
-
နေပြည်တော် ဧပြီ ၈
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက် မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီ ၇ ရက် ညနေ ၃ နာရီ ခန့်တွင် နောင်ဝိုးကျေးရွာ၏ တောင်ဘက် မီတာ ၁ဝဝဝဝ ခန့်အကွာနှင့်အနီးဝန်းကျင် သို့အရောက်၌ တရားမဝင်စုပုံထားသော ပိတောက်သစ် ၁၄ တန်ခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။
-
အဆိုပါ သိမ်းဆည်းရမိတရားမဝင်သစ်များအား ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment