Social Icons

Pages

Monday, January 21, 2019

ကလိန်အောင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင် စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူ ပူဇော်ပွဲပြုလုပ်

ကလိန်အောင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင် စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူ ပူဇော်ပွဲပြုလုပ်
-
နေပြည်တော်   ဇန်နဝါရီ  ၂ဝ
-
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင်စေတီတော်မြတ်ကြီးအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် ဒေသခံပြည်သူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူ ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော် ရင်ပြင်ရှိ အောင်မြင့်မိုရ် ဓမ္မဗိမာန်တော်ကြီး၌ ပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ထားဝယ်မြို့၊ ဇေယျဝတီ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသူရိယ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး၊ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
-
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး၊ တိုင်းမှူးနှင့်  တက်ရောက်လာကြသူများက ဇေယျဝတီကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး၊ တိုင်းမှူးနှင့် အလှူရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် ဘုံအဆင့်ဆင့်နှင့်  လှူဖွယ်ပစ္စည်းများအား သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ် လှူဒါန်းကြပြီး  ဇေယျဝတီကျောင်းတိုက် ဆရာတော်ထံမှ  အနုမောဒနာ တရားနာယူကြ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်တို့ကို ပင့်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော်ကြပြီး မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်တင်လှူ၍ ရွှေထီးတော်မြတ်အား ပရိတ်နံ့သာရည်၊ ရေစင်ရေသန့် တို့ဖြင့် ပက်ဖျန်း ပူဇော်ကြသည်။
-
-
၎င်းနောက် သံဃာတော်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြပြီးနောက် တက်ရောက်လာကြသူများက  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုကြသည်။ ယင်းနောက်  ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များက သံဃာတော်များအား  နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။နာယူကြသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...