
-
နေပြည်တော် ဧပြီ ၈
-
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ သည် ဧပြီ ၄ ရက် နံနက် ၅ နာရီခွဲခန့်တွင် ဘီလူးကျွန်း၏အနောက်ဘက် မိုင် ၂ဝ အကွာ သို့အရောက်၌မသင်္ကာဖွယ်လှေတစ်စင်း တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ အလျား ၆၈ ပေ၊ အနံ ၁၉ ပေခန့်အရွယ် ပန်သစ္စာ အမည်ရှိ လှေတစ်စင်းပေါ်မှ ပဲ့နင်းဖြစ်သူ ဦးစန်းဝင်း(ဘ)ဦးဘစံ အပါအဝင် အမျိုးသား ၁ဝ ဦးကိုတရားမဝင်သယ်ဆောင်လာသော ပိတောက်သစ်ခွဲသား ၃ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါ တရားမဝင်သစ်များ နှင့်အတူ ဖမ်းဆီးရမိသူများအား ချောင်းဆုံမြို့နယ်၊ သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment