Social Icons

Pages

Wednesday, December 12, 2018

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို အိန္ဒိယ သမ္မတ နိုင်ငံ သမ္မတနှင့်ဇနီးတို့အား ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆို

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို အိနိ္ဒယ သမ္မတ နိုင်ငံ သမ္မတနှင့်ဇနီးတို့အား ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆို
-
နေပြည်တော်   ဒီဇင်ဘာ ၁၁
-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရားဝင် ချစ်ကြည်ရေး ခရီးရောက်ရှိနေသော အိန္ဒိယ သမ္မတ နိုင်ငံ သမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ် နှင့်ဇနီး ရှရီမတီ ဆာဗီးတာကို ဗင့်ဒ်တို့သည် ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော်ရှိ   နိုင်ငံတော် သမ္မတ အိမ်တော်သို့ ရောက်ရှိလာရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့က ဂုဏ်ပြု အခမ်းအနားဖြင့်ကြိုဆိုကြသည်။ ထို့နောက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယ သမ္မတ နိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်တို့သည် ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးကာ ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံ အဖွဲ့ဝင်များနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား အပြီးတွင် အိန္ဒိယ သမ္မတ နိုင်ငံ သမ္မတ သည် နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်သည် တော် မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။ ထို့နောက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယ သမ္မတ နိုင်ငံ သမ္မတ  ရှရီရမ်နက်သ် ကိုဗင့်ဒ်တို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြသည်။ ယင်းနောက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် အိန္ဒိယ သမ္မတ နိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်တို့သည် နိုင်ငံတော် သမ္မတ အိမ်တော်သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေး ကြသည်။
-
တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့ နိုင်ရေးအတွက် သီးသန့် ကိုတာ (Quota) ခွင့်ပြုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ အကူအညီပေးရေး၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊   နေရောင်ခြည်စွမ်းအင်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊  နယ်စပ်ဒေသ ပြည်သူများ၏ ဘ၀လုံခြုံ အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဒေသ တွင်းနှင့် နိုင်ငံတကာတွင် အိမ်နီးချင်းကောင်း စိတ်ဓာတ်ဖြင့် အပြန်အလှန်ရိုင်းပင်း ကူညီရေး တို့အတွက် အကူအညီပေးရေး၊ ကုလားတန်မြစ် ဘက်စုံစီမံကိန်း အောင်မြင်စွာအကောင် အထည်ဖော်ရေး၊ ရခိုင်ပြည် နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ်စွန့်ခွာ သူများပြန်လည်နေရာချထားရေးအတွက် အိန္ဒိယ သမ္မတ နိုင်ငံ ဘက်မှ  ကူညီ ထောက်ပံ့ပေးနေမှုနှင့် ငလျင်ဒဏ်ကြောင့်  ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံဘုရားများ ပြုပြင် မွမ်းမံရေးတွင် အကူအညီ ပေးနေသည့် ကိစ နှစ်နိုင်ငံပြည်သူများ ပိုမိုရင်းနှီးချစ်ကြည်မှုနှင့်  ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲ တိုးတက် စေရေး၊  အိန္ဒိယ နိုင်ငံသား ခရီးသွားများအတွက် မြန်မာ နိုင်ငံဘက်မှ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ခြင်း ကိစ္စ တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြ သည်။
-
တွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးသောင်းထွန်း၊ ဦးဟန်ဇော်၊ ဦးကျော်တင်၊ အိန္ဒိယ သမ္မတ နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး  ဧည့်သည်တော် အိန္ဒိယ သမ္မတ နိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သမ္မတ နိုင်ငံသံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီ လည်းတက်ရောက်ကြ သည်။ တွေ့ဆုံပွဲအပြီးတွင်    နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတ နိုင်ငံ သမ္မတ  ရှရီရမ်နက်သ် ကိုဗင့်ဒ်တို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာများလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ကြသည်။
-
အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံတော် သမ္မတ နှင့် အိန္ဒိယ သမ္မတ နိုင်ငံ သမ္မတ တို့၏ရှေ့မှောက်၌ ၂၀၁၈-၂၀၂၁ ခုနှစ် ကာလ အတွက် အိန္ဒိယ သမ္မတ နိုင်ငံအစိုးရနှင့်  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရတို့ အကြား သိပ္ပံ နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက် မှုအစီအစဉ်ကို ပညာရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး နှင့်  အိန္ဒိယ သမ္မတ နိုင်ငံသံအမတ်ကြီး ရှရီ ဗစ်ခရမ်  မစ်ဆရီတို့က လည်းကောင်း၊   ပြည်ထောင်စု တရား သူကြီး ချုပ်ရုံးနှင့် အိန္ဒိယ သမ္မတနိုင်ငံ အမျိုးသား တရားစီရင်ရေး အကယ်ဒမီတို့အကြား လက်မှတ်ရေးထိုးသည့် မြန်မာ တရားသူကြီးများနှင့်    တရားရေး အရာရှိများအတွက်  သင်တန်းပေးခြင်းနှင့်  စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ နား လည်မှု စာချွန်လွှာကို ပြည်ထောင်စုတရားသူကြီးချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဦးကိုကိုနိုင်နှင့် အိန္ဒိယသမ္မတ နိုင်ငံ သံ အမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီတို့ကလည်းကောင်း လက်မှတ်ရေးထိုးပြီး   အပြန်အလှန် လဲလှယ်ကြသည်။
-
ဆက်လက်၍    ရခိုင်ပြည်နယ်မှနေရပ် စွန့်ခွာသွားသူများ ပြန်လည် နေရာချထားရေး အတွက် အိန္ဒိယဘက်မှ ထောက်ပံ့ ပေးလျက်ရှိသည့်   Prefabricated  Houses  အလုံး ၂၅၀  အနက်တည်ဆောက်ပြီးဖြစ်သည့် အိမ်အလုံး  ၅၀ ကို PB Board ဖြင့် အိန္ဒိယ သမ္မတ နိုင်ငံ ကိုယ်စား သံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီက  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးထံ လွှဲပြောင်း ပေးအပ်သည်။
-


#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...