Social Icons

Pages

Thursday, February 14, 2019

တရားမဝင် အထောက်အထားမဲ့ ဝင်ရောက်လာသူများအား ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆု ချီးမြှင့်

တရားမဝင် အထောက်အထားမဲ့ ဝင်ရောက်လာသူများအား ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆု ချီးမြှင့်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၃
-
တရားမဝင် အထောက်အထားမဲ့ ဝင်ရောက်လာသူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင်နယ်မြေခံ တပ်ဧည့်ရိပ်သာ၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်း နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် တရားမဝင် အထောက်အထားမဲ့ ဝင်ရောက်လာသူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်ရဲတပ်ဖွဲ့ဝင်များအား တိုင်းမှူးနှင့်အဖွဲ့ဝင်များကဂုဏ်ပြုဆုများချီးမြှင့်သည်။
-
အဆိုပါရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ဒုတိယရက်သတ္တပတ်အတွင်း အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာသူ၂၈ ဦးအား ဖော်ထုတ်ဖမ်းဆီး ပေးနိုင်ခဲ့သဖြင့် ယခုကဲ့သို့ ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။       
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...