Social Icons

Pages

Tuesday, March 5, 2019

တောင်သူများကို သဘာဝမြေသြဇာ ပြုလုပ်နည်း အသိပညာပေး သရုပ်ပြ

တောင်သူများကို သဘာဝမြေသြဇာ  ပြုလုပ်နည်း အသိပညာပေး သရုပ်ပြ
-
ဂန့်ဂေါ မတ် ၄ 
-
သဘာဝမြေသြဇာပြုလုပ် သုံးစွဲနည်းများ ပညာပေး သရုပ်ပြပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ဇာဟောကျေးရွာ၌ ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပသည်။''စားသုံးသူ ဘေးအန္တရာယ်ကင်းတဲ့ဈေးကွက်ဝင် အရည်အသွေးမီ သီးနှံတွေစိုက်ပျိုးထုတ်လုပ်နိုင်ဖို့၊ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးအတွက် မြေဆီလွှာကို စနစ်တကျ ပြုပြင်ထိန်းသိမ်းဖို့၊ ဓာတုမြေသြဇာတွေ လျှော့ချအသုံးပြုပြီးသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုစေဖို့၊ တောင်သူတွေ ကိုယ်တိုင်သဘာဝမြေသြဇာတွေ ပြုလုပ်အသုံးပြုခြင်းကြောင့် စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာစေရေးနဲ့ သီးနှံတွေအထွက်တိုးပြီး တောင်သူများ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေဖို့အတွက် တောင်သူတွေကို လက်တွေ့ ပြုလုပ်ပြသတာ ဖြစ်ပါတယ်''ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးထင်အောင်ကြွယ်က ပြောသည်။
-
အဆိုပါ သရုပ်ပြပညာပေးပွဲသို့ တောင်သူ၃ဝ ဦးခန့် လာရောက် လေ့လာကြပြီး တက်ရောက်လာသော တောင်သူများအား ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝမြေသြဇာပြုလုပ်သုံးစွဲနည်း လက်ကမ်းစာစောင်နှင့် စိုက်ပျိုးရေး နည်းပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်းသိရသည်။ 
-
တောင်သားမောင်သန်း
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...