Social Icons

Pages

Thursday, February 14, 2019

သန်လျင်မြို့နယ်၊ ဆိပ်ကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဆိပ်ကြီး)၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

သန်လျင်မြို့နယ်၊ ဆိပ်ကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဆိပ်ကြီး)၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်
-
နေပြည်တော် ဖေဖော်ဝါရီ   ၁၃
-
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဆိပ်ကြီးကျေးရွာရှိအခြေခံပညာအထက်တန်းကျောင်းခွဲ(ဆိပ်ကြီး) ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ သန်လျင်တပ်နယ်မှ တပ်မတော်သားများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက ကျောင်းဝင်းအတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ် ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...