Social Icons

Pages

Monday, December 17, 2018

နယ်စပ် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယာဉ်/ ယန္တရားများ စုဖွဲ့ထားရှိ

နယ်စပ် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယာဉ်/ ယန္တရားများ စုဖွဲ့ထားရှိ
-
နေပြည်တော်     ဒီဇင်ဘာ ၁၆ 
-
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာခရိုင် ဖွံ့ဖြိုး မှုကြီးကြပ်ရေးရုံး၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စုဖွဲ့သိုလှောင် ထားရှိသည့် ယာဉ်/ယန္တရားများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ 
-
ရှေးဦးစွာ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတာဝန်ခံက နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာသည့် လုပ်ငန်းများအတွက် အရေးပေါ်သုံးစွဲ နိုင်ရန် ယာဉ်/ယန္တရားများ စုဖွဲ့ထားရှိမှု အခြေ အနေကို ရှင်းလင်းတင်ပြသည်။ 
-
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ယာဉ်/ယန္တရားများ၏  စက်စွမ်းအား အပြည့် အဝ အသုံးချနိုင်ရေး အတွက် စဉ်ဆက်မပြတ်ကြံ့ခိုင်မှုပြုလုပ်ထားရှိရေး၊ အရေးပေါ် အခြေအနေများ၌  အချိန်နှင့် တစ်ပြေး ညီ အသုံးပြုနိုင်ရန် အတွက် ဆောင်ရွက်ထားရှိရေး၊ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားကြရန် မှာကြားသည်။        ထို့နောက် ယာဉ်/ယန္တရားများကြံ့ခိုင်မှုအတွက် စမ်းသပ်မောင်းနှင်မှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...