Social Icons

Pages

Monday, January 14, 2019

သရက်ပြင် ကျေးရွာအနီး တပ်မတော် စစ်ကြောင်းနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ ထိတွေ့မှုဖြစ်ပွား

သရက်ပြင် ကျေးရွာအနီး တပ်မတော် စစ်ကြောင်းနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ ထိတွေ့မှုဖြစ်ပွား
-
နေပြည်တော်   ဇန်နဝါရီ  ၁၃
-
တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များအား ကာကွယ် စောင့်ရှောက်ရန် အတွက်နယ်မြေလုံခြုံရေး လုပ်ငန်း များအား ဆောင်ရွက် လျက် ရှိသည်။
-
ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော  တပ်မတော် စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင်သရက်ပြင် ကျေးရွာ၏ အရှေ့ဘက် မီတာ၁၃ဝဝ ခန့်အကွာ သို့ အရောက်၌ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးကို အနှောင့်အယှက်ပြုလျက် ရှိသည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အင်အား ၅ဝဦးခန့်နှင့် နံနက် ၈နာရီခွဲမှ မွန်းလွဲ ၁၂နာရီခွဲခန့်ထိ ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ပြီး AA အကြမ်းဖက် သောင်းကျန်းသူများသည် တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
-
-
ဖြစ်စဉ်တွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ယာယီအခြေပြုထားသော စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး ၎င်းစခန်းမှ AA အကြမ်းဖက် သောင်းကျန်းသူ  ယူနီဖောင်း ဝတ်ဆင်ထားသည့် အလောင်းငါးလောင်း ရရှိခဲ့ကြောင်းနှင့် မိမိဘက်မှ အရာရှိ၊ စစ်သည် တချို့ကျဆုံး၊ ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရှိရသည်။
-
တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့်  AA အကြမ်းဖက် သောင်း ကျန်းသူ အဖွဲ့၏ ရခိုင်ပြည်နယ် အတွင်း ဥပဒေမဲ့ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်များဆောင်ရွက်နေမှုအား ကာကွယ်တားဆီးရေးတို့ အတွက် ဒေသခံ ပြည်သူများနှင့် ပူးပေါင်းပြီး နယ်မြေလုံခြုံရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...