Social Icons

Pages

Tuesday, April 2, 2019

တန်ခူးလအတွက် သင်္ကြန်ပွဲနှင့် ပိတောက်ပန်း၊ကံ့ကော်ပန်းပါ ၂ဝဝ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်

တန်ခူးလအတွက် သင်္ကြန်ပွဲနှင့် ပိတောက်ပန်း၊ကံ့ကော်ပန်းပါ ၂ဝဝ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်
-
နေပြည်တော်  ဧပြီ  ၁ 
-
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ ၁၂ လရာသီ ပွဲတော်များနှင့်ပန်းများ အထိမ်းအမှတ် တန်ခူးလအတွက် သင်္ကြန်ပွဲနှင့် ပိတောက်ပန်း၊ ကံ့ကော်ပန်းပါ ၂ဝဝ ကျပ်တန်အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးကို ၂ဝ၁၉ ခုနှစ် ဧပြီ ၅ ရက် (မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ် တန်ခူးလဆန်း ၁ ရက်) သောကြာနေ့ နံနက် ၉ နာရီခွဲမှစတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ လုပ်ငန်းပြည့် စာတိုက်အသီးသီးတွင် ရောင်းချပေးသွားမည်ဖြစ်သည်။ 
-
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဧပြီ ၅ ရက်၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့ စာအိတ်(firstday cover)ပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း သိရသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...