-
နေပြည်တော် ဇန်နဝါရီ ၁၃
-
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၉ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသားပထမအဆင့် အုပ်စု ပတ်လည် ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီခွဲမှစတင်ကာ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အတွင်းရှိ ဘောလုံး အားကစားကွင်းများ၌ အသီးသီးဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
-
ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဘောလုံး လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ တနင်္သာရီ တိုင်းဒေသကြီး အသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ တနင်္သာရီတိုင်းဒေသကြီး အသင်းကရန်ကုန်တိုင်းဒေသကြီး အသင်းကို ၆ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ ညနေ ၃ နာရီတွင် ဘောလုံးလေ့ကျင့်ရေးကွင်း အမှတ်(၁)၌ နေပြည်တော် အသင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့ ယှဉ်ပြိုင်ကြရာနေပြည်တော် အသင်းက မန္တလေးတိုင်းဒေသ ကြီးအသင်းကို ၂ ဂိုး-၁ ဂိုးဖြင့်လည်းကောင်း၊ ဘောလုံးလေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ မွန်ပြည်နယ် အသင်းနှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့ယှဉ်ပြိုင်ကြရာမွန်ပြည်နယ်အသင်း က ပဲခူးတိုင်းဒေသကြီး အသင်းကို ၂ ဂိုး- ၁ ဂိုး ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။
-
ပထမအဆင့်အုပ်စု ပတ်လည် ပြိုင်ပွဲများကို ဇန်နဝါရီ ၁၄ ရက်(ယနေ့)တွင် ဆက်လက် ယှဉ်ပြိုင်ကစားသွား မည်ဖြစ် ပြီး ပွဲစဉ်များအဖြစ် နံနက် ၇နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအား ကစားကွင်အမှတ်(၃)၌ကချင်ပြည်နယ် အသင်းနှင့် စစ်ကိုင်း တိုင်း ဒေသကြီး အသင်း၊ ညနေ ၃နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အမှတ် (၁)၌ ကယား ပြည်နယ် အသင်းနှင့် ဧရာဝတီ တိုင်းဒေသကြီး အသင်း၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်းအမှတ်(၃)၌ ရှမ်းပြည်နယ် အသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့ အသီးသီး ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။
-
ကျော်လွင်
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment