
-
နေပြည်တော် ဧပြီ ၃
-
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရပ်သာ ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအားယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၁၂၃ဦးတို့ကို ခွဲစိတ်ကုသမှု ဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ ကလေးရောဂါ၊အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူငါးဦးကို အမ်းမြို့ရှိ တပ်မတော် ဆေးရုံသို့တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment