Social Icons

Pages

Tuesday, March 5, 2019

မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ပြန်လည်လွှဲပြောင်းပေးခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည့်အစီအမံများ ရေးဆွဲ ဖော်ထုတ်ရေး ဆိုင်ရာညှိနှိုင်း အစည်းအဝေး ကျင်းပ

မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ပြန်လည် လွှဲပြောင်းပေးခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည့်အစီအမံများ ရေးဆွဲ ဖော်ထုတ်ရေး ဆိုင်ရာညှိနှိုင်း အစည်းအဝေး ကျင်းပ
-
နေပြည်တော်  မတ်  ၄ 
-
တစ်ဖက်နိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများကို တစ်ဖက်နိုင်ငံမှ ဖမ်းဆီး၍ မိမိနိုင်ငံ အတွင်း ပြန်လည်ပို့ဆောင်မှုများအပေါ် ဆောင်ရွက်သင့်သည့် အစီအမံများ ရေးဆွဲ ဖော်ထုတ်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန  စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
-
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တစ်ဖက်နိုင်ငံ၌ သွားရောက်အလုပ်လုပ် ကိုင်နေ သည့် မိမိတို့ နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့်အခါ ပြန်လည်လက်ခံရေး အတွက် အစီအမံများ ဖော်ထုတ်နိုင်ရန် အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊လက်ရှိတွင် မြဝတီ၊ ကော့သောင်းနှင့် တာချီလိတ်မြို့တို့တွင် ပြန်လည်ဝင်ရောက်လာခြင်းများ နေ့စဉ်ရှိကြောင်း၊ ယင်းသို့ ဝင်ရောက်လာ ရာတွင် တစ်ဖက်နိုင်ငံသို့ တရားမဝင်ရောက် ရှိနေသူ၊ တစ်ဖက်နိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူ၊ မူးယစ်ဆေးဝါး သုံးစွဲနေသူ၊ ပြစ်မှုကျူးလွန်၍ပြစ်ဒဏ်အမျိုးမျိုး ကျခံခဲ့ရသူ၊ ဘဝရပ်တည် ရန်ခက်ခဲသူ၊ နာမကျန်း ဖြစ်နေသူများ အပြင်တစ်ဖက်နိုင်ငံတွင် အခြေကျ နေခဲ့သူများလည်း ရောပါလာကြောင်း၊  ယင်းကိစ္စရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် နှစ်နိုင်ငံ အကြားပူးပေါင်းဆောင်ရွက်မည့်  စီမံချက်ရေးဆွဲဆောင်ရွက်ရန်လိုအပ် ကြောင်း၊ မိမိနိုင်ငံသားများတစ်ဖက်နိုင်ငံ၌ အလုပ်လုပ်ရာတွင်  တရားဝင်လုပ်ကိုင်နိုင်ပါကအလုပ်သမားမိသားစုများ အတွက်သာမက နိုင်ငံတော်အတွက် ပါ အကျိုးရှိမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြောကြားသည်။ -
ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက် ရမည့်ကိစ္စရပ်များ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရတို့မှ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ရန်ပုံငွေထောက်ပံ့ပေးမည့် အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး၊ မူးယစ်ဆေးစွဲနေသူများအား ပြန်လည်ထူထောင်ရေးစခန်းဖွင့်လှစ်ဆောင်ရွက် နိုင်ရေးအတွက် စီမံချက်များအမြန်ဆုံးရေးဆွဲဆောင်ရွက်ရေး၊ တစ်ဖက်နိုင်ငံတွင် တရား မဝင်အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်း အလုပ်သမားများကို တစ်ဖက်နိုင်ငံကဖမ်းဆီး၍ နိုင်ငံသို့ပြန်လည်ပို့ဆောင်မှုများအပေါ်စိစစ်လက်ခံရေး လုပ်ငန်းများနှင့် နေရပ်အရောက် ပြန်လည်ပို့ဆောင်ပေးနိုင်မည့် လုပ်ငန်းအစီ အစဉ်များကို ဆွေးနွေး ကြကြောင်း သိရသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...