Social Icons

Pages

Monday, December 8, 2014

အမေရိကန် ပြည်ထောင်စုရှိ ပန်းချီကားပြခန်း တစ်ခုမှ ဒေါ်လာ ၈၅၀၀၀ တန်ဖိုးရှိ ပီကာဆို ၏ ပန်းချီကားတစ်ချပ် ခိုးယူခံရ


Picasso artwork titled Visage aux Mains valued at $85,000 stolen from exhibition in US

မိုင်ယာမီ ၊ ၈-၁၂-၂၀၁၄

အမေရိကန် ပြည်ထောင်စု မိုင်ယာမီမြို့ ရှိ အနုပညာ ပြခန်းတစ်ခု တွင် ပြသထားသော စပိန်ပန်းချီ ပညာရှင် ပါဘလိုပီကာဆို ၏ အမေရိကန် ဒေါ်လာ ၈၅ဝဝဝ တန်ဖိုးရှိ ပန်းချီကား တစ်ချပ် ခိုးယူခံခဲ့ ရကြောင်း နိုင်ငံပိုင် သတင်းဌာန တစ်ခုက ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန် ခဲ့သည်။

"Visage aux Mains" ဟု အမည်ပေး ထားသော အဆိုပါ ပန်းချီကားကို ပီကာဆို က ၁၉၅၆ ခုနှစ်အတွင်း ဖန်တီးရေးဆွဲ ထားခြင်းဖြစ်ပြီး ၄င်းကို မစ်တောင်းမြို့ရှိ Art Miami အနုပညာ ပြခန်းတွင် ခင်းကျင်း ပြသထားခြင်း ဖြစ်ကြောင်း Leslie Smith ပန်းချီပြခန်း ပိုင်ရှင် ဒေးဗစ်စမစ် က Miami Herald သို့ ပြောကြား ခဲ့သည်။

ငွေရောင် ပလိပ်ပြား ပေါ်တွင် အပြုံး မျက်နှာတစ်ခု နှင့် လက်ချောင်းများ ပုံစံ ရေးဆွဲထားသည့် အဆိုပါ ပန်းချီကားသည် ၄င်း ပြခန်းရှိ နံရံပေါ်၌ မရှိတော့ သည်ကို တာဝန်ရှိ သူများက ဒီဇင်ဘာ ၆ ရက်တွင် သတိပြုမိ ခဲ့ခြင်း ဖြစ်ကြောင်း စမစ်က ထပ်လောင်း ပြောကြား ခဲ့သည်။

ရဲတပ်ဖွဲ့သည် ၄င်း ပန်းချီကားအား ခိုးယူ သွားခဲ့သူ များ၏ လက်ရာကို ဖုန်မှုန့် ပေါ်တွင် တွေ့ရှိခဲ့ သော်လည်း အသေးစိတ် အချက်အလက် များကို ရှာဖွေ ဖော်ထုတ် နိုင်ခြင်း မရှိကြောင်း နှင့် စုံစမ်းမှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...