Social Icons

Pages

Monday, January 21, 2019

လူထုစုပေါင်း စက်ဘီးစီးပွဲနှင့် အသက် ၁၆ နှစ်အောက် လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ကျင်းပ

လူထုစုပေါင်း စက်ဘီးစီးပွဲနှင့် အသက် ၁၆ နှစ်အောက် လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ကျင်းပ
-
ပြည် ဇန်နဝါရီ ၂ဝ
-
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အနီးရှိ ကျောက်တိုင်ကွင်း၌ ပထမအကြိမ် လူထုစုပေါင်း စက်ဘီးစီးပွဲနှင့် အသက် ၁၆ နှစ် အောက်လူငယ်/လူသစ်တန်း စက်ဘီးစီး ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။
-
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
-
ထို့နောက် လူထုစုပေါင်း စက်ဘီးစီးပွဲတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅ဝဝ ဦးကျော်တို့က ပြည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအနီး ကျောက်တိုင်ကွင်းမှ စတင်ကာပြည်မြို့နဝဒေး သကြားစက်ဘက်မှ ပတ်ပြီး ၁၅ မိုင်ခန့် ခရီးရှည်ကို စီးနင်းကြသည်။
-
ဆက်လက်၍ အသက် ၁၆ နှစ်အောက် လူငယ်/လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး ၂ဝဝ ဦးကျော်တို့က ပြည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းကျောက်တိုင်ကွင်းမှ စတင်ကာ လမ်းမတော်၊ ဗိုလ်ချုပ်လမ်းမှ အသွားအပြန် ခရီး အရှည် ၉ မိုင်ကျော်စီးနင်းပြီး ကျောက်တိုင်ကွင်းတွင် ပြန်လည် ပန်းဝင်ကြသည်။
-
ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီများ အနေဖြင့် ပြိုင်ပွဲဝင်များ စီးနင်းမည့် ခရီးစဉ် တစ်လျှောက်တွင် အန္တရာယ်ကင်းရှင်းရန်အတွက် လုံခြုံရေးအင်အားများထားရှိပြီး လမ်းခရီးတွင်အချိုရည်တိုက်ကျွေးခြင်း၊ သောက်ရေသန့် ဝေငှခြင်းများလည်း ဆောင်ရွက်ကြသည်။
-
ပြိုင်ပွဲဝင် အမျိုးအစား နှစ်မျိုးလုံးအတွက် ပထမဆုမှ တတိယဆု ရရှိသူတို့ကို စက်ဘီးတစ်စီး၊ စမတ်ဖုန်းတစ်လုံး၊ စက်ဘီးစီးဦးထုပ် တစ်လုံး၊ ဆင်းကတ်တစ်ခုစီ ပေးအပ်မည် ဖြစ်သည်။
-
ထို့ပြင် လူထုစုပေါင်း စက်ဘီးစီးပွဲတွင် အသက်အကြီးဆုံး စက်ဘီးစီးနင်းသူနှင့် အသက်အငယ်ဆုံး စက်ဘီးစီးနင်းသူ နှစ်ဦးကိုMytel မှာ mobile phone တစ်လုံးစီကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...