Social Icons

Pages

Wednesday, December 12, 2018

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်
-
နေပြည်တော်   ဒီဇင်ဘာ   ၁၁
-
ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဒီဇင်ဘာ ၁ဝ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များ၊  အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့်အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် မြိတ်ဘောလုံး အဖွဲ့ချုပ်အသင်းနှင့် Myeik FC အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက်ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆု ရရှိသူများ၊ အသင်းလိုက်ဆု ရရှိကြသူများနှင့် ဆုဖလားရရှိသော Myeik FC အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုဖလားနှင့် ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်းသတင်းရရှိသည်။       
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...