
-
နေပြည်တော် ဧပြီ ၃
-
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ (၁၇)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာကို ဧပြီ ၂ ရက်ညနေပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရန်အောင်မြင်တပ်ဦးကျောင်း၌ ပြုလုပ်ရာ ရန်အောင်မြင် တပ်ဦးကျောင်းဆရာတော်မဟာဂနဝ္ထါစကပဏ္ဍတိ ဘဒန္ဒပ္တညာဇောတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အရာရှိ၊ စစ်သည်၊မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-
ဦးစွာရှင်သာမဏေလောင်းနှင့် ရဟန်းလောင်းများအား ရှင်လောင်းလှည့်လည်ပြီး တိုင်းမှူးနှင့် အလှူရှင်များက ဆံချ မင်္ဂလာပြုလုပ်ပေးသည်။ ထို့နောက် ရန်အောင်မြင်တပ်ဦးကျောင်း ဆရာတော် အမှူးပြုသောသံဃာတော်များက ဒုလ္လဘရဟန်း ၁၇၁ ပါးနှင့် ရှင်သာမဏေ ၅ဝ ပါးတို့ကို ရဟန်းဘောင်နှင့်ရှင်သာမဏေ အဖြစ်သို့ သွတ်သွင်း ချီးမြှင့်ပေးသည်။
-
ထို့ပြင် စုပေါင်းရှင်ပြု၊ ရဟန်းခံအလှူတော် ရေစက်ချမင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ပြုလုပ်ရာ မဟာဗောဓိရုံ ကျောင်းတိုက်ဆရာတော်နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တနာရဒ အမှူးပြုသောသံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များအားသိမ်ဆင်းဆက်ကပ်လောင်းလှူကြသည်။ ထို့နောက် မဟာဗောဓိရုံကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment