
-
နေပြည်တော် ဧပြီ ၈
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့နယ်အတွင်းလုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည်တရား မဝင်သစ် များ စုပုံ ထားကြောင်း သတင်းအရ ဧပြီ ၇ ရက် နံနက် ၉ နာရီခန့်တွင်သွားရောက်စစ်ဆေးရာ ကျိုင်းတုံ-မိုင်းခုတ်သွား ကားလမ်းအနီး မဟိ မွန်ကျေးရွာ၏တောင်ဘက် မီတာ ၁ဝဝဝ ခန့် အကွာနှင့် အနီးဝန်းကျင်သို့အရောက်၌ တရားမဝင်စုပုံထားသော ထင်းရှူးသစ်ခွဲသားဆိုဒ်စုံ၁၈ တန်ခန့်အား ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
-
အဆိုပါသိမ်းဆည်းရမိတရားမဝင်သစ်များအား ကျိုင်းတုံမြို့နယ်၊ သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment