Social Icons

Pages

Friday, January 11, 2019

ကွန်ဟိန်းမြို့နယ်၊ ဆိုင်းမွန် ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


ကွန်ဟိန်းမြို့နယ်၊ ဆိုင်းမွန် ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဇန်နဝါရီ ၁ဝ
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်း မြို့နယ်၊ ဆိုင်းမွန်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းလွန် ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၈၆ ဦးကိုပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် အရေပြားရောဂါစစ်ဆေးပေးပြီး ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူ ၁၄၇ ဦးတို့ကို သွေးတိုး ရောဂါ၊ သွေးအားနည်းရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ စာသင် ကျောင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...