Social Icons

Pages

Thursday, February 14, 2019

ထိုင်းဘုရင့် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား ကျင်းပ

ထိုင်းဘုရင့် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား ကျင်းပ
-
ရန်ကုန်  ဖေဖော်ဝါရီ  ၁၃                                    
-
ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Chatrium hotel ၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊စစ်သံမှူးများ၊ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
-
ဦးစွာ ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ၊ ဧည့်သည်တော်များအား  မြန်မာနိုင်ငံဆိုင်ရာ  ထိုင်းနိုင်ငံ သံအမတ်ကြီး H.E.Mrs. Suphatra Srima-itreephithak ၊ ထိုင်းဘုရင့်တပ်မတော်(ကြည်း၊ရေ၊ လေ) စစ်သံမှူးများနှင့် ၎င်းတို့၏ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
-
ထို့နောက် အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်းနှင့် ထိုင်းနိုင်ငံတော် သီချင်းတို့ဖြင့် ဂုဏ်ပြုဖွင့်လှစ်ကာ နှစ်နိုင်ငံအလံကို အလေးပြုကြပြီး အထိမ်းအမှတ်ကိတ်အားလှီးဖြတ်ကြသည်။ ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး၊ သံအမတ်ကြီးနှင့် စစ်သံမှူးတို့သည်အခမ်းအနားသို့တက်ရောက်လာကြသောဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...