
-
နေပြည်တော်၊ ဧပြီ ၃
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar အား ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
-
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Naveen Mahajan နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာများတွင်ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့်ဆက်လက်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ခိုင်မာစေရေး အားကစားအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် အဆင့်အလိုက် ချစ်ကြည်ရေးအဖွဲ့များ အပြန်အလှန်စေလွှတ်နေမှု အခြေအနေများ၊ ပင်လယ်ရေကြောင်း တိုင်းတာရေးအပါအ၀င် နှစ်နိုင်ငံရေတပ်များအကြားပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment