Social Icons

Pages

Monday, January 21, 2019

အထည်ချုပ်လုပ်ငန်းများအား ချေးငွေပုံစံနှစ်မျိုးဖြင့် တစုတစည်းတည်း ထုတ်ချေးပေးနိုင်ရန် စီစဉ်

အထည်ချုပ်လုပ်ငန်းများအား ချေးငွေပုံစံနှစ်မျိုးဖြင့် တစုတစည်းတည်း ထုတ်ချေးပေးနိုင်ရန် စီစဉ်
-
ရန်ကုန် ဇန်နဝါရီ ၂ဝ
-
အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMID) ဘဏ်အနေဖြင့် အထည်ချုပ် လုပ်ငန်းများကို ချေးငွေ ပုံစံနှစ်မျိုးဖြင့် တစုတစည်းတည်း ချေးငွေထုတ် ချေးပေးရန်စီစဉ်ထားကြောင်း SMID ဘဏ်အမှုဆောင် အရာရှိချုပ် ဒေါက်တာဇေယျာညွန့်ထံမှ သိရသည်။
-
အထည်ချုပ် လုပ်ငန်းများကို တစုတစည်းတည်း ချေးငွေရယူနိုင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)) ချေးငွေ Two Step Loan နှင့် ငွေသားစီးဆင်းလည်ပတ်မှုချေးငွေ (SMID CFBLoan) စသည့် ချေးငွေနှစ်မျိုး ရှိကြောင်း သိရသည်။
-
အထည်ချုပ် လုပ်ငန်းများသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး နိုင်ငံခြားဝင်ငွေလည်း ရရှိသဖြင့် နိုင်ငံ၏ GDP တိုးတက် လာနိုင်ခြင်းကြောင့် အထည်ချုပ်လုပ်ငန်းများကိုယခုကဲ့သို့ ချေးငွေထုတ်ချေးပေးရန် စီစဉ်ခြင်း ဖြစ်သည်။
-
''လုပ်ငန်းရှင်တွေနဲ့ ဘဏ်နဲ့ချိတ်ဆက်ပြီး ချေးငွေရရင် လုပ်ငန်းတွေ ထပ်ပြီး တိုးချဲ့နိုင်ပါတယ်။ လုပ်ငန်းအတွက်လည်းကောင်းတယ်။ ဘဏ်အတွက်လည်း ကောင်းတယ်''ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
-
ယခုမိတ်ဆက်ပေးသည့် ချေးငွေနှစ်မျိုးအနက် CFB Loan ချေးငွေသည် လုပ်ငန်းငယ်များအတွက် ထုတ်ချေးပေးခြင်း ဖြစ်ပြီး အာမခံအပေါင် ပစ္စည်းကို အဓိကအခြေမခံဘဲ လုပ်ငန်းတစ်ခု၏ငွေသားစီးဆင်း လည်ပတ်မှုနှင့် အမြတ် ရရှိမှုပေါ်တွင် အဓိက အခြေခံ၍ ထုတ်ချေးသော ချေးငွေ ဖြစ်သည်။
-
JICA ချေးငွေသည် ငါးနှစ်သက်တမ်းဖြစ်ပြီး အများဆုံး ငွေကျပ် သိန်း ၅ဝဝဝ ကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးယူနိုင်ကြောင်း သိရသည်။SMID ဘဏ်အနေဖြင့် အဆိုပါ ချေးငွေများကိုအထည်ချုပ် လုပ်ငန်းသာမက တခြားသော SME လုပ်ငန်းများနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများကိုပါ ထုတ်ချေးပေးမည်ဖြစ်ပြီး လက်ရှိတွင် အထည်ချုပ် လုပ်ငန်းများကို တစုတစည်းတည်းချေးငွေရယူနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
-
kaykay
-


#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...