
-
နေပြည်တော် ဧပြီ ၃
-
တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်မြို့၊ မြို့မရပ်ကွက်နေ ကိုဖြိုးပိုင်ဆိုင်သည့် ဥယျာဉ်ခြံသို့ သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဧပြီ ၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် သွားရောက်ရှာဖွေရာ ကိုဖြိုးအား မတွေ့ရှိရဘဲ ခက်ကိုစိုး(ဘ)ဦးဖေအေးနှင့်သိန်းထိုက်(ဘ)ဦးစတို့ကို ဘိန်းစာမှုန့် ၁၂ အိတ်(ခန့်မှန်း၃၂၃ ကီလိုဂရမ်ခန့်) နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
-
အဆိုပါ ဘိန်းစာမှုန့်များနှင့်အတူ ဖမ်းဆီးရမိသူများအား မောတောင်မြို့မရဲစခန်းမှ တရားဥပဒေ နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment