Social Icons

Pages

Thursday, April 4, 2019

ဗီယက်နမ် ပြည်သူ့ ရေတပ်မှ အရာရှိ၊ စစ်သည်များပါဝင်သော ဖရီးဂိတ် စစ်ရေယာဉ် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိ

ဗီယက်နမ် ပြည်သူ့ ရေတပ်မှ အရာရှိ၊ စစ်သည်များပါဝင်သော  ဖရီးဂိတ် စစ်ရေယာဉ် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိ
-
နေပြည်တော်  ဧပြီ  ၃ 
-
ဗီယက်နမ်ပြည်သူ့ရေတပ်မှ အဖွဲ့ခေါင်းဆောင် Senior Captain Nguyen Cong Son နှင့် စစ်ရေ ယာဉ်မှူး ဖြစ်သူ Lieutenant Commander Do Hai Long ဦးဆောင်၍ အရာရှိ၊ စစ်သည်များလိုက်ပါလာသော ဖရီးဂိတ် စစ်ရေယာဉ်  Ly Thai To (စစ်ရေယာဉ် အမှတ်-ဝ၁၂)သည်   ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ၌ ချစ်ကြည်ရေး ခရီးလည်ပတ်ရန် အတွက် ယနေ့ နံနက်ပိုင်းတွင် မြိတ်မြို့သို့ ရောက်ရှိလာရာ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
-
ဦးစွာ အဖွဲ့ခေါင်းဆောင် Senior Captain Nguyen Cong Son  နှင့် စစ်ရေယာဉ်မှူးဖြစ်သူ Lieutenant Commander Do Hai Long ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များသည်ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေအား သွားရောက်တွေ့ဆုံပြီး ညနေပိုင်းတွင် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်၊ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများကနှစ်နိုင်ငံရေတပ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဌာနချုပ် ဧည့်ရိပ်သာ ခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြသည်။ 
-
အဆိုပါစစ်ရေယာဉ်တွင် အဖွဲ့ခေါင်းဆောင် Lieutenant Commander Do Hai Long နှင့်  စစ်ရေယာဉ်မှူး ဖြစ်သူ Lieutenant Commander Do Hai Long ဦးဆောင်သော အရာရှိ၊ စစ်သည် စုစုပေါင်း ၁၃ဝ ဦးလိုက်ပါလာပြီး မြန်မာ နိုင်ငံတွင် ဧပြီ ၆ ရက်အထိ လေးရက်ကြာ နေထိုင်၍ လေ့လာလည်ပတ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...