်ဝါရီ ၂ဝ ရက် နံနက်ပိုင်းတွင်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနရုံး၌ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့ကသံဃာတော် ၁၅ ပါးနှင့်ဒေသခံပြည်သူ ၁၅ဝ ဦးတို့ကို သွေးတိုး ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment