Social Icons

Pages

Monday, January 14, 2019

ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၁၃ 
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာအုပ်စု၊ တရုတ်မှော်ကျေးရွာရှိ ဒေသခံပြည်သူများအား ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ မင်္ဂလာသမဂ္ဂင်ဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၃၉၄ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြောရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူ သုံးဦးတို့ကို ပြည်မြို့ရှိ တပ်မတော်ဆေးရုံ သို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 
-
-
ထို့ပြင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ဆီးချိုရောဂါနှင့် သွေးချိုရောဂါများ အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက် ပေးသည်။ ထိုသို့ဆောင်ရွက်နေမှုများကို  ပြည်တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ကျေးရွာဘုန်းတော်ကြီးကျောင်း၊ဥသျှစ်ပင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာဂသေန အား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ   

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...